အားကစားကိုမြှင့်တင်ပေးရန် ရည်ရွယ်၍ ဇီးကုန်းမြို့ အပျော်တမ်း စီးဘီးစီးအဖွဲ့က ဇီးကုန်း- ပြည် နေ့ချင်းပြန် စက်ဘီးစီး လှုံဆော်

အားကစားကိုမြှင့်တင်ပေးရန် ရည်ရွယ်၍ ဇီးကုန်းမြို့ အပျော်တမ်း စီးဘီးစီးအဖွဲ့က ဇီးကုန်း- ပြည် နေ့ချင်းပြန် စက်ဘီးစီး လှုံဆော်
Published 10 December 2017

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့ရှိ အခြေခံပညာ ကျောင်းသားများ ပါဝင်သော အပျော်တမ်း စက်ဘီးစီးအဖွဲ့က အားကစားကိုမြှင့်တင်ပေးရန် ရည်ရွယ်ချက်ဖြင့် ဇီးကုန်း- ပြည် နေ့ချင်းပြန် စက်ဘီးစီးကာ လှုံဆော်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ စက်ဘီးစီးခြင်းကို ဒီဇင်ဘာလ (၁၀) ရက်နေ့ ယနေ့ နံနက်(၅) နာရီက ဇီးကုန်းမြို့မှ စတင်ထွက်ခွါခဲ့ပြီး ရန်ကုန်-ပြည် အဝေးပြေး ကားလမ်းတစ်လျှောက် စီးနင်းခဲ့ကာ ပေါင်းတည်မြို့၊ ဖြူစင်မေတ္တာ ပရဟိတကျောင်း ကလေးများနှင့် တွေ့ဆုံခဲ့ပြီး  ပြည်မြို့သို့ နံနက်(၁၀) နာရီ ခွဲတွင် ရောက်ရှိခဲ့ကြောင်း သိရသည်။

“စက်ဘီးစီးတာကကြတော့ သွေးအားနည်းတာကို သွေးအားကိုပြန်လည်ပတ်စေတယ် ။ ပိုပြီးသွေးအားကောင်း လာစေတယ။် ကျန်းမာရေးနဲ့ညီညွတ်တယ်။ ဒါကြောင့် စက်ဘီး စီးစေချင်ပါတယ်။  ဒီလိုအဖွဲ့လိုက်စီးတော့ ပျော်လည်းပျော်တယ် ။ကျန်းမာရေးနဲ့လည်း ညီညွတ်တယ် ။ ကျန်တဲ့ကျွန်တော်တို့ညီအစ်ကိုတွေလည်း စက်ဘီး စီးစေချင်ပါတယ် ” ဟု စက်ဘီးစီးရာတွင် ပါဝင်ခဲ့သည့် ဇီးကုန်းမြို့မှ သတ္တမတန်းကျောင်းသား တစ်ဦးက ပြောသည်။

Most Read

Most Recent