မောင်တောမြို့တွင် ကျပ်သိန်း ၂၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများနှင့် ဘင်္ဂါလီနှစ်ဦးအား ဖမ်းဆီးရမိခဲ့ပြီး နောက်ဆက်တွဲ ဘင်္ဂါလီအမျိုးသမီးတစ်ဦးနှင့်အတူ စိတ်ကြွဆေးပြား အကြေမှုန့်များ ထပ်မံဖမ်းဆီးရမိ

မောင်တောမြို့တွင် ကျပ်သိန်း ၂၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများနှင့် ဘင်္ဂါလီနှစ်ဦးအား ဖမ်းဆီးရမိခဲ့ပြီး နောက်ဆက်တွဲ ဘင်္ဂါလီအမျိုးသမီးတစ်ဦးနှင့်အတူ စိတ်ကြွဆေးပြား အကြေမှုန့်များ ထပ်မံဖမ်းဆီးရမိ
Published 22 December 2017

မောင်တောမြို့တွင် ကျပ်သိန်း ၂၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများနှင့် ဘင်္ဂါလီနှစ်ဦးအား ဖမ်းဆီးရမိခဲ့ပြီး နောက်ဆက်တွဲ ဘင်္ဂါလီအမျိုးသမီးတစ်ဦးနှင့်အတူ စိတ်ကြွဆေးပြား အကြေမှုန့်များ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂၁ ရက် ညနေ ၃ နာရီခွဲခန့်တွင် မောင်တောမြို့ မြို့မတောင်ရပ်ကွက် မီးစက်ကြီးရှေ့လမ်းမပေါ်တွင် မူးယစ်ဆေးဝါးသတင်းအရ မောင်တောခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးထွန်းမြင့်ထွန်း၏ အနီးကပ် ကြီးကြပ်မှုဖြင့် လုံခြုံရေးပူးပေါင်းအဖွဲ့မှ သက်သေများနှင့် စောင့်ဆိုင်းနေကြစဉ် မောင်နီရွာဘက်မှ အဖြူရောင်ဆာလာအိတ် တစ်အိတ်အားထမ်းလျက် လမ်းလျှောက်လာသူ မောင်နီကျေးရွာနေ အာမီနူရ် (၃၅ နှစ်) (ဘ) ကာလာမျှာနှင့်အတူ တစ်ရွာတည်းနေ ဇာဖေါ့ အာမတ် (၅၀ နှစ်) (ဘ) ဆီးဒီးအာမတ်တို့အား တွေ့ရှိရာ မသင်္ကာသဖြင့် သက်သေများရှေ့တွင် စစ်ဆေးခဲ့ကြောင်း၊ ယင်းသို့စစ်ဆေးရာတွင် ဆာလာအိတ်အတွင်းမှ စိတ်ကြွမူးယစ်ဆေးပြားဟု ထင်ရသော WY/R စာတမ်း ရောရာပါ ပန်းရောင်ဆေးပြားစုစုပေါင်း ၁၁၅၀ ပြား၊ ကာလတန်ဖိုး ကျပ် ၂၃၀၀၀၀၀ ခန့်အား တွေ့ရှိ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အာမီနူရ်မှ ၎င်းဆေးပြားများမှာအတူ ပါလာသူ ဇာဖေါ့အာမတ်၏ ဆေးပြားများဖြစ်ကြောင်း ပြောပြသိရှိခဲ့ရသဖြင့် ဆေးပြားလက်ဝယ်တွေ့ရှိသူ အာမီနူရ်နှင့် ဇာဖေါ့အာမတ်တို့အား မောင်တောမြို့မရဲစခန်း မယ (ပ) ၁၉/၂၀၁၇ မူး/စိတ်ပြောင်း ပုဒ်မ ၁၅/၁၉ (က)/၂၁ အရ အမှုဖွင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ဖမ်းဆီးရမိသော တရားခံနှစ်ဦးမှ ဖမ်းဆီးရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား မြို့မတောင်ရပ်ကွက် (အလယ်) ရွာနေသူ ဟာရုံ (၃၂ နှစ်) (ဘ) အဒူကော်ဖူးထံမှ ဝယ်ယူလာခြင်းဖြစ်ကြောင်း ထွက်ဆိုသဖြင့် ညနေ ၅ နာရီတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ မြို့မတောင်ရပ်ကွက် (အလယ်ရွာ) နေသူ ဟာရုံ (၃၂ နှစ်) (ဘ) အဒူကော်ဖူး၏ နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ရာ ဟာရုံအား နေအိမ်တွင်မတွေ့ရှိဘဲ ၎င်း၏ဇနီးဖြစ်သူ ရှောင်ရှီတာဘေဂေါင် (၂၅ နှစ်) (ဘ) အဘူ ကာလာမ်အား တွေ့ရှိသဖြင့် နေအိမ်အား ဆက်လက်ရှာဖွေခဲ့ရာ နေအိမ်နောက်ဖေးခန်းအတွင်း အရှည်ခြောက်ပေခန့်ရှိ ကြက်သောင်းဝါးအတွင်း ထည့်ထားသော ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား အကြေမှုန့် အလေးချိန် တစ်ကီလိုခွဲကျော်အား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်းနှင့် အဆိုပါအမှုအား မောင်တောမြို့မရဲစခန်း မယ (ပ) ၂၀/၂၀၁၇၊ မူး/စိတ် ပုဒ်မ ၁၅/၁၉ (က)/၂၁ ဖြင့် အမှုဖွင့် အရေးယူခဲ့ကြောင်း သိရသည်။

Most Read

Most Recent