ဆေးရုံသုံးကိရိယာများနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ကုန်သွယ်ခွင့်ပြုမှုတွင် ကုန်စည်လိုင်း ၈၃ မျိုး တိုးချဲ့တင်သွင်းခွင့်ပြု

ဆေးရုံသုံးကိရိယာများနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ကုန်သွယ်ခွင့်ပြုမှုတွင် ကုန်စည်လိုင်း ၈၃ မျိုး တိုးချဲ့တင်သွင်းခွင့်ပြု
Published 23 December 2017

နိုင်ငံခြားဖက်စပ်ကုမ္ပဏီနှင့် နိုင်ငံခြားကုမ္ပဏီများအား ဆေးရုံသုံးကိရိယာများနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံး ကုန်ပစ္စည်းများ တင်သွင်းခွင့်ကို ၂၀၁၆ ခုနှစ်အတွင်း တင်သွင်းခွင့်ပြုပြီးနောက် ကုန်စည်လိုင်း ၈၃ မျိုးကို ထပ်မံတိုးချဲ့တင်သွင်းခွင့်ပြုလိုက်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၂ ရက်တွင် ထုတ်ပြန်လိုက်သည်။

အမိန့်ကြော်ငြာစာအမှတ် ၆၃/၂၀၁၇ ဖြင့်ထုတ်ပြန်ခဲ့သည့် နိုင်ငံခြားဖက်စပ်ကုမ္ပဏီနှင့် နိုင်ငံခြားကုမ္ပဏီများအား တင်သွင်းရောင်းချခွင့်ပြုခဲ့သည့် ကုန်စည်လိုင်း ၈၃ မျိုးအတွက် HS Code ဖြင့်ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ထပ်တိုးတင်သွင်းရောင်းချခွင်ပြုခဲ့သည့် ကုန်စည်လိုင်းများမှာ ကျောက်တုံးနှင့် ကျောက်ပြားတွင်သုံးမျိုး၊ အိမ်သုတ်ဆေးနှင့် ပတ်တီးတွင် ကုန်စည်လိုင်းခုနစ်မျိုး၊ မှန်များတွင် ကုန်စည်လိုင်းလေးမျိုး၊ လုပ်ငန်းသုံးသံ၊ သံချောင်း၊ သံမဏိများတွင် ကုန်စည်လိုင်း ၄၇ မျိုး၊ သံဖြင့်ပြုလုပ်ထားသည့် ပိုက်အမျိုးမျိုးတွင် ကုန်စည်လိုင်း ၂၁ မျိုးနှင့် အလူမီနံယံတိုင်ကီတွင် ကုန်စည်လိုင်းတစ်မျိုးတို့ဖြစ်ကြောင်း သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကုန်သွယ်မှုနှင့်ပတ်သက်သည့် နိုင်ငံတကာလုပ်ထုံးလုပ်နည်းများ၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ စည်းမျဉ်းများနှင့် လက်ရှိပြောင်းလဲလာသော စီးပွားရေးအခြေအနေများအရ နိုင်ငံခြားဖက်စပ်ကုမ္ပဏီများအား ဓာတ်မြေသြဇာ၊ မျိုးစေ့၊ ပိုးသတ်ဆေးနှင့် ဆေးရုံသုံးကိရိယာများ၊ ကုန်သွယ်ခွင့်ပြုခြင်းကို အမိန့်ကြော်ငြာစာအမှတ် (၉၆/၂၀၁၅) ဖြင့်ခွင့်ပြုခဲ့ကြောင်း သိရသည်။

Most Read

Most Recent