နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ပိုမိုခွင့်ပြုမည့် ဥပဒေတစ်ရပ်ကို မြန်မာနိုင်ငံက ရွှေ့ဆိုင်းထားမည်

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ပိုမိုခွင့်ပြုမည့် ဥပဒေတစ်ရပ်ကို မြန်မာနိုင်ငံက ရွှေ့ဆိုင်းထားမည်
Published 12 December 2017

နောက်ထပ် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို တံခါးဖွင့်ပေးမည့် ရေရှည်စောင့်မျှော်နေကြသည့် ပြုပြင်ပြောင်းလဲမှုတစ်ရပ်ကို မြန်မာနိုင်ငံက ရွှေ့ဆိုင်းထားမည်ဖြစ်ကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူ နှစ်ဦးက ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးစီမံခန့်ခွဲမှုများအပေါ် သံသယများ ကြီးထွားလာနေသည့်အကြား ငွေကြေး လိုအပ်နေသည့် လုပ်ငန်းများအား ယင်းဆုံးဖြတ်ချက်က စိတ်ပျက်စေဖွယ်ရှိသည်။

မြန်မာကုမ္ပဏီများ၌ နိုင်ငံခြားကုမ္ပဏီများ အနေဖြင့် ရှယ်ယာ ၃၅ ရာခိုင်နှုန်းအထိ ထည့်ဝင်ခြင်းကို ခွင့်ပြုမည့် ကော်ပိုရေးရှင်းများနှင့် ပတ်သက်သော ပြုပြင်ပြောင်းလဲမှုကို ရွှေ့ဆိုင်းလိုက်ခြင်းသည် ဒေါ်အောင်ဆန်းစုကြည် အစိုးရလက်အောက်၌ ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်အပေါ် ထိုးနှက်ချက်အသစ်တစ်ရပ် ဖြစ်စေဖွယ်ရှိသည်။

စစ်အုပ်ချုပ်ရေးအောက်၌ ဆယ်စုနှစ်များ ချီလျက်ကြာအောင် အထီးကျန်ခဲ့ရပြီးနောက် စီးပွားရေးပြုပြင်ပြောင်းလဲမှုသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းမှုကို ဖော်ဆောင်ရာ၌ ဒေါ်အောင်ဆန်းစုကြည်၏ အဓိက ရည်မှန်းချက်တစ်ရပ်လည်း ဖြစ်သည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်မည့် ပြုပြင်ပြောင်းလဲရေး အစိုးရတစ်ရပ် ဖြစ်စေရမည်ဟု ကတိပြုထားသော ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် တုန်လှုပ်ဖွယ် စိန်ခေါ်မှုကို ရင်ဆိုင်နေရကြောင်း မီးမောင်းထိုးပြသည့် ယင်းရွှေ့ဆိုင်းမှုမှာ ခြိမ်းခြောက်မှုအောက်သို့ ရောက်ရှိနေသည်။

ဘင်္ဂါလီလူနည်းစုအပေါ် ဆက်ဆံခဲ့ပုံနှင့် ပတ်သက်၍ ရေရှည်ချည့်နဲ့ခဲ့သည့် မြန်မာနိုင်ငံ၏ စီးပွားရေးကို မူလနေရာသို့ ပြန်လည်ရောက်ရှိရန် ပိတ်ဆို့မှုများ ချမှတ်မည်ကို ရင်းနှီးမြှုပ်နှံသူများက စိုးရိမ်နေကြပြီး မြန်မာနိုင်ငံအတွက် အချို့သော အကူအညီ အထောက်အပံ့များကို ဆိုင်းငံထားနှင့်ပြီး ဖြစ်သည်။

ယခင် စစ်အစိုးရဟောင်းက စီမံခန့်ခွဲမှု အလွဲများဖြင့် ဆယ်စုနှစ်များ ချီလျက်ကြာအောင် အုပ်ချုပ်ခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ များစွာလိုအပ်နေသော နိုင်ငံခြားအရင်းအနှီးများကို ဆောင်ကြဉ်းပေးနိုင်သည့် မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေတစ်ရပ်ကို လွန်ခဲ့သည့် သီတင်းပတ်အတွင်းက အစပြုမည့် နေ့စွဲမပါဘဲ နိုင်ငံတော်သမ္မတဦးထင်ကျော်က အတည်ပြုပေးခဲ့သည်။

သို့သော် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီအုပ်ချုပ်မှုဆိုင်ရာ မြန်မာနိုင်ငံညွှန်ကြားမှုအဖွဲ့ (DICA) အကြီးအကဲ ဦးအောင်နိုင်ဦးက မြန်မာအာဏာပိုင်များသည် ယင်းဥပဒေစည်းမျဉ်းအသစ်များကို ၂၀၁၈ ခုနှစ် သြဂုတ်လအထိ အကောင်အထည်ဖော်ရန် အဆင်အသင့် ဖြစ်နိုင်မည်မဟုတ်ကြောင်း ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။ ဥပဒေနှင့် ပတ်သက်သော စည်းမျဉ်းစည်းကမ်းများကို အဆင်အသင့်ပြင်ခြင်းနှင့် အကောင်အထည်ဖော်ရန် အဓိကကျသော ကုမ္ပဏီမှတ်ပုံတင်ခြင်းတို့ ပြီးပြည့်စုံပြီးမှသာ အကောင်အထည် ဖော်နိုင်လိမ့်မည်ဟု ဆိုသည်။

