<

First Eleven Sports Journal မှရွေးချယ်သည့် အကောင်းဆုံး ဘောလုံးသမားများ မဲပေးရန်

Vote Now

ဘင်္ဂါလီတစ်ဦး၏ နေအိမ်၌ အမေရိကန်နိုင်ငံထုတ် လက်နက်ဖမ်းဆီးရမိမှုမှ မသင်္ကာသူများအား ထပ်မံဖမ်းဆီး

ရခိုင်ပြည်နယ် မောင်တောမြို့ပေါ်ရှိ ဘင်္ဂါလီတစ်ဦး၏နေအိမ်မှ အမေရိကန်နိုင်ငံ ထုတ်လက်နက် ဖမ်းဆီးရမိမှုမှ မသင်္ကာ တရားခံဘင်္ဂါလီနှစ်ဦးအား ဒီဇင်ဘာ ၃ ရက် က ထပ်မံဖမ်းဆီးခဲ့ကြောင်း မောင်တောခရိုင် ရဲတပ်ဖွဲ့မှ သိရသည်။

ထပ်မံဖမ်းဆီးရမိသူများမှာ နိုဂျူမူဒိန်  (ခ) နေဂျော်၊ (၂၂ နှစ်) နှင့် အဘူကော်ဆီဒီး (ခ) ရာဇာမြင့်မြတ်၊ (၃၁ နှစ်) တို့ဖြစ်ပြီး ၎င်းတို့အား မောင်တောမြို့မရဲစခန်း (ပ) ၂၃၈/ ၂၀၁၇၊ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၁ (ဂ) ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ဖြစ်စဉ်မှာသတင်းအရ နိုဝင်ဘာ ၃၀ ရက် ည ၁၀ နာရီခွဲတွင် မောင်တောခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ဥာဏ်ဝင်းဦး၏ အနီးကပ်ကြီးကြပ်မှုဖြင့် ခရိုင်ရဲတပ်ဖွဲ့ (မှု/ ကူ) မှ ဒုရဲအုပ် အောင်သူရဦးစီးရဲတပ်ဖွဲ့ဝင် ခုနစ်ဦးသည် သက်သေများနှင့်အတူ မောင်တောမြို့၊ မြို့မအနောက်ရပ်ကွက်နေ ဇော်မီအာမတ် (ခ) ဂျော်မီ ၅၃ နှစ် (ဘ) ရော်ဖီအူဒိန် (ခ) ရော် ဖီယူဒင်၏ နေအိမ်အား ၀င်ရောက်ရှာဖွေရာ နေအိမ်နောက်ဘက်ရှိ အိမ်သာပိုက်အောက်ဘက်တွင် အ၀တ်စဖြင့်ပတ်ကာ မြေကြီးတူး၍ မြုပ်နှံထားသော အမေရိကန်နိုင်ငံထုတ်  MOD . 9 FF COMPACTL – CL 9 mm Parabellun – PATENTED စာတမ်းပါ ကိုယ်ထည်နံပါတ်ပါ BER – 586925 ပစ္စတို တစ်လက်၊ ကျည်အိမ်တစ်ခုနှင့် ၉ မမကျည်  ၂၃ တောင့်တို့ကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများကို နေအိမ်ပိုင်ရှင်ဖြစ်သူ ဇော်မီအာမတ် (ခ) ဂျော်မီ ၅၃ နှစ် (ဘ) ရော်ဖီအူဒိန်နှင့် သားဖြစ်သူ စိုးနိုင်ကျော်တို့မှ သက်သေများရှေ့တွင် ရဲတပ်ဖွဲ့သို့အပ်နှံခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ တရားမ၀င် လက်နက်ခဲယမ်းများ လက်ဝယ်ထားရှိသူ ဇော်မီအာမတ် (ခ) ဂျော်မီ ၅၃ နှစ် (ဘ) ရော်ဖီအူဒိန် (ခ)ရော်ဖီယူဒင်နှင့် စိုးနိုင်ကျော် ၂၄ နှစ် (ဘ) ဇော်မီအာမတ် (ခ) ဂျော်မီတို့နှစ်ဦးအား မောင်တောမြို့မရဲစခန်းမှ (ပ)၂၃၇/ ၂၀၁၇ လက်နက်ပုဒ်မ ၁၉ (စ) ဖြင့်လည်းကောင်း၊ (ပ) ၂၃၈/ ၂၀၁၇၊ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၁ (ဂ) ဖြင့်လည်းကောင်း အမှုဖွင့်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။