ရန်ကုန်ဆိပ်ကမ်းအသီးသီးရှိ အကောက်ခွန်လုပ်ငန်းစဉ်အဆင့်များ (သွင်းကုန်) ကို ဒီဇင်ဘာ ၄ ရက်မှ စတင်လျှော့ချမည်

ရန်ကုန်ဆိပ်ကမ်းအသီးသီးရှိ အကောက်ခွန်လုပ်ငန်းစဉ်အဆင့်များ (သွင်းကုန်) ကို ဒီဇင်ဘာ ၄ ရက်မှ စတင်လျှော့ချမည်
Published 3 December 2017

ရန်ကုန်ဆိပ်ကမ်းအသီးသီးရှိ အကောက်ခွန်လုပ်ငန်းစဉ် အဆင့်များ (သွင်းကုန်) ကို ဒီဇင်ဘာ ၄ ရက်မှ စတင်လျှော့ချသွားမည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

အကောက်ခွန်လျှော့ချရေးလုပ်ငန်းစဉ် အဆင့်များ (သွင်းကုန်) လျှော့ချရေးကို  အေးရှားဝေါလ်ဆိပ်ကမ်းတွင် စမ်းသပ်ဆောင်ရွက်ခဲ့ရာ လုပ်ငန်းများအဆင်ပြေသဖြင့် ရန်ကုန်မြို့ ဆိပ်ကမ်းအသီးသီးရှိ အကောက်ခွန်လုပ် ငန်းစဉ်အဆင့်များ (သွင်းကုန်) ဆက်လက်လျှော့ချနိုင်ရန် ဆောင်ရွက်ခြင်းဖြစ်သည်။

ယင်းသို့ အကောက်ခွန်လုပ်ငန်းစဉ် အဆင့် (သွင်းကုန်) လျှော့ချရေး ဆောင်ရွက်ရာတွင် သီလဝါဆိပ်ကမ်း၊ ဗိုလ်အောင်ကျော်ဆိပ်ကမ်း၊ မြန်မာ့စက်မှုဆိပ်ကမ်း၊ ထီးတန်းဆိပ်ကမ်း၊ အလုံကုန်သေတ္တာဆိပ်ကမ်းတို့တွင် ဒီဇင်ဘာ ၄ ရက်မှစတင်၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါဆိပ်ကမ်းများတွင် အကောက်ခွန်လုပ်ငန်းစဉ်အဆင့်များ (သွင်းကုန်) လျှော့ချဆောင်ရွက်နိုင်ရေးအတွက် အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးဆောင်၍ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ဆိပ်ကမ်းအသီးသီးမှ တာဝန်ခံများနှင့်အတူ နိုဝင်ဘာ ၂၉ ရက်က အကောက်ခွန်ဦးစီးဌာန (ရုံးချုပ်) တွင် လုပ်ငန်းညှိနှိုင်းဆွေးနွေးကာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Most Recent