“ကျွန်တော်တို့ ဒီဥပဒေကို ဖြစ်နိုင်သမျှ အမြန်ဆုံး အကောင်အထည်ဖော်ဖို့ တကယ်ကို လိုလားပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အတွက် လုပ်စရာအရာ အများကြီး ရှိနေပါတယ်” ဟု ဦးအောင်နိုင်ဦးက ပြောကြားခဲ့ပြီး မည်ကဲ့သို့သော စည်းမျဉ်းစည်းကမ်းများ လိုအပ်သည်ဆိုခြင်းကို အသေးစိတ်ဖော်ပြရန် ငြင်းဆိုခဲ့သည်။ သူက အစိုးရအနေဖြင့် အကောင်အထည်ဖော်ခြင်းအား သြဂုတ် ၁ ရက်ထက် ပို၍နောက်မကျစေရန် အာမခံနိုင်လိမ့်မည်ဟု ဆိုသည်။ “ဒီပြုပြင်ပြောင်းလဲမှုဟာ လမ်းကြောင်းမှန်ပေါ်မှာ ရှိနေတယ် ဆိုတာကတော့ ကျွန်တော်တို့ အာမခံနိုင်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

DICA ၏ ညွှန်ကြားရေးမှူး ဦးမျိုးမင်းက အာရှဖွံ့ဖြိုးရေးဘဏ်က ပွင့်လင်းမြင်သာမှုကို မြှင့်တင်ရန် မြန်မာနိုင်ငံ၏ ကုမ္ပဏီမှတ်ပုံတင်ခြင်းကို အီလက်ထရွန်နစ်နည်းဖြင့် မွမ်းမံရန် စတင်တွန်းအားပေးမှုဖြစ်သော ပထမဆုံး ခေတ်သစ်အွန်လိုင်း မှတ်ပုံတင်မှုအတွက် လမ်းညွှန်မှုနှင့် ကျင့်သုံးရေးလက်စွဲ ပြုစုရန် အာဏာပိုင်များအနေဖြင့် အချိန် ရှစ်လယူရမည်ဟု ပြောကြားခဲ့သည်။

ဥပဒေတွင် ခေတ်သစ်ကော်ပိုရေးရှင်းများ အုပ်ချုပ်မှုဆိုင်ရာ ပထမဆုံးစည်းမျဉ်းတစ်စုံ ပါဝင်ပြီး အချို့အပိုင်းများတွင် ရာစုနှစ် တစ်ခုကျော်ကြာပြီးဖြစ်သည့် စည်းမျဉ်းစည်းကမ်းများကို နိုင်ငံတကာစံနှုန်းများနှင့် နီးစပ်သော စည်းမျဉ်းစည်းကမ်းဆိုင်ရာ လုပ်ငန်းမူဘောင်ဖြစ်အောင် အစားထိုးပြုပြင်ထားသည်။

နိုင်ငံခြားသားများအား ပြည်တွင်းကုမ္ပဏီများ၌ ရှယ်ယာ ၃၅ ရာခိုင်နှုန်းအထိ ထည့်ဝင်မှုကို ခွင့်ပြုသည့် အပိုဒ်တစ်ပိုဒ်သည် ပြည်တွင်းလုပ်ငန်းများအား အရင်းအနှီး ပို၍များစွာ သုံးစွဲခွင့်ရနိုင်စေပြီး ဘဏ်လုပ်ငန်းမှသည် အိမ်ခြံမြေလုပ်ငန်းအထိ ငွေကြေးထည့်ဝင်ရန် အရေးပေါ် လိုအပ်နေသည့် ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မည့်သူများနှင့် အရင်းအနှီးရှာမည့်သူများကို တံခါးဖွင့်ပေးနိုင်သည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို လျစ်လျူပြုသည်ဟု ဝေဖန်ခံနေရချိန်တွင် များစွာမျှော်လင့်ထားကြသော ယခုပြုပြင်ပြောင်းလဲမှု ကြန့်ကြာမည်ဟု ထွက်ပေါ်လာခြင်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီက ဒေသတွင်း အဆင်းရဲဆုံးနိုင်ငံတစ်နိုင်ငံတွင် လွန်ခဲ့သည့်နှစ်က စတင်တာဝန်ယူခဲ့ပြီးနောက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့် GDP ကြီးထွားမှု နှစ်ရပ်စလုံးသည် နှေးကွေး၍ သွားခဲ့သည်။

Ref: Reuters

Most Read

Most Recent