မရမ်းချောင်အမြဲတမ်းစစ်ဆေးဂိတ် မုပ္ပလင်လမ်းဆုံသို့ ပြောင်းရွှေ့မည်

မရမ်းချောင်အမြဲတမ်းစစ်ဆေးဂိတ် မုပ္ပလင်လမ်းဆုံသို့ ပြောင်းရွှေ့မည်
Published 24 December 2017

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် မရမ်းချောင်ကျေးရွာတွင် တရားမဝင်ကုန်စည်များ စစ်ဆေးထိန်းချုပ်ရန် ဖွင့်လှစ်ထားသော မရမ်းချောင်း အမြဲတမ်းစစ်ဆေးဂိတ်ကို မုပ္ပလင်လမ်းဆုံသို့ ပြောင်းရွှေ့မည်ဟု မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောကြားသည်။

“လက်ရှိ စစ်ဆေးရေးစခန်းရှိနေတဲ့နေရာက တရားဝင်ကုန်စည်တွေ ရှောင်တိမ်းပြီး သွားလို့ရတဲ့ နေရာဖြစ်နေတယ်။ တရားမဝင် ကုန်စည်တွေ ရှောင်တိမ်းသွားနေကြတော့ ပတ်ဝန်းကျင်ကရွာတွေမှာ လမ်းတွေ၊ တံတားတွေ ပျက်စီးမှုတွေဖြစ်လာတယ်။ ဒါကြောင့် ဒီစစ်ဆေးရေးစခန်းကို ပြောင်းရွှေ့ဖို့စီစဉ်ခဲ့ တာဖြစ်ပါတယ်။ ပြောင်းရွှေ့ဖို့လည်း ပြည်ထောင်စုအစိုးရနဲ့ သဘောတူညီမှုရပြီးပြီ။ မကြာခင် ပြောင်းရွှေ့သွားပါမယ်” ဟု ဒေါက်တာအေးဇံက ပြောကြားသည်။

မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးဂိတ်အား ရှောင်တိမ်း၍သွားလာနေကြသော ကုန်တင်ယာဉ်များသည် ကျိုက်ထိုမြို့နယ် မဲရုံးကြီးလမ်းမှ ပျဉ်းကတိုးကုန်းလမ်းဆုံ၊ ထိုမှ သိမ်ဇရပ်သို့ သွားသောလမ်း၊ ကျိုက်ထိုမြို့နယ် ကွာလီကျေးရွာအရှေ့မှ ပျဉ်းကတိုးကုန်းလမ်းဆုံနှင့် သစ်ဆိပ့်ပင်ကျေးရွာမှ ခလွန်ကျေးရွာ၊ စွပ္ပနူးကျေးရွာမှ မုပ္ပလင်ကျေးရွာသို့သွားသော လမ်းများမှ ဖြတ်သန်းသွားလာနေကြသည်။

Most Read

Most Recent