<

ကမ္ဘာ့ဒေါ်လာဈေးအညွှန်းကိန်း ၉၄ ပွိုင့်နီးပါးရောက်လာပြီး နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၃၅၉ ကျပ်ဝန်းကျင် ဆက်ရှိနေ

ဒီဇင်ဘာ ၁၅ ရက်တွင် ကမ္ဘာ့ဒေါ်လာ ဈေးအညွှန်းကိန်း ၉၄ ပွိုင့်နီးပါးသို့ ပြန်လည်ရောက်ရှိလာပြီး ဒီဇင်ဘာ ၁၆ ရက်တွင် နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၃၅၉ ကျပ်ဝန်းကျင် ဆက်ရှိနေကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်သူများထံမှ သိရသည်။

ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်းသည် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလနောက်ပိုင်း အနိမ့်ဆုံးနှုန်းထားအဖြစ် စက်တင်ဘာ ၈ ရက်တွင် ၉၁ ဒသမ ၀၁ ပွိုင့်အထိကျဆင်းခဲ့သည်။ ပြီးခဲ့သည့် ဇူလိုင် ၅ ရက်တွင် ၉၆ ဒသမ ၂၀ ပွိုင့်အထိ ဖြစ်ပေါ်ခဲ့သော်လည်း ဇူလိုင် ၆ ရက်မှစတင်ကာ ၉၆ ပွိုင့်အောက်၊ ဇူလိုင် ၁၈ ရက်တွင် ၉၅ ပွိုင့်အောက်၊ ဇူလိုင် ၂၁ ရက်တွင် ၉၄ ပွိုင့်အောက်၊ သြဂုတ် ၁ ရက်တွင် ၉၃ ပွိုင့်အောက်၊ သြဂုတ် ၂၉ ရက်တွင် ၉၂ ပွိုင့်အောက် ကျဆင်းခဲ့သည်။ စက်တင်ဘာ ၂၇ ရက်တွင် ၉၃ ပွိုင့်အထက်၊ အောက်တိုဘာ ၆ ရက်၌ ၉၄ ပွိုင့်အထက်ရောက်ရှိခဲ့သည်။ အောက်တိုဘာ ၂၆ ရက်မှစပြီး နိုဝင်ဘာ ၁၃ ရက်အထိ ၉၄ ပွိုင့်အထက်ရှိခဲ့ကာ နိုဝင်ဘာ ၁၄ ရက်တွင် ၉၄ ပွိုင့်အောက်၊ နိုဝင်ဘာ ၂၄ ရက်တွင် ၉၃ ပွိုင့်အောက်ဆင်းခဲ့ပြီး ဒီဇင်ဘာ ၈၊ ၁၂၊ ၁၃ ရက်တွင် ၉၄ ပွိုင့်အထက်သို့ ခေတ္တရောက်ပြီး ပြန်ဆင်းခဲ့သည်။

အမေရိကန်နိုင်ငံ ရွေးကောက်ပွဲပြုလုပ်ခဲ့သည့် ၂၀၁၆ ခုနှစ် နိုဝင်ဘာလနောက်ပိုင်း ဇန်န၀ါရီ ၃ ရက်တွင် ၁၀၃ ဒသမ ၈၂ ပွိုင့်အထိအမြင့်ဆုံးရောက်ရှိခဲ့ပြီး ၂၀၁၇ ခုနှစ် ဧပြီ ၁၈ ရက်နောက်ပိုင်းကတည်းက ၁၀၀ ပွိုင့်အောက်၊ မေ ၁၅ ရက်မှစတင်ကာ ၉၉ ပွိုင့်အောက် ရောက်ရှိခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သောဧပြီလအတွင်း အမြင့်ဆုံးနှုန်းထားမှာ ၁၀၁ ဒသမ ၂၂ ပွိုင့်ဖြစ်ပြီး မေလအတွင်း အမြင့်ဆုံးနှုန်းထားမှာ ၉၉ ဒသမ ၆၅ ပွိုင့်၊ ဇွန်လအတွင်း အမြင့်ဆုံးနှုန်းထားမှာ ၉၇ ဒသမ ၅၃ ပွိုင့်၊ ဇူလိုင်လအတွင်း အမြင့်ဆုံးနှုန်းထားမှာ ၉၆ ဒသမ ၂၀ ပွိုင့်၊ သြဂုတ်လအတွင်း အမြင့်ဆုံးနှုန်းထားမှာ ၉၄ ဒသမ ၀၁ ပွိုင့်၊ စက်တင်ဘာလအတွင်း အမြင့်ဆုံးနှုန်းမှာ ၉၃ ဒသမ ၃၇ ပွိုင့်၊ အောက်တိုဘာလအတွင်း အမြင့်ဆုံးနှုန်းထားမှာ ၉၄ ဒသမ ၉၄ ပွိုင့်၊ နိုဝင်ဘာလအတွင်း အမြင့်ဆုံးနှုန်းထားမှာ ၉၄ ဒသမ ၉၇ ပွိုင့်ဖြစ်သည်။

၂၀၁၇ ခုနှစ် မတ်လလယ်မှစတင်ကာ ကမ္ဘာ့ဒေါ်လာဈေးအညွှန်းကိန်း သိသိသာသာကျဆင်းခဲ့ခြင်းဖြစ်ပြီး ပြည်တွင်းဈေးကွက်အတွင်း လအလိုက်ဖြစ်ပေါ်သော နိုင်ငံခြားငွေလဲနှုန်းအနိမ့်ဆုံးနှင့် အမြင့်ဆုံးနှုန်းများမှာ မတ်လတွင် ၁၃၅၇-၁၃၆၆ ကျပ်၊ ဧပြီလတွင် ၁၃၄၇-၁၃၆၁ ကျပ်၊ မေလတွင် ၁၃၄၈-၁၃၆၃ ကျပ်၊ ဇွန်လတွင် ၁၃၅၀-၁၃၆၁ ကျပ်၊ ဇူလိုင်လတွင် ၁၃၅၅-၁၃၆၃ ကျပ်၊ သြဂုတ်လတွင် ၁၃၅၃-၁၃၅၈ ကျပ်၊ စက်တင်ဘာလတွင် ၁၃၄၈-၁၃၅၆ ကျပ်၊ အောက်တိုဘာလတွင် ၁၃၄၉-၁၃၅၈ ကျပ်တို့ဖြစ်သည်။

December 16, 2017














Copy Protected by Chetan's WP-Copyprotect.