ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဦးသောင်းထွန်းနှင့်အဖွဲ့ မောင်တောနယ်စပ် တောင်ပြိုလက်ဝဲသို့သွားရောက်

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဦးသောင်းထွန်းနှင့်အဖွဲ့ မောင်တောနယ်စပ် တောင်ပြိုလက်ဝဲသို့သွားရောက်
Published 22 December 2017

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဦးသောင်းထွန်းနှင့်အဖွဲ့ မောင်တောနယ်စပ် တောင်ပြိုလက်ဝဲသို့ သွားရောက်ကြည်ရှု စစ်ဆေးစဉ်

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရန် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းနှင့်အဖွဲ့သည် ဒီဇင်ဘာ ၂၁ ရက် မွန်းလွဲပိုင်းက ရဟတ်ယာဉ်ဖြင့် တောင်ပြိုလက်ဝဲမြို့သို့ ရောက်ရှိခဲ့ပြီး ပြန်လည်လက်ခံရေးစခန်းများ တည်ဆောက်နေမှုကို ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

တောင်ပြိုလက်ဝဲမြို့တွင် တစ်ဖက်နိုင်ငံမှ ပြန်ဝင်လာသူများအား ယာယီလက်ခံရေး စခန်းများ၊ ဝန်ထမ်းများနေမည့် အဆောင်များကို တည်ဆောက်လျက်ရှိကြောင်း သိရသည်။

ယင်းမှတစ်ဆင့် ဝန်ကြီးများနှင့်အဖွဲ့သည် မြိုတိုင်းရင်းသားကျေးရွာလေးရွာ စုပေါင်းနေရာချထားရန် နေအိမ်များ ဆောက်လုပ်နေသည့် သစ်တုံးနားခွဆုံကျေးရွာသို့ သွားရောက်ပြီး နေရပ်စွန့်ခွာပြောင်းရွှေ့လာသည့် မြိုတိုင်းရင်းသားများနှင့် တွေ့ဆုံမေးမြန်းခဲ့သည်။

အဆိုပါသစ်တုံးနားကျေးရွာအနီး  တစ်ဖက်နိုင်ငံမှပြန်လာမည့် ဟိန္ဒူဘာသာဝင်များအား နေရာချထားမည့် နေရာနှင့် အိုးထိန်းကျေးရွာ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို ကြည့်ရှုခဲ့သည်။

ယင်းမှတစ်ဆင့် တစ်ဖက်နိုင်ငံမှ ပြန်လာသူများအား လက်ခံရေးစခန်းဖွင့်လှစ်မည့် ငါးခူရကျေးရွာသို့ သွားရောက်ကာယာယီလက်ခံရေး စခန်းဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ယင်းမှတစ်ဆင့် ကျီးကန်းပြင်နယ်ခြား စောင့်ရဲဌာနချုပ်သို့ရောက်ရှိပြီး ယင်းမှတစ်ဆင့် တစ်ဖက်နိုင်ငံမှ ပြန်လာသူများအား ကြားစခန်းအဖြစ် နေရာချထားမည့် လှဖိုးခေါင်ကျေးရွာသို့ မော်တော်ယာဉ်များဖြင့် သွားရောက်ပြီး မြေရာများကို ကြည့်ရှုခဲ့ကြောင်း သိရသည်။

မောင်တောမြို့နယ်၊ လှဖိုးခေါင်ကျေးရွာတွင် ယာယီတဲအိမ် ၆၂၅ လုံးကို လာမည့် ဇန်နဝါရီတွင် အပြီးသတ်စီစဉ်နေပြီဖြစ်ကြောင်း သိရသည်။ ပြည်ထောင်စုဝန်ကြီးများ ခရီးစဉ်တွင်  ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် အစိုးရအဖွဲ့မှ ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါခဲ့ကြောင်း သိရသည်။

ပြန်လည်လက်ခံရေးစခန်းများအား ဇန်နဝါရီနှင့် ဖေဖော်ဝါရီအတွင်း အပြီးအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပြန်လည်လက်ခံရေးစခန်းများ တည်ဆောက်မှုအခြေအနေများနှင့် ပတ်သက်ပြီး          ပြည်ထောင်စုဝန်ကြီးများ သိလိုသည်များကို ခရီးစဉ်တွင် လိုက်ပါလာသည့် လဝက အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်နှင့် ပြည်နယ်လဝက ဦးစီးဌာနမှူး ဦးအောင်မင်း ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့က ရှင်းလင်းပြောကြားသည်။ ခရီးစဉ်တွင် UNHCR မှ Senior Proction Officer ဖြစ်သူ Cecile လည်း လေ့လာသူအဖြစ် လိုက်ပါခဲ့သည်။

Most Read

Most Recent