မန္တလေးတိုင်းဒေသကြီး ခုနစ်ခရိုင်တွင် ယာဉ်တိုက်မှု ၂၀၄၉ မှု၊ သေဆုံးသူ ၇၁၆ ဦးနှင့် ဒဏ်ရာရသူ ၃၃၁၀ ရှိခဲ့

မန္တလေးတိုင်းဒေသကြီး ခုနစ်ခရိုင်တွင် ယာဉ်တိုက်မှု ၂၀၄၉ မှု၊ သေဆုံးသူ ၇၁၆ ဦးနှင့် ဒဏ်ရာရသူ ၃၃၁၀ ရှိခဲ့
Published 9 December 2017

မန္တလေးတိုင်းဒေသကြီး ခုနစ်ခရိုင်တွင် ယာဉ်တိုက်မှု ၂၀၄၉ မှု၊ သေဆုံးသူ ၇၁၆ ဦး နှင့် ဒဏ်ရာရသူ ၃၃၁၀ ဦးရှိခဲ့ကြောင်း သတင်းရရှိသည်။

ခရိုင်အလိုက်ကြည့်လျှင် မန္တလေးခရိုင်တွင် ၃၀၄ မှု၊ သေဆုံးသူ ၁၇၄ ဦး၊ ဒဏ်ရာရသူ ၃၀၃ ဦး၊ ကျောက်ဆည်ခရိုင်တွင် ၃၈၄ မှု၊ သေဆုံးသူ ၁၁၈ ဦး၊ ဒဏ်ရာရသူ ၆၅၆ ဦး၊ ညောင်ဦးခရိုင်တွင် ယာဉ်တိုက်မှု ၁၅၁ မှု၊ သေဆုံးသူ ၄၄ ဦး၊ ဒဏ်ရာရသူ ၃၀၀၊ ပြင်ဦးလွင်ခရိုင်တွင် ယာဉ်တိုက်မှု ၅၂၂ မှု၊ သေဆုံးသူ ၁၆၈ ဦး၊ ဒဏ်ရာရသူ ၈၁၅ ဦး၊ မြင်းခြံခရိုင်တွင် ယာဉ်တိုက်မှု ၁၄၃ မှု၊ သေဆုံးသူ ၄၇ ဦး၊ ဒဏ်ရာရသူ ၃၁၀၊ မိတ္ထီလာခရိုင်တွင် ယာဉ်တိုက်မှု ၃၄၈ မှု၊ သေဆုံးသူ ၁၁၄ ဦး၊ ဒဏ်ရာရသူ ၅၈၇ ဦး၊ ရမည်းသင်းခရိုင်တွင် ယာဉ်တိုက်မှု ၁၉၇ မှု၊ သေဆုံးသူ ၅၁ ဦး၊ ဒဏ်ရာရသူ ၃၃၉ ဦးရှိခဲ့ကြောင်း သတင်းရရှိသည်။

ယခင်နှစ်နှင့် ယခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအထိ ယာဉ်တိုက်မှုအား နှိုင်းယှဉ်ကြည့်လျှင် ယခင်နှစ်တွင် ယာဉ်တိုက်မှု ၂၀၁၉ မှု၊ သေဆုံးသူ ၆၃၈ ဦး၊ ဒဏ်ရာရသူ ၃၁၂၄ ဦး ရှိခဲ့သောကြောင့် ယခုနှစ်သည် ယာဉ်တိုက်မှု၊ သေဆုံးသူ၊ ဒဏ်ရာရသူ တိုးလာခဲ့ကြောင်း အမှတ် (၁၄) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲ (မန္တလေး) ၏ မှတ်တမ်းများအရ သိရသည်။

တိုင်းဒေသကြီးအတွင်း စည်းကမ်းပျက်ယာဉ်များ အရေးယူမှုမှာ ယခုနှစ် ၁၁ လ အတွင်း မော်တော်ယာဉ် ၅၇၆၀၊ မော်တော်ဆိုင်ကယ် ၂၂၂၂၁ စီးရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent