သွားလာရန်ခက်ခဲပြီး စီးပွားရေးအရ အရေးပါသော မေယုတောင်ဖြတ်ကျော်မြေသားလမ်းအား ၂၀၁၇-၂၀၁၈ တွင် အမာခံလမ်းအဖြစ် လုပ်ဆောင်မည်

သွားလာရန်ခက်ခဲပြီး စီးပွားရေးအရ အရေးပါသော မေယုတောင်ဖြတ်ကျော်မြေသားလမ်းအား ၂၀၁၇-၂၀၁၈ တွင် အမာခံလမ်းအဖြစ် လုပ်ဆောင်မည်
Published 15 December 2017

မောင်တောမြို့နယ် အင်းဒင်-ကျောက်ပန္ဒူကျေးရွာသို့ ဆက်သွယ်မည့် မေယုတောင် ဖြတ်ကျော်မြေသား လမ်းဖောက်လုပ်နေမှုကို တွေ့ရစဉ်

သွားလာရန်ခက်ခဲပြီး စီးပွားရေးပါသော စေတီပြင်ကျေးရွာမှ မောင်တောမြို့နယ် အင်းဒင်-ကျောက်ပန္ဒူကျေးရွာသို့ ဆက်သွယ်မည့် မေယုတောင် ဖြတ်ကျော်မြေသားလမ်း ဖောက်လုပ်မှုကို ဆက်လက်လုပ်ဆောင်လျက်ရှိပြီး ၂၀၁၇-၂၀၁၈ တွင် အမာခံလမ်းအဖြစ် လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါလမ်းနှင့်ပတ်သက်ပြီး ရသေ့တောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဦးသန်းနိုင်က “အရှည် ၁၄ မိုင်ရှိတဲ့ လမ်းဖြစ်ပါတယ်။ မေယုတောင်ကိုဖြတ်ကျော်ပြီး ဖောက်လုပ်ထားတာဖြစ်တဲ့အတွက် သွားလာရေး လမ်းကြောင်းသစ်တစ်ခုလည်း ဖြစ်တယ်။ အရေးအကြောင်းဆိုရင် တစ်ဖက်နဲ့တစ်ဖက် လုံခြုံရေးပဲဖြစ်ဖြစ် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးပဲဖြစ်ဖြစ် ကူညီပေးနိုင်တဲ့ လမ်းဖြစ်တယ်။ သြဂုတ်လဖြစ်စဉ်မှာဆိုရင် ကျွန်တော်တို့က လိုက်ပြီးမကူညီနိုင်ခဲ့ဘူး။ လမ်းမရှိလို့ပေါ့။ အခုဆိုရင် စေတီပြင်တိုက်နဲ့ အင်းဒင်တိုက်နယ်တစ်ခုလုံးကလူတွေ အားထားရတဲ့ လမ်းဖြစ်လာမှာပါ။ ရသေ့တောင် ချောင်းကို တံတားထိုးလိုက်တာနဲ့ ရသေ့တောင်အထိ သွားလာနိုင်မှာဖြစ်တယ်။ အရေးပါတဲ့ တောင်ကျော်လမ်းတစ်ခု ဖြစ်တယ်ဆိုတာကို တွေ့ရပါတယ်။ ၂၀၁၇-၂၀၁၈ မှာ အောက်ခံလမ်းမာလာတာနဲ့ အမာခံလမ်း (ကွန်ကရစ်) အဖြစ်လုပ်သွားဖို့ ရှိပါတယ်” ဟု ပြောကြားသည်။

အဆိုပါလမ်းမှာ ပေ ၄၀ အကျယ်ရှိပြီး စက်ယန္တရားများဖြင့် ဖောက်လုပ်နေခြင်းဖြစ်ကြောင်း၊ သြဂုတ်လအတွင်း ဘင်္ဂါလီအကြမ်းဖက်သမားများက တိုင်းရင်းသားကျေးရွာများမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်ကြစဉ် လမ်းမရှိသည့်အတွက် မေယုတောင်ကို ဖြတ်ကျော်ထွက်ပြေးခဲ့ရမှုလည်း ရှိခဲ့သဖြင့် မော်တော်ယာဉ်များသွားလာနိုင်အောင် လုပ်ဆောင်ပေးခြင်းဖြစ်ကြောင်းနှင့် ပြည်ထောင်စု သီးသန့်ရန်ပုံငွေဖြင့် ဖောက်လုပ်မည်ဖြစ်ကြောင်း သိရသည်။

မေယုဒေသအတွင်း မေယုတောင် အနောက်ဘက်ခြမ်း၌ အငူမော်မှ မောင်တော- ကြိမ်ချောင်းထိ ယခင်ဖောက်လုပ်ထားသော လမ်းကိုလည်း ကွန်ကရစ်လမ်းအဖြစ် ယခုနှစ်တွင် အဆင့်မြင့် လုပ်ဆောင်သွားမည်ဟုသိရပြီး မေယုတောင်အရှေ့ခြမ်းတွင် အငူမော်မှ စေတီပြင်-ညောင်ချောင်း-ဘူးသီးတောင်အထိ လမ်းမကြီးတစ်ခုကိုလည်း ကျေးလက်ဦးစီးဌာနက တာဝန်ယူဖောက်လုပ်သွားရန်ရှိ ကြောင်းလည်း သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် မောင်တောခရိုင်အတွင်း တောင်ကျော်လမ်းများအဖြစ် ကျောက်ပန္ဒူ-အင်းဒင်-စေတီပြင် တောင်ကျော်လမ်းသစ်နှင့် ကြိမ်ချောင်း-ဂုပ္ပိတောင့် တောင်ကျော်လမ်းသစ်ကို ဖောက်လုပ်သွားမည်ဖြစ်ပြီး ဘူးသီးတောင်- သပိတ်တောင်-ညောင်ချောင်း-အောင်ဇေယျ-အငူမော်လမ်းကိုလည်း အဆင့်မြှင့်တင်တိုးချဲ့သွားမည်ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent