လှိုင်သာယာမြို့နယ်အတွင်း လှည့်လည်၍ လုယက်မှု ၁၀ မှုနှင့် ခိုးမှုများ ကျူးလွန်ထားသူ နှစ်ဦးအား ဖမ်းဆီးရမိ

လှိုင်သာယာမြို့နယ်အတွင်း လှည့်လည်၍ လုယက်မှု ၁၀ မှုနှင့် ခိုးမှုများ ကျူးလွန်ထားသူ နှစ်ဦးအား ဖမ်းဆီးရမိ
Published 2 December 2017

လှိုင်သာယာမြို့နယ်အတွင်း လှည့်လည်ပြီး လုယက်မှု ၁၀ မှုနှင့် ခိုးမှုများ ကျူးလွန်ထားသူ နှစ်ဦးအား ဖမ်းဆီးရမိကြောင်း ဒီဇင်ဘာ ၁ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။

ဖမ်းဆီးရမိသူ နှစ်ဦးမှာ ထန်းတပင်မြို့နယ်နေ အောင်သူ (ခ) အောင်ကြီး (၂၃ နှစ်)နှင့် လှိုင်သာယာမြို့နယ်နေ ရာဇာဝင်း (ခ) ဝဲကြီး (၂၆ နှစ်) တို့ဖြစ်ပြီး ၎င်းးတို့နှစ်ဦးမှာ လုယက်မှုနှင့် ခိုးမှုများ ကျူးလွန်ထားသည်ဟု သတင်းရရှိသဖြင့် နိုဝင်ဘာ ၂၂ ရက် နံနက် ၁၁ နာရီခွဲခန့်တွင် ငွေပင်လယ်စက်မှုဇုန်ရှေ့၊ အနော်ရထာလမ်းမကြီးပေါ်တွင် ရဲတပ်ဖွဲ့က ဖမ်းဆီး စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ဆေးရာ ၎င်းးတို့နှစ်ဦးသည် စက်တင်ဘာလအတွင်းက ဆိုင်ကယ်တစ်စီးကို အသုံးပြု၍ လှိုင်သာယာမြို့နယ် ဦးဖိုးလှိုင်လမ်းပေါ်တွင် စက်ဘီးစီးလာသူ အမျိုးသားတစ်ဦး၏ လက်အတွင်းမှ လက်ကိုင်ဖုန်း တစ်လုံးကို လည်းကောင်း၊ စက်မှုဇုန် (၄) မင်းကြီးမဟာ မင်းခေါင်လမ်း၊ ဆောက်လုပ်ရေးမှတ်တိုင်အနီး လမ်းလျှောက်လာသည့် အမျိုးသမီးတစ်ဦးထံမှ ဖုန်းတစ်လုံးကို လည်းကောင်း၊ ကျန်စစ်သားလမ်း မူကြိုလမ်းဆုံအနီး လမ်းလျှောက်လာသည့် အမျိုးသမီးတစ်ဦးထံမှ ဖုန်းတစ်လုံးကို လည်းကောင်း၊ စက်မှုဇုန် (၁) ပန်းလှိုင် ဂေါက်ကွင်းအိမ်ရာရှေ့တွင် လမ်းလျှောက်လာသည့် အမျိုးသမီးတစ်ဦးထံမှ ဖုန်းတစ်လုံးကို လည်းကောင်း၊ တပင်ရွှေထီးလမ်း၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းရှေ့တွင် လမ်းလျှောက်လာသည့် အမျိုးသမီးတစ်ဦးထံမှ ဖုန်းတစ်လုံးကို လည်းကောင်း၊ အမှတ် (၂) ရပ်ကွက်၊ အောင်ဇေယျကြိုးတံတားအဆင်း လမ်းလျှောက်လာသည့် အမျိုးသားတစ်ဦးထံမှ ဖုန်းတစ်လုံးကို လည်းကောင်း လုယက်ကာ ရောင်းချထားသည်ဟု စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ၎င်းးတို့နှစ်ဦးသည် စက်တင်ဘာလအတွင်းကပင် လှိုင်သာယာမြို့နယ် အမှတ် (၂) ရပ်ကွက်အတွင်းရှိ နေအိမ်နှစ်အိမ်အတွင်း မှ ဖုန်းနှစ်လုံးကိုလည်း ခိုးယူခဲ့သည်။

ထပ်မံ စစ်ဆေးရာ ၎င်းးတို့နှစ်ဦးသည် အောက်တိုဘာလအတွင်းက လှိုင်သာယာမြို့နယ် ရွှေပြည်သာတံတားအဆင်း အနော်ရထာလမ်းဘေးတွင် လမ်းလျှောက်လာသည့် အမျိုးသမီးတစ်ဦးထံမှ ဖုန်းတစ်လုံး၊ ရွှေလင်ပန်း ဆေးရုံရှေ့လမ်းပေါ်တွင် လမ်းလျှောက်လာ သည့် အမျိုးသမီးတစ်ဦးထံမှ ဖုန်းတစ်လုံး၊ အဆိုပါ ဆေးရုံရှေ့၌ပင် စက်ဘီးစီးလာသူ အမျိုးသားတစ်ဦးထံမှ ဖုန်းတစ်လုံး၊ ရွှေလင်ပန်းစက်မှုဇုန် ဦးရွှေပင်လမ်းပေါ်တွင် လမ်းလျှောက်လာသည့် အမျိုးသားတစ်ဦးထံမှ ဖုန်းတစ်လုံး လုယက်ခဲ့သည်ဟု စစ်ဆေးပေါ်ပေါက်ခဲ့သည်။

Most Read

Most Recent