မောင်တောမြို့သို့ သွားရောက်မည့် ယာဉ်တစ်စီးပေါ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသုံး တာကာငွေများနှင့်အတူ ဘင်္ဂါလီနှစ်ဦးအား ဖမ်းဆီးရမိ

မောင်တောမြို့သို့ သွားရောက်မည့် ယာဉ်တစ်စီးပေါ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသုံး တာကာငွေများနှင့်အတူ ဘင်္ဂါလီနှစ်ဦးအား ဖမ်းဆီးရမိ
Published 12 December 2017

မောင်တောမြို့နယ် တောင်ပိုင်း ပဒင်းကျေးရွာအုပ်စုမှ မောင်တောမြို့သို့ သွားရောက်မည့် ယာဉ်တစ်စီးပေါ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသုံး တာကာငွေများနှင့်အတူ ဘင်္ဂါလီ နှစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁၁ ရက် နံနက် ၉ နာရီခန့်တွင် နယ်မြေ (၇) ကွပ်ကဲမှုအောက်ရှိ နူရူလ္လာရဲကင်းစခန်းမှ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ယာဉ်များအား ရှောင်တခင်စစ်ဆေးရာ ပဒင်းကျေးရွာအုပ်စုမှ မောင်တောမြို့သို့သွားမည့် ယာဉ်တစ်စီးပေါ်ရှိ ယာဉ်၏ရှေ့ခန်း ဒက်ရှ်ဘုတ်အတွင်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသုံးငွေ တာကာ ၅၀၀ တန် ရွက် ၉၀ အား စစ်ဆေးရှာဖွေ တွေ့ရှိခဲ့ကြောင်း၊ ထို့နောက် ဆက်လက်စစ်ဆေး မေးမြန်းရာ အဆိုပါ ငွေများမှာ ယာဉ်ပေါ်ပါ မောင်တောမြို့နယ် ပဒင်းအုပ်စု၊ ပဒင်းကညင်တန်းကျေးရွာနေ ရှော်ဖီအာမောက် (၃၉ နှစ်) ပိုင် ငွေများဖြစ်သည်ဟု စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း လုံခြုံရေး တပ်ဖွဲ့ဝင်များထံမှ သိရသည်။

ဘင်္ဂလားဒေ့ရှ်ငွေ သယ်ဆောင်လာသူ ရှော်ဖီအာမောက်နှင့် မောင်တောမြို့ (၂) ရပ်ကွက်တွင် နေထိုင်သည့် ယာဉ်မောင်း မော်ဂျူအူလာ (၂၆ နှစ်) တို့ထံမှ သိမ်းဆည်းရမိသော တာကာငွေ ၅၀၀ တန် အရွက် ၉၀၊ မောင်းနှင်လာသည့် 4L/ ---- ပရိုဘောက် အဖြူရောင်ယာဉ်တစ်စီး၊ ယာဉ်မှတ်ပုံတင် သက်သေခံ လက်မှတ်တစ်ရွက်၊ ပရီမီယံကြေးပေးသွင်းမှု မှတ်တမ်းစာအုပ်တစ်အုပ်၊ ကားသော့တစ်ချောင်းတို့အား သိမ်းဆည်းရမိပြီး အမှုဖွင့် စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent