မုန်တိုင်းအရှိန်နှင့် မိုးရွာသွန်းမှုများသောကြောင့် ကြက်သွန်နီစိုက်ခင်းများ ပျက်စီးသည့်အတွက် မြစ်သားနှင့် နွားထိုးကြီးဒေသထွက် ကြက်သွန်နီများ အရည်အသွေးကျပြီး ဈေးကောင်းမရ ဖြစ်နေ

မုန်တိုင်းအရှိန်နှင့် မိုးရွာသွန်းမှုများသောကြောင့် ကြက်သွန်နီစိုက်ခင်းများ ပျက်စီးသည့်အတွက် မြစ်သားနှင့် နွားထိုးကြီးဒေသထွက် ကြက်သွန်နီများ အရည်အသွေးကျပြီး ဈေးကောင်းမရ ဖြစ်နေ
Published 15 December 2017

မန္တလေးတိုင်းဒေသကြီးတွင် ပြီးခဲ့သည့်လပိုင်းက မုန်တိုင်းအရှိန်နှင့် မိုးသည်းထန်းစွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် နွားထိုးကြီးမြို့နယ်ရှိ ကြက်သွန်နီ စိုက်ခင်းများ၊ မြစ်သားမြို့နယ်ရှိ အနိမ့်ပိုင်းဒေသမှ ကြက်သွန်နီ စိုက်ခင်းများက ရေနစ်မြုပ်ပျက်စီးခဲ့ကြောင့် မြစ်သားမြို့နယ်နှင့် နွားထိုးကြီးဒေသထွက် ကြက်သွန်နီများ အရည်အသွေးကျပြီး ဈေးကောင်းမရ ဖြစ်နေသည်ဟု မန္တလေးမြို့ ကြက်သွန်နီ ကုန်သည်များထံက သိရသည်။

“ဒါပေမဲ့ ပစ္စည်းတွေက ပြီးခဲ့သည် မုန်တိုင်းကြောင့် ဖျက်ဆီးထားသည့်အတွက် ပစ္စည်းတွေက ဈေးသာရှိတာ ပစ္စည်းတွေ အရေအသွေး အရမ်းနိမ့်ကြသည့်အတွက် ဝယ်လက်ကည်း အရည်အသွေး မကောင်းတော့ များများမဝယ်ရဲကြဘူးပေါ့။ လိုအပ်သလောက်ပဲ ဝယ်တယ်။ စာသုံးသူပမာဏ အရမ်းကြီးပဲ ကျသွားတယ်” ဟု ရွှေမန်းလှ ကြက်သွန်နီပွဲရုံမှ ဦးဝင်းမြင့်က ဆိုသည်။

မန္တလေးသို့ နေ့စဉ် မြစ်သားကြက်သွန်များ တစ်နေ့ကုန်ချိန် သုံးသောင်းနှင့် ငါးသောင်းအကြား နေ့စဉ် ပုံမှန်ဝင်ရောက်နေပြီး ထိပ်စ ၂၁၀၀ ကနေ အောက်စ ၈၀၀ နှင့် ၁၀၀၀ အထိ ဈေးနူန်းရှိကြောင်း သိရသည်။

“မြန်မာကြက်သွန် မြစ်သားကလည်း မိုးထဲရေထဲမှာ တူးရသည့်အတွက် အရည်အသွေး မကောင်းသည့်အတွက် တဖြည်းဖြည်းချင်း မနေ့ကဆို ထိပ်စ ၁၅၀၀ ကျော် ကျသွားပြီးတော့ မိုးပြန်ကျလာတာကြောင့် မန္တလေးဘက် အဝင် ပြန်ပါးသွားတယ်။ အဲဒီတော့ ကျွန်တော်တို့လည်း ထိပ်ဈေး ၂၀၀၀ နဲ့ ၂၁၀၀ ပြန်စွဲပြီး ရောင်းတယ်။ ဈေးကွက်ကတော့ မတက်နိုင်ဘူး။ နယ်စုံရင် ကျသွားဖို့ရှိတယ်။ တရုတ်ကြက်သွန်နီသွင်းလည်း ဈေးကျမှာပဲ မသွင်းလည်း ဈေးကျမှာပဲ အခုအနေအထားက အရည်အသွေး မကောင်းသည့်အတွက် တောင်သူရော ကုန်သည်ရော ရောင်းသူဝယ်သူ အားလုံးအဆင်မပြေကြဘူး။ အရောင်းအဝယ် ကောင်းကောင်းမဖြစ်ဘူး ဖြစ်နေတယ်။ အဓိက အရည်အသွေးမကောင်းလို့ ဈေးမရကြတာပေါ့” ရွှေမန်းလှပွဲရုံမှ ဦးဝင်းမြင့်က ပြောကြားသည်။

တရုတ်ကြက်သွန်နီကလည်း ၂၀၁၇ ခုနှစ် ခြောက်လပိုင်းက စသွင်းနေတာ ခုချိန်ထိ မန္တလေးဈေးကွက်ကို တစ်နေ့တွဲကား ၁၀ စီးခန့် နေ့တိုင်းဝင်ရောက်နေပြီး ကိုင်တန်း ဈေးကြက်သွန်ပွဲရုံတန်း ဈေးကွက်ကနေ နယ်ပေါင်းစုံ ဖြန့်ကြက်ရှိပြီး တရုတ်ကြက်သွန်နီမှာ တစ်ပိဿာလျှင် ကျပ် ၈၀၀ ဈေးရှိကြောင်း သိရသည်။

Most Read

Most Recent