မန္တလေးမြို့အတွင်း ယခင်အစိုးရလက်ထက်က ရောင်းချထားခဲ့သော မြေကွက် ၁၃၄ ကွက်ကျော်အား ပြန်သိမ်းယူလျက်ရှိပြီး မူလလျာထားသည့် အများပြည်သူအားကစားကွင်းများအဖြစ် ဖော်ဆောင်မည်

မန္တလေးမြို့အတွင်း ယခင်အစိုးရလက်ထက်က ရောင်းချထားခဲ့သော မြေကွက် ၁၃၄ ကွက်ကျော်အား ပြန်သိမ်းယူလျက်ရှိပြီး မူလလျာထားသည့် အများပြည်သူအားကစားကွင်းများအဖြစ် ဖော်ဆောင်မည်
Published 5 December 2017

မန္တလေးမြို့အတွင်း ယခင်အစိုးရလက်ထပ်က ရောင်းချထားခဲ့သော မြေကွက် ၁၃၄ ကွက်ကျော်အား ပြန်သိမ်းယူလျက်ရှိပြီး မူလလျာထားသည့် အများပြည်သူ အားကစားကွင်းများအဖြစ် ဖော်ဆောင်သွားမည် ဖြစ်သည်။

“ကျွန်တော်တို့ နိုင်ငံမှာ ဘောလုံးကို ခရေစီဖြစ်ခဲ့ပေမယ့် ဘောလုံးကွင်းတွေ ပျောက်သွားတယ်။ ဘောလုံးသမားတွေ ကွယ်ပျောက်သွားရပါတယ်။ အရင်အစိုးရလက်ထက်တုန်းက သိမ်းဆည်းပြီး ပြည်သူတွေကိုပေးလိုက်တဲ့ ဘောလုံးကွင်းတွေကို အခုကျွန်တော်တို့ အစိုးရကပြန်သိမ်းပြီး ဘောလုံးကွင်းတွေကို အခုတတ်နိုင်သမျှ ပြန်လည်ဖော်ထုတ်နေပါပြီ။ ရပ်ကွက်တိုင်းမှာ ဘောလုံးကွင်းတစ်ကွင်းရှိအောင် ကြိုးစားနေပါတယ်။ ဗိုလ်ချုပ်ထွန်းကြည် (ယခင်မန္တလေးတိုင်းမှူးဟောင်း) လက်ထပ်က မြေကွက်တွေချထားတဲ့နေရာမှာ သူ့ဘာသူ ဇယားဆွဲထားပြီးသားရှိတယ်။ အားကစားကွင်း၊ ကျန်းမာရေး၊ ကျောင်း၊ ဈေး ဒါတွေအကုန်လုံးက သူ့ဘာသူ လျာထားပြီးသား ရှိပြီးသား၊ ဒီလိုရှိပြီးသားကိုမှ အကုန်လုံးကို ရောင်းချသွားတဲ့အပိုင်းမှာ ကျွန်တော်တို့က ပြန်သိမ်းမှာ၊ ပြန်လည်သိမ်းနေပြီ။ အဲဒီလိုသိမ်း နေတာကလည်း အခု ၁၃၄ ကွက်လောက် ရှိနေတယ်။ အကယ်၍ သူတို့က စည်ပင်မှာ ပိုက်ဆံသွင်းထားတာရှိရင် ပြန်အမ်းမယ်၊ နဂို မြို့ကွက်သစ်ဖော်ဆောင်ရာမှာ အားကစားကွင်းအဖြစ် လျာထားတဲ့နေရာတွေကို အားကစားကွင်းအဖြစ်မသုံးဘဲ အခြားနည်းနဲ့ သုံးစွဲနေတာတွေရှိတယ်။ အဲဒါတွေကို အားကစားကွင်းအဖြစ် ပြန်လည်ဖော်ဆောင်သွားမှာပါ။ အခု ၃၅ လမ်း ဂေါ်ရာကွင်းဆိုရင် မင်္ဂလာဈေးမီးဘေးသင့် ပြည်သူတွေအတွက် ခေတ္တနေရာချပေးထားတာပါ။ ဈေးပြန်လည်တည်ဆောက်ပြီးရင် ဈေးသည်တွေကို နေရာပြန်ချပြီးသွားရင် ဂေါ်ရာကွင်းကို ဘောလုံးကွင်းအဖြစ် ပြန်ဖော်ဆောင်သွားမှာပါ” ဟု မန္တလေးတိုင်းဒေသကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းကျော်ဇောက ပြောကြားသည်။

မန္တလေးတိုင်းအတွင်း အားကာဦးစီးဌာန လက်အောက်တွင် ဘောလုံးကွင်း ၂၅ ကွင်းရှိကြောင်း၊ မိမိတို့ဘောလုံးကွင်းများကို သိမ်းယူသွားခြင်းလည်းမရှိကြောင်း မန္တလေးတိုင်းဒေသကြီး အား/ ကာညွှန်မှူးဦးဝေဇင်က ဆိုသည်။

“မြို့ကွက်သစ်တိုးချဲ့စဉ်က အားကစားကွင်းအဖြစ် ဖော်ဆောင်ထားတာတွေကို  အားကစားကွင်းအဖြစ်မသုံးဘဲ တခြားနည်းနဲ့သုံးသွားတာတွေကို ပြန်ဖော်ဆောင်မယ့် သဘောပါ။ အဲဒီလိုလုပ်ဖို့အတွက် အခုစိစစ်မှုတွေ လုပ်နေတာတော့ သိရပါတယ်။ ကျွန်တော်တို့ အားကာအနေနဲ့ကတော့ မြို့နယ်တစ်ခုကို ဘောလုံးကွင်းတစ်ကွင်းပေါ့။ စီမံခန့်ခွဲရပါတယ်။ တစ်ရပ်ကွက်ကို ဘောလုံးတစ်ကွင်း လုပ်ဖို့ကတော့ သက်ဆိုင်ရာအစိုးရအဖွဲ့နဲ့ စည်ပင်ကနေ လုပ်မယ့်သဘောပါပဲ” ဟု ၎င်းက ပြောကြားသည်။

Most Read

Most Recent