ဒီဇင်ဘာ ၁၁ ရက်တွင် စတင်မည့် လူထုအခြေပြု ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးထိုး အစီအစဉ်တွင် ဆေးမထိုးမီ ကျန်းမာရေး စစ်ဆေးမှုနှင့် နောက်ဆက်တွဲရောဂါ စောင့်ကြပ်မှုများကို တိုးမြှင့်လုပ်ဆောင်မည် 

ဒီဇင်ဘာ ၁၁ ရက်တွင် စတင်မည့် လူထုအခြေပြု ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးထိုး အစီအစဉ်တွင် ဆေးမထိုးမီ ကျန်းမာရေး စစ်ဆေးမှုနှင့် နောက်ဆက်တွဲရောဂါ စောင့်ကြပ်မှုများကို တိုးမြှင့်လုပ်ဆောင်မည် 
Published 5 December 2017

ရှမ်းပြည်နယ်တွင် ဒုတိယဗိုလ်ချုပ်ကြီး (ငြိမ်း) အောင်သန်းထွဋ်နှင့် ကမ္ဘောဇဘဏ်ပိုင်ရှင် ဦးအောင်ကိုဝင်း အပါအဝင် လိုင်စင်ဖြင့် လက်နက်ကိုင်ဆောင်ထားသူ အရပ်သားလေးဦးရှိကြောင်း ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နိုင်ဝင်းအောင်က ရှမ်းပြည်နယ်လွှတ်တော်တွင် ဖြေကြားခဲ့သည်။

ဒုတိယကြိမ်မြောက် ရှမ်းပြည်နယ်လွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေး (ပထမနေ့) ကို ဒီဇင်ဘာ ၄ ရက် တနင်္လာနေ့တွင် စတင်ကျင်းပခဲ့ရာတွင်  ရှမ်းပြည်နယ်အတွင်းရှိ မြို့ နယ်အသီးသီးတွင် အရပ်သားများအား လိုင်စင်ဖြင့် လက်နက်ကိုင်ဆောင်ခွင့် ပြုထားသူ မည်မျှရှိပြီး မည်သည့်လက်နက် အမျိုးအစား ဖြစ်ကြောင်းကို သိရှိလိုပါသည် ဆိုသည့် အဆိုပါမေးခွန်းကို ပင်းတယမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ ဦးညီညီ (ခ) ဦးညီလေးချမ်းက မေးမြန်းခဲ့ခြင်းဖြစ်ပြီး ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နိုင်ဝင်းအောင်က ပြန်လည်ဖြေကြား ခဲ့ခြင်းဖြစ်သည်။

“ရှမ်းပြည်နယ်မှာ လိုင်စင်ဖြင့် ကိုင်ဆောင်ခွင့်ပြုထားသူ လေးဦးရှိပါတယ်။ ပထမတစ်ဦးမှာ ဒေါက်တာ စိုင်းခမ်းလှိုင်ဖြစ်ပြီး ပစ္စတို ဖြစ်ပါတယ်။ ဒုတိယ တစ်ဦးကတော့ ဒုတိယဗိုလ်ချုပ်ကြီး အောင်သန်းထွဋ် (အငြိမ်းစား) ဖြစ်ပြီး 538 တစ်လက်နှင့် 532 တစ်လက် ကိုင်ဆောင်ထားပါတယ်။ တတိယ တစ်ဦးကတော့ ဦးမြင့်ဦးဖြစ်ပြီး ဂျာမနီပစ္စတို တစ်လက် ကိုင်ဆောင်ခွင့် ပြုထားပါတယ်။ စတုတ္တ တစ်ဦးကတော့ ဦးအောင်ကိုဝင်းဖြစ်ပြီး CZ-2075၊ 9mm တစ်လက်ကိုင်ဆောင်ခွင့် ပြုထားကြောင်း ဖြေကြားအပ်ပါတယ်” ဟု ဗိုလ်မှူးကြီး နိုင်ဝင်းအောင်က ဖြေကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ကျင့်သုံးလျက်ရှိသည့် လက်နက်ကိုင်ဆောင်ရေးမူအရ လေသေနတ်၊ လုပ်သေနတ် အပါအဝင် လက်နက်အားလုံးကို လိုင်စင်ဖြင့်သာ ကိုင်ဆောင်ရန် ညွှန်ကြားထားကြောင်း၊ ထိုသို့ လိုင်စင်ဖြင့် ကိုင်ဆောင်ခွင့်ရရှိရန် ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်ရှိ လက်နက်ကိုင်ဆောင်ခွင့်လိုင်စင် ပါမစ်စိစစ်ရေး အဖွဲ့သို့ တင်ပြလျှောက်ထားရမည် ဖြစ်ကြောင်း၊ ထိုအဖွဲ့၏ စိစစ်ခွင့်ပြုချက်ရမှသာ ကိုင်ဆောင်ခွင့်ရှိကြောင်း သိရသည်။

တရားမဝင် လက်နက်များ၊ ဆက်သွယ်ရေးစက်များ၊ လိုင်စင်မဲ့ယာဉ်များအား နီးစပ်ရာ တပ်၊ ရဲစခန်းများ၊ ရဲတပ်ဖွဲ့မှူးရုံးများသို့ အမြန်ဆုံး လာရောက်အပ်နှံကြရန်နှင့် လာရောက်အပ်နံှခြင်း မရှိပါက ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနက ကြေညာထားကြောင်း အောက်တိုဘာ ၁၈ ရက်က မြန်မာ့အသံ ရုပ်မြင်သံကြား သတင်းထုတ်လွှင့်ချက်အရ သိရသည်။

တရားမဝင် လိုင်စင်မဲ့ လက်နက်ကိုင်ဆောင်ပါက ၁၈၇၈ ခုနှစ် လက်နက်ဥပဒေ ပုဒ်မ ၁၉ အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် သုံးနှစ်ထက်မနည်း၊ ခုနစ်နှစ်ထက်မပိုသော  ထောင်ဒဏ်ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားပြီး အလားတူ ၁၉၅၁ ခုနှစ် လက်နက်များ ယာယီ ပြင်ဆင်ချက်အက် ဥပဒေပုဒ်မ ၁၉ (က) အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် သုံးနှစ်ထပ် မနည်း၊ ခုနစ်နှစ်ထပ်မပိုသော ထောင်ဒဏ်ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

Most Read

Most Recent