မြန်မာ့တပ်မတော်နှင့် နိုင်ငံ့ဝန်ထမ်းကောင်းများ၊ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ခဲ့သော ကရင်တိုင်းရင်းသား လက်နက်ကိုင်များအား ထောက်ခံသည့် အခမ်းအနား ဘားအံမြို့တွင် ပြုလုပ်ရာ ဒေသခံသောင်းနှင့်ချီ တက်ရောက်

မြန်မာ့တပ်မတော်နှင့် နိုင်ငံ့ဝန်ထမ်းကောင်းများ၊ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ခဲ့သော ကရင်တိုင်းရင်းသား လက်နက်ကိုင်များအား ထောက်ခံသည့် အခမ်းအနား ဘားအံမြို့တွင် ပြုလုပ်ရာ ဒေသခံသောင်းနှင့်ချီ တက်ရောက်
Published 11 December 2017

မြန်မာ့တပ်မတော်နှင့် နိုင်ငံဝန်ထမ်းကောင်းများ၊ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ခဲ့သော ကရင်တိုင်းရင်းသား လက်နက်ကိုင်များအား ထောက်ခံချီတက်ပွဲကို တွေ့ရစဉ်

မြန်မာ့တပ်မတော်နှင့် နိုင်ငံ့ဝန်ထမ်းကောင်းများ၊ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ခဲ့သော ကရင်တိုင်းရင်းသား လက်နက်ကိုင်များအား ထောက်ခံသည့် အခမ်းအနားကို ကရင်ပြည်နယ် ဘားအံမြို့တွင် ဒီဇင်ဘာ ၁၀ ရက် မွန်းလွဲ ၁၂ နာရီခွဲက ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ကရင်ပြည်နယ် ခုနစ်မြို့နယ်တို့မှ ဘားအံစစ်ကြောင်း၊ လှိုင်းဘွဲ့စစ်ကြောင်း၊ မြဝတီစစ်ကြောင်း၊ ကြာအင်းဆိပ်ကြီးစစ်ကြောင်း၊ သံတောင်ကြီးစစ်ကြောင်း၊ ဖာပွန်စစ်ကြာင်း၊ ကော့ကရိတ်စစ်ကြောင်း စသည့်စစ်ကြောင်းတို့မှ ဆရာတော်သံဃာတော်များ အပါအဝင် အင်အားသုံးသောင်းခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကရင်ပြည်နယ် အတွင်းရှိ မြို့နယ်ခုနစ်မြို့နယ်မှ ထောက်ခံသူများစုဝေးရာ ဘားအံမြို့ အမှတ် ၃ ရပ်ကွက်၊ မဲဘောင်ကျောင်းတွင် အခမ်းအနား ကျင်းပရာ ဇွဲကပင်တောင် ဆရာတော်ထံမှ ပေးပို့သော သဝဏ်လွှာ၊ KNU ကရင်အမျိုးသား အစည်းအရုံးမှ ပေးပို့သော သဝဏ်လွှာ၊ KNU/KNLA (pc) မှပေးပို့သော သဝဏ်လွှာ၊ DKBA စစ်ဦးစီးချုပ်မှ ပေးပို့သော သဝဏ်လွှာတို့ကို ကိုယ်စားလှယ်များက ဖတ်ကြားပြီး ကော်မတီ၏ သဘောထားကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။

အခမ်းအနားသို့ တက်ရောက်လာသူ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်ခင်ဝိုင်းကြည်က “အခုလို ပြည်သူတွေ ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးပြီး စည်းစည်းလုံးလုံး၊ တက်တက်ကြွကြွ မြင်ရတော့ ကျေနပ်တယ်။ အားရတယ်။ သဘောကျတယ်။  ဒါကြောင့် ခုလိုလာပြီး အားပေးတာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

ထို့နောက် ထောက်ခံဆန္ဒ ထုတ်ဖော်ခဲ့သူများသည် မဲဘောင်ဘုန်းတော်ကြီးကျောင်းမှ မဲဘောင်ကျောင်း လမ်းအတိုင်း ချီတက်ကာ ၎င်းမှတစ်ဆင့် ဗိုလ်ချုပ်လမ်းအတိုင်း ချီတက်လာကြပြီး။ ယင်းသို့ ချီတက်လာစဉ် တပ်မတော်အပေါ် ကျရောက်နေသော နိုင်ငံတကာဖိအားများ ဖယ်ရှာကြ။ တပ်မတော်ကို ဖိအားပေးနေသော နိုင်ငံတကာ အဖွဲ့အစည်များအား ဆန့်ကျင်ကြ။ နိုင်ငံ့အချုပ်အခြာအာဏာ ကာကွယ်နေသော တပ်မတော်သားများ ထောက်ခံကြ အပါအဝင် ကြွေးကြော်သံ ၁၂ ချက် ကြွေးကြော်ချီတက်ခဲ့ကာ အဝိုင်းပတ်မီးပွိုင့်အလွန်၌ လူစုခွဲလိုက်ကြသည်။

Most Read

Most Recent