ဘူးသီးတောင်မြို့နယ်မှ နေရပ်စွန့်ခွာဘင်္ဂါလီ ၄၆၀ ကျော် ဂေါ်ဒူသာရချောင်းဝကမ်းခြေသို့ စုပုံရောက်ရှိ

ဘူးသီးတောင်မြို့နယ်မှ နေရပ်စွန့်ခွာဘင်္ဂါလီ ၄၆၀ ကျော် ဂေါ်ဒူသာရချောင်းဝကမ်းခြေသို့ စုပုံရောက်ရှိ
Published 10 December 2017

ဘူးသီးတောင်မြို့နယ်မှ နေရပ်ထပ်မံစွန့်ခွာလာသည့် ဘင်္ဂါလီ ၄၆၀ ကျော် မောင်တောမြို့နယ် ဂေါ်ဒူသာရချောင်းဝကမ်းခြေသို့ စုပုံရောက်ရှိလာကြောင်း ပြည်ထဲရေးမှ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဒီဇင်ဘာ ၇ ရက် ၄ နာရီခွဲအချိန် မောင်တောမြို့နယ်၊ ပညောင်ပင်ကြီးကျေးရွာနှင့် နယ်စပ်ခြံစည်းရိုးကြား၌ ဘူးသီးတောင်မြို့နယ်၊ ဖုံညိုလိပ်ကျေးရွာမှ ဘင်္ဂါလီ ၂၄၁ ဦး (ကျား ၁၀၆၊ မ ၁၃၅)၊ စိမ်းညှင်းပြာကျေးရွာမှ ဘင်္ဂါလီ ၁၅၀ ဦး (ကျား ၈၈၊ မ ၆၂)၊ ဘုရားပြင်သိန်းတန်ကျေးရွာမှ ဘင်္ဂါလီ ၇၀ ဦး (ကျား ၃၃၊မ ၃၇)၊ စုစုပေါင်းဘင်္ဂါလီ ၄၆၁ ဦး (ကျား ၂၂၇၊ မ ၂၃၄)တို့သည် နေရပ်စွန့်ခွာရောက်ရှိနေသဖြင့် တာဝန်ရှိသူများကမေးမြန်းရာ အနေအထိုင်အစားအသောက်နှင့် အလုပ်အကိုင်များ အခက်အခဲရှိသဖြင့် ၎င်းတို့၏သဘောဆန္ဒအလျောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့သွားရန် ထွက်လာရခြင်းဖြစ်ကြောင်းနှင့် ညနေ ၆ နာရီတွင် ၎င်းဘင်္ဂါလီများသည် ဂေါ်ဒူသာရချောင်းဝပင်လယ်ကမ်းခြေသို့ ဆက်လက်ထွက်ခွာသွားရာ ညနေ ၆ နာရီ ၄၅ တွင် ကမ်းခြေသို့ရောက်ရှိ၍ ဂေါ်ဒူသာရချောင်းဝကမ်းခြေတွင် ဘင်္ဂါလီ ၄၆၁ ဦး (ကျား ၂၂၇၊ မ ၂၃၄) တို့ စုပုံရောက်ရှိလျက်ရှိသည်။

Most Read

Most Recent