<

မြ၀တီ-ကော့ကရိတ်​​ ဒေါန​တောင်​​ကျော်​လမ်းတွင်​ ဇာတ်​အဖွဲ့ယာဉ်နှင့်​ ကုန်တင်ယာဉ်တို့ မျက်နှာချင်းဆိုင် တိုက်မိပြီး ဇာတ်အဖွဲ့မှ ၁၈ ဦး ဒဏ်ရာရ

ဓာတ်ပုံ – စိုးထက်

မြ၀တီ – ကော့ကရိတ်​ အာရှလမ်းသစ်​၊ ရင်​ကွဲ​တောင်​ကုန်းဆင်း၊ နတ်​စင်​​ကွေ့တွင်​ ​မြ၀တီ​ဘက်​မှ လာ​သော ၁၂ ဘီး ကုန်​ကားနှင့်​ ​ကော့ကရိတ်​ဘက်​မှလာ​သော စွမ်းအားသစ်​ ဇာတ်​အဖွဲ့ယာဉ်တို့ ဒီဇင်ဘာလ ၄ ရက်​နေ့ ည​နေ ၄ နာရီခွဲခန့်​က မျက်​နှာချင်းဆိုင်​တိုက်​မိပြီး ဇာတ်​အဖွဲ့သား ၁၈ ဦး ဒဏ်​ရာရရှိခဲ့​ကြောင်း သိရသည်​။

ဓာတ်ပုံ – စိုးထက်

မြ၀တီ – ဒေါန​တောင်​​ကျော်​ အာရှလမ်းသစ်​၊ မိုင်​တိုင်​အမှတ်​၊ ကီလိုမီတာ ၁၅၄ နှင့်​ ၁၅၅ ကြားတွင်​ မြ၀တီဘက်​မှ ​ကော့ကရိတ်​ဘက်​သို့ ယာဉ်​​မောင်း ​ဝေလင်း ​မောင်းနှင်​သည့်​ 8E/—- (၁၂) ဘီး ကုန်​တင်​ယာဉ်​သည်​ တစ်ဘက်​ မျက်​နှာချင်းဆိုင်​ ယာဉ်​​ကြောအတိုင်း ယာဉ်​​မောင်း​ အောင်​မင်းသိန်း ​မောင်းနှင်​လာသည့်​ စွမ်းအားသစ်​ ဇာတ်​အဖွဲ့  ယာဉ်​အမှတ်​ 2A /—- ၆ ဘီးကားအား ၀င်​​ရောက်​တိုက်​မိခြင်း ဖြစ်​​ကြောင်း သိရသည်​။

 














Copy Protected by Chetan's WP-Copyprotect.