ပွဲစား၏ လိမ်လည်ခြင်းခံရသူ မြန်မာနိုင်ငံသားခုနစ်ဦး မြဝတီမြို့သို့ ပြန်လည်ရောက်ရှိ

ပွဲစား၏ လိမ်လည်ခြင်းခံရသူ မြန်မာနိုင်ငံသားခုနစ်ဦး မြဝတီမြို့သို့ ပြန်လည်ရောက်ရှိ
Published 23 December 2017

ထိုင်းနိုင်ငံအတွင်း တရားဝင်အလုပ်ရမည်ဟုဆိုခြင်းကြောင့် ပွဲစားအား ကျပ်ငွေခြောက်သိန်းပေးပြီး ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့သော်လည်း တစ်လကြာသည့်တိုင် အထောက်အထားမရရှိ၍ မြန်မာနိုင်ငံသားခုနစ်ဦးမှာ မြဝတီမြို့သို့ ဒီဇင်ဘာ ၂၂ ရက်က ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။

မကွေးတိုင်းမင်းဘူးမြို့နယ်မှ ကိုမျိုးအပါအဝင် ခုနစ်ဦးသည် နိုဝင်ဘာ ၃ ရက်က ထိုင်းနိုင်ငံဘန်ကောက်သို့ သွားရောက်ခဲ့ပြီး စက်ရုံတစ်ရုံ၌ တစ်လခန့်အလုပ်လုပ်ကိုင်ခဲ့သော်လည်း အထောက်အထားမရှိ၍ အလုပ်ထုတ်ခံခဲ့ရခြင်းဖြစ်ကြောင်း ကိုမျိုးက ပြောကြားသည်။

မြောက်ဥက္ကလာပမြို့နယ်တွင် နေထိုင်သည့် မသန္တာဆိုသူအား ကျပ်ခြောက်သိန်းပေးခဲ့သော်လည်း တရားမဝင်ပို့ဆောင်ခဲ့သည့်အတွက် ၂၀၁၈ ခုနှစ်အဖမ်းအဆီးကာလကို စိုးရိမ်ကြောင့်ကြကာ ပြန်လာခဲ့သည်ဟု မြဝတီမြို့သို့ ပြန်လည်ရောက်ရှိလာသည့် ကိုမျိုးက ပြောကြားသည်။

“တရားဝင်သွားရမယ်။ အလုပ်လည်း တရားဝင်လုပ်ရမယ်ဆိုပြီး ပြောလို့သွာတာ။ ဟိုရောက်တော့ စာအုပ်လည်းမရ။ ၂၀၁၈ မှာ အဖမ်းအဆီးစတော့မယ်ဆိုတော့ ပြန်ပြေးလာရတာပေါ့။ မဲဆောက်ကပို့ပေးတာက စုလှိုင်ပါ။ မစုလှိုင် ပြောတာကတော့ ရန်ကုန်ကပွဲစား မသန္တာက ပတ်စ်ပို့စာအုပ်တွေလာမပို့လို့ တာဝန်မယူတော့ဘူးပြောတယ်။ ဒါကြောင့်လည်း ပြန်လာပြီး ကုန်ကျခဲ့တဲ့၊ ပွဲစားကိုပေးခဲ့ရတဲ့ ငွေတွေပြန်လည်ရရှိအောင် သက်ဆိုင်ရာကို တိုင်ကြားသွားမှာပါ” ဟု မြဝတီမြို့သို့ ရောက်ရှိလာသူ ကိုမျိုးက ပြောကြားသည်။

Most Read

Most Recent