ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ယာဉ်တန်း ပေါက်ကွဲမှုတစ်ခုနှင့် ကြုံခဲ့ရ

ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ယာဉ်တန်း ပေါက်ကွဲမှုတစ်ခုနှင့် ကြုံခဲ့ရ
Published 8 December 2017

ဒီဇင်ဘာ ၈ ရက် နံနက်ပိုင်းက ရခိုင်ပြည်နယ် ဂွမြို့နယ်မှ ပြန်လာသည့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နှင့်အဖွဲ့ ယာဉ်တန်းသည် မြေပုံမြို့နယ်အဝင် ရေကောင်းချောင်းကျေးရွာအုပ်စု၊ ဘီလာရွာအနီး၊ မိုင်တိုင်အမှတ် ၄၅/၁ အရောက်တွင် ပေါက်ကွဲမှုတစ်ခုနှင့် ကြုံခဲ့ရကြောင်း သိရသည်။

ယင်းပေါက်ကွဲမှုမှာ ဝန်ကြီးချုပ်၏ယာဉ်တန်း နောက်ဖက်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည့်အတွက် လူရော၊ ယာဉ်ပါ ထိခိုက်မှု တစ်စုံတစ်ရာ မရှိခဲ့ကြောင်း သိရသည်။

ပေါက်ကွဲမှု ဖြစ်စဉ်နှင့် ပတ်သက်၍ ဖြစ်စဉ်မှန်ကန်ကြောင်း ရခိုင်ပြည်နယ် ဝန်ကြီးချုပ်၏ ကိုယ်ရေးအရာရှိ ဦးကျော်ခင်မှ အတည်ပြု ပြောကြားခဲ့သည်။

ထို့အပြင် ဒီဇင်ဘာ ၇ ရက် နံနက်ပိုင်းကလည်း ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်အတွင်း တောင်ဖြူတံတားဝဲယာ ရန်ကုန်-စစ်တွေ လမ်းမကြီးတွင် မိုင်းနှစ်လုံး တွေ့ရှိခဲ့သဖြင့် တပ်မတော်သားများ လာရောက်သိမ်းဆည်းခဲ့ရကြောင်းလည်း သိရသည်။

Most Read

Most Recent