w ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၁၅၇၀၀ ၀န်းကျင်နှင့် နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၃၅၉ ကျပ်ဝန်းကျင် ဆက်ရှိနေ - Eleven Media Group <

ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၁၅၇၀၀ ၀န်းကျင်နှင့် နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၃၅၉ ကျပ်ဝန်းကျင် ဆက်ရှိနေ

ကမ္ဘာ့ရွှေဈေးသည် ဒီဇင်ဘာ ၁၈ ရက်တွင် ဒေါ်လာ ၁၂၅၆ ဒေါ်လာအထိ ဆက်လက်မြင့်တက်ခဲ့ပြီး ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၁၅၇၀၀ ၀န်းကျင်ဖြစ်ပေါ်ခဲ့ကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။

ပြည်တွင်းရွှေဈေးသည် ပြီးခဲ့သည့်ဇူလိုင် ၂၁ ရက်မှစတင်ကာ ကျပ် ၉၀၀၀၀၀ အထက်ရောက်ခဲ့ပြီး ကမ္ဘာ့ရွှေဈေးမြင့်တက်မှုနှင့်အတူ စံချိန်တင်ဈေးနှုန်းများအဖြစ် သြဂုတ်လအတွင်းနှင့် စက်တင်ဘာလလယ်အထိ ဆက်တိုက်မြင့်တက်ခဲ့ကာ စက်တင်ဘာ ၁၅ ရက်တွင် ကျပ် ၉၅၇၃၀၀ ဖြင့် စံချိန်တင်ထားသည်။ ထို့နောက် စက်တင်ဘာ ၁၇ ရက်အထိ ကျပ် ၉၅၀၀၀၀ အထက်ရှိခဲ့ပြီး အောက်တိုဘာ ၃ ရက်တွင် ၉၂၂၁၀၀ အထိကျဆင်းခဲ့သည်။ အောက်တိုဘာ ၇ ရက်တွင် ကျပ် ၉၃၀၀၀၀ အထက်၊ အောက်တိုဘာ ၁၄ ရက်တွင် ကျပ် ၉၄၀၀၀၀ အထက်သို့ပြန်ရောက်ခဲ့ပြီး အောက်တိုဘာ ၂၃ ရက်တွင် ကျပ် ၉၃၀၆၀၀၊ အောက်တိုဘာ ၃၀ နှင့် နိုဝင်ဘာ ၁ ရက်တွင် ကျပ် ၉၂၉၂၀၀ အထိကျဆင်းခဲ့သည်။ နိုဝင်ဘာလဆန်းတွင် ကျပ် ၉၃၀၀၀၀ အောက်တွင်သာဆက်ရှိခဲ့ပြီး နိုဝင်ဘာ ၂၉ ရက်တွင် ကျပ် ၉၃၆၂၀၀ အထိရောက်ရှိခဲ့ကာ ဒီဇင်ဘာ ၆ ရက်တွင် ကျပ် ၉၂၆၁၀၀၊ ဒီဇင်ဘာ ၁၃ ရက်တွင် ကျပ် ၉၁၃၂၀၀၊ ဒီဇင်ဘာ ၁၅ ရက်တွင် ကျပ် ၉၁၄၅၀၀၊ ဒီဇင်ဘာ ၁၇ ရက်တွင် ကျပ် ၉၁၅၇၀၀ ၀န်းကျင်ဖြစ်ပေါ်ခဲ့သည်။

ပြီးခဲ့သည့်အောက်တိုဘာ တတိယပတ်တွင် ဒေါ်လာ ၁၃၀၀ အထက်ရှိသော ကမ္ဘာ့ရွှေဈေးနှုန်းသည် အောက်တိုဘာလကုန်ပိုင်းတွင် ဒေါ်လာ ၁၂၆၀ အထက်နှင့် ၁၂၇၀ အထက်တွင် အတက်အကျဖြစ်ပေါ်ခဲ့သည်။ နိုဝင်ဘာလအတွင်း အနိမ့်ဆုံးနှုန်းအဖြစ် နိုဝင်ဘာ ၃ ရက်တွင် ၁၂၆၆ ဒေါ်လာအထိကျဆင်းခဲ့ပြီး အမြင့်ဆုံးနှုန်းအဖြစ် နိုဝင်ဘာ ၂၉ ရက်တွင် ၁၂၉၆ ဒေါ်လာအထိ မြင့်တက်ခဲ့သည်။ နိုဝင်ဘာလအတွင်းဈေးနှုန်းများသည် ယခင်လများနှင့်နှိုင်းယှဉ်ပါက အတက်အကျနည်းပါးခဲ့ရာ ဒေါ်လာ ၃၀ သာဖြစ်ပေါ်ခဲ့သည်။ ဒီဇင်ဘာလဆန်းတွင် ကမ္ဘာ့ရွှေဈေးသည် အကျပိုင်းသို့ရောက်ခဲ့ပြီး ဒီဇင်ဘာ ၈ ရက်တွင် ၁၂၄၅ ဒေါ်လာအထိ၊ ဒီဇင်ဘာ ၁၃ ရက်တွင် ဒေါ်လာ ၁၂၃၈ အထိကျဆင်းခဲ့ကာ ဒီဇင်ဘာ ၁၅ ရက်တွင် ၁၂၅၄ ဒေါ်လာ၊ ဒီဇင်ဘာ ၁၈ ရက်တွင် ၁၂၅၆ ဒေါ်လာအထိ ပြန်တက်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ဒီဇင်ဘာ ၁၈ ရက်တွင် ကမ္ဘာ့ဒေါ်လာဈေးအညွှန်းကိန်း ၉၄ ပွိုင့်အောက် ပြန်လည်ရောက်ရှိလာပြီး နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၃၅၉ ကျပ်ဝန်းကျင်ဆက်ရှိနေကြောင်း နိုင်ငံခြားငွေကြေးရောင်းဝယ်သူများထံမှ သိရသည်။

December 18, 2017














Copy Protected by Chetan's WP-Copyprotect.