ကမ္ဘာ့ရွှေဈေး ဒေါ်လာ ၁၂၅၀ ဝန်းကျင် ပြန်ရောက်ပြီး ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၁၇၀၀၀ ဝန်းကျင် ပြန်တက်

ကမ္ဘာ့ရွှေဈေး ဒေါ်လာ ၁၂၅၀ ဝန်းကျင် ပြန်ရောက်ပြီး ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၁၇၀၀၀ ဝန်းကျင် ပြန်တက်
Published 12 December 2017

ကမ္ဘာ့ရွှေဈေးသည် ဒီဇင်ဘာ ၁၁ ရက်တွင် ၁၂၅၀ ဒေါ်လာဝန်းကျင်ပြန်ရောက်လာပြီး ပြည်တွင်းဈေးကွက်တွင် ဒီဇင်ဘာ ၁၁ ရက်က ကျပ် ၉၁၇၀၀၀ ဝန်းကျင်အထိ ပြန်တက်ခဲ့ကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။

ကမ္ဘာ့ရွှေဈေးသည် ဒီဇင်ဘာလဆန်းကတည်းက အားပျော့လျက်ရှိရာ တစ်ပတ်အတွင်း ၂ ဒသမ ၅ ရာခိုင်နှုန်းကျဆင်းပြီး လေးလတာအတွင်း အနိမ့်ဆုံးဈေးသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့် ဇူလိုင် ၂၁ ရက်မှစတင်ကာ ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၀၀၀၀၀ အထက်ရောက်ခဲ့ပြီး ကမ္ဘာ့ရွှေဈေးမြင့်တက်မှုနှင့်အတူ စံချိန်တင်ဈေးနှုန်းများအဖြစ် သြဂုတ်လအတွင်းနှင့် စက်တင်ဘာလလယ်အထိ ဆက်တိုက်မြင့်တက်ခဲ့ကာ စက်တင်ဘာ ၁၅ ရက်တွင် ကျပ် ၉၅၇၃၀၀ ဖြင့် စံချိန်တင်ထားသည်။ ထို့နောက် စက်တင်ဘာ ၁၇ ရက်အထိ ကျပ် ၉၅၀၀၀၀ အထက်ရှိခဲ့ပြီး အောက်တိုဘာ ၃ ရက်တွင် ကျပ် ၉၂၂၁၀၀ အထိကျဆင်းခဲ့သည်။ အောက်တိုဘာ ၃၀ နှင့် နိုဝင်ဘာ ၁ ရက်တွင် ကျပ် ၉၂၉၂၀၀ အထိ ကျဆင်းခဲ့သည်။ နိုဝင်ဘာလဆန်းတွင် ကျပ် ၉၃၀၀၀၀ အောက်တွင်သာဆက်ရှိခဲ့ပြီး နိုဝင်ဘာ ၂၉ ရက်တွင် ကျပ် ၉၃၆၂၀၀ အထိရောက်ရှိခဲ့ကာ ဒီဇင်ဘာ ၆ ရက်တွင် ကျပ် ၉၂၆၁၀၀၊ ဒီဇင်ဘာ ၉ ရက်တွင် ကျပ် ၉၁၄၄၀၀ အထိ ကျဆင်းခဲ့ပြီးနောက် ဒီဇင်ဘာ ၁၁ ရက်တွင် ကျပ် ၉၁၆၈၀၀ အထိပြန် ပြန်လည်မြင့်တက်ခဲ့ သည်။ ဒီဇင်ဘာ ၁၁ ရက်တွင် ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်း ၉၄ ပွိုင့်အောက်ပြန်ရောက်နေပြီး ပြည်တွင်းဈေးကွက်တွင် နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၃၅၉ ကျပ်ဝန်းကျင်ဖြစ်ပေါ်ခဲ့ကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်သူများထံမှ သိရသည်။

Most Read

Most Recent