မိတ္ထီလာမြို့နေ အမျိုးသမီးတစ်ဦးအား မှုခင်းသတင်းထောက်ကတ်ပြား ကိုင်ဆောင်ထားသူများက လိမ်လည် ခြိမ်းခြောက်ပြောဆိုမှု ဖြစ်ပွား

မိတ္ထီလာမြို့နေ အမျိုးသမီးတစ်ဦးအား မှုခင်းသတင်းထောက်ကတ်ပြား ကိုင်ဆောင်ထားသူများက လိမ်လည် ခြိမ်းခြောက်ပြောဆိုမှု ဖြစ်ပွား
Published 12 December 2017

၂၀၁၇ ခုနှစ် နိုဝင်ဘာ ၁ ရက်က မိတ္ထီလာမြို့ ပြည်သာယာရပ်ကွက်နေ ဒေါ်မိမိခိုင် အသက် (၄၅) နှစ်သည် နေအိမ်တွင်ရှိနေစဉ် နေပြည်တော်မူးယစ်အထူးတပ်ဖွဲ့မှဟု ပြောဆိုကာ မိတ္ထီလာမြို့ ပြည်သာယာတောင်၊ (၃) လမ်းရှိ ငွေပိုးဝင်မိုတယ်သို့ လာရောက် တွေ့ဆုံရန် ဖုန်းဆက်ခေါ်ယူသဖြင့် အဖော်ဖြစ်သူ မသန်းသန်းနှင့်အတူ သွားရောက်ခဲ့ရာ အမည်မသိ အမျိုးသားသုံးဦးနှင့် အမျိုးသမီးတစ်ဦးအား တွေ့ရပြီး ၎င်းတို့မှာ နေပြည်တော် မူးယစ်တပ်ဖွဲ့မှဖြစ်ကြောင်း ဒေါ်မိမိခိုင်သည် မူးယစ်ဆေးဝါး ရောင်းချနေကြောင်း အမည်ထွက်နေသဖြင့် တစ်ရက်နှစ်ရက်နေလျှင် နေပြည်တော်သို့ခေါ်ကာ စစ်ဆေးရေးလုပ်မည်ဟုပြော၍ ကိုသိန်းရွှေနှင့်အမှုအား ကျေအေးပေးရန် ပြောကြားသဖြင့် ဒေါ်မိမိခိုင်က အကျိုးအကြောင်း မေးမြန်းခဲ့ရာ ဒေါ်မိမိခိုင်နှင့် အမှုဖြစ်ပွားနေသော ကိုသိန်းရွှေခိုင်းသဖြင့် လုပ်ရကြောင်း သိရှိပြီးနောက်မှ စုံစမ်းသိရှိရသည်မှာ လယ်ဝေးမြို့နေ ကိုသိန်းဇော်ထွန်း အသက် (၃၄) နှစ်၊ ကိုသိန်းမြင့်ဦး အသက် (၂၂) နှစ်၊ ဦးအောင်မြင့်ဦး အသက် (၄၉) နှစ်၊ နေပြည်တော်နေ မသန်းသန်းဦး အသက် (၄၉) နှစ်တို့ဖြစ်ကြောင်း သိရှိရပြီး ခြိမ်းခြောက်ရန် စေခိုင်းသူ မိတ္ထီလာမြို့ ပြည်သာယာရပ်ကွက်နေ ကိုသိန်းရွှေ အသက် (၄၉) နှစ်တို့အား အရေးယူပေးပါရန် ဒီဇင်ဘာ ၁၀ ရက်တွင် အမှုဖွင့် တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း ကနဦး စစ်ဆေးချက်အရ သိရသည်။

Most Read