မန္တလေးမြို့တွင် ပထမဆုံးအကြိမ်ပြုလုပ်သည့် မော်တော်ဆိုင်ကယ်ကလပ်များ တွေ့ဆုံပွဲသို့ ဆိုင်ကယ် အစီး ၁၀၀၀ ခန့် လာရောက်

မန္တလေးမြို့တွင် ပထမဆုံးအကြိမ်ပြုလုပ်သည့် မော်တော်ဆိုင်ကယ်ကလပ်များ တွေ့ဆုံပွဲသို့ ဆိုင်ကယ် အစီး ၁၀၀၀ ခန့် လာရောက်
Published 3 December 2017

မြန်မာ တစ်နိုင်ငံလုံးရှိ မော်တော်ဆိုင်ကယ် ကလပ်များ တွေ့ဆုံပွဲကို ဒီဇင်ဘာလ  ၂ ရက်က မန္တလေးမြို့တွင် ပထမဆုံးအကြိမ်အဖြစ် မန္တလာသီရီ အားကစားကွင်းအတွင်း ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြို့ပေါင်း (၇၀)ကျော်မှ ဆိုင်ကယ် အစီးရေ (၁၀၀၀)ခန့် တက်ရောက်လာခဲ့ကြောင်း ပွဲကို ဦးစီး ကျင်းပပြုလုပ်သည့်  MANDALAY KNIGHTS မော်တော်ဆိုင်ကယ်ကလပ်မှ အသင်းခေါင်းဆောင် ဦးထွန်းထွန်းက ပြောကြားသည်။

မော်တော်ဆိုင်ကယ်စီးနှင်းသူများ ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း လိုက်နာဆောင်ရွက်လာစေရန်၊ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် နှင့် မော်တော်ဆိုင်ကယ်ချစ်သူများ ပရဟိတ လုပ်ငန်းများ ပိုမိုဆောင်ရွက်လာစေရန် ရည်ရွယ်ချက်များဖြင့်  မြန်မာတစ်နိုင်ငံလုံးရှိ မော်တော်ဆိုင်ကယ် ချစ်သူများတွေ့ဆုံပွဲအခမ်းအနားကို  ဒီဇင်ဘာလ ၂ ရက်နေ့နှင့် ၃ ရက်နေ့များတွင် မန္တလာသီရီ အားကစားကွင်းတွင်  ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း MANDALAY KNIGHTS မော်တော်ဆိုင်ကယ်ကလပ်မှ သိရသည်။

''အခြားအခြား မြို့တွေမှာလည်း ကျင်းပပါတယ် ၊အခုက မန္တလေးမြို့ မှာ ပထမဆုံးကျင်းပတဲ့ BIKE WEEK ပေါ့ ၊မြို့ပေါင်း ၇၀ ကျော်ကနေ လာရောက် တက်ပြီတော့ ဆိုင်ကယ်အစီးရေ ၁၀၀၀ လောက်ရှိမယ်လို့ ယူဆပါတယ်၊မြန်မာနိုင်ငံအရပ်ရပ်မှာ ရှိနေတဲ့ ဆိုင်ကယ်ချစ်တဲ့သူတွေ၊ ဆိုင်ကယ်နဲ့ ခရီးသွားရတာ မြတ်နိုးတဲ့သူတွေ  ဒီမှာ စုပြီးတော့ စုပေါင်းပရဟိတ ပွဲလေးတစ်ခု ကျွန်တော်တို့ လုပ်ကြတာပါ၊  ထိုင်းနိုင်ငံထုတ် မော်တော်ဆိုင်ကယ်ဦးထုပ် အလုံး ၃၀၀ ကို မြစ်ငယ်ဘက်မှာ ရှိတဲ့ အထက ကျောင်းသုံးကျောင်းကို  လှူဒါန်းမှာပါ၊ ဒီပွဲကနေ အလှူခံ ရရှိငွေများကိုလည်း  မိဘမဲ့ ကလေးများကို လှူသွားမှာပါ ၊နောက်တပတ်အတွင်းမှာ လှူဒါန်းမှုတွေ ပြုလုပ်သွားမှာပါ ''ဟု MANDALAY KNIGHTS မော်တော်ဆိုင်ကယ် ကလပ်မှ အသင်းခါင်းဆောင် ဦးထွန်းထွန်းကပြောကြားသည်။

ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း လိုက်နာဖို့အတွက်  မော်တော်ဆိုင်ကယ်စီးဦးထုပ်၊ မော်တော်ဆိုင်ကယ်စီး ဝတ်စုံ အပြည့် ဝတ်ဆင်ကာ  မော်တော် ဆိုင်ကယ် အစီးရေ (၅၀၀)ခန့်ဖြင့် မန္တလေးမြို့  ကျုံးတစ်ပတ် စီးနင်းပြသသွားမည် ဖြစ်ကြောင်းနှင့် အခမ်းအနားတွင်  Emperor တီးဝိုင်း ဖြင့်  တေးဂီတ ဧည့်ခံ ဖျော်ဖြေပွဲများ ပါဝင်ကာ ယင်းမှ ရရှိ လာမည့် အကျိုး အမြတ်များကို မိဘမဲ့ ကလေးများအား လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent