မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် နတ်မြစ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လှော်ခတ်နေသော လှေတစ်စင်းပေါ်မှ WY နှင့် R စာတန်းပါ စိတ်ကြွဆေးပြား ခြောက်သိန်းကျော် ဖမ်းဆီးရမိ

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် နတ်မြစ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လှော်ခတ်နေသော လှေတစ်စင်းပေါ်မှ WY နှင့် R စာတန်းပါ စိတ်ကြွဆေးပြား ခြောက်သိန်းကျော် ဖမ်းဆီးရမိ
Published 1 December 2017

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် နတ်မြစ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လှော်ခတ်နေသော လှေတစ်စင်းပေါ်မှ WY နှင့် R စာတန်းပါ စိတ်ကြွဆေးပြား ခြောက်သိန်းကျော်ကို နိုဝင်ဘာ ၃၀ ရက် နံနက်ပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၃၀ နံနက် ၆ နာရီခန့်တွင် မောင်တောမြို့နယ် မြောက်ပိုင်း ရွက်ညိုတောင်ချောင်း၀ အနောက်ဘက် ၀ ဒသမ ၅ မိုင်အကွာ ဦးစောလှကျွန်း မြောက်ဘက် ထိပ်အနီးတွင် မသင်္ကာဖွယ် လှေတစ်စင်းအား စစ်ဆေးရာမှ စိတ်ကြွမူးယစ်ဆေးပြား ၆၅၅ç၅၀၀ ဖမ်းမိခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ ၃၀ နံနက် ၆ နာရီခန့်တွင် မောင်တောမြို့နယ် ဓညဝတီရေတပ်စခန်း ဌာနချုပ်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များ နတ်မြစ်အတွင်း လှည့်ကင်းလှည့်လည် ဆောင်ရွက်နေစဉ် မောင်တောမြို့နယ် မြောက်ပိုင်း ရွက်ညိုတောင်ချောင်း၀ အနောက်ဘက် ၀ ဒသမ ၅ မိုင်အကွာ ဦးစောလှကျွန်းမြောက်ဘက် ထိပ်အနီးတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လှော်ခတ်နေသော မသင်္ကာဖွယ် စက်လှေတစ်စင်းအား မီးအချက်ပြ ခေါ်ယူစဉ် လာရောက်ခြင်းမရှိဘဲ ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးရာ ဦးစောလှကျွန်းမြောက်ဘက်ထိပ် အနီးတွင် ၎င်းလှေအား ဖမ်းဆီးရမိခဲ့ပြီး လှေပေါ်မှ ဆာလာအိတ်ဖြင့် ထုပ်ပိုးထားသော မူးယစ်ဆေးပြား ၆၅၅ç၅၀၀ပြား၊ ကာလတန်ဖိုး ကျပ် ၁,၃၁၁, ၀၀၀,၀၀၀ ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသော တရားခံ မောင်တောမြို့နယ် သရက်အုပ်ကျေးရွာမှ မော်နိုအား စစ်ဆေးမေးမြန်းရာမှ လှေပိုင်ရှင်မှာ သရက်အုပ်ကျေးရွာမှ မော်ဘူလာဖြစ်ကြောင်း၊ ၎င်းက တစ်ဖက်နိုင်ငံသို့ ပို့ဆောင်ရန် ကျပ်တစ်သိန်းငါးသောင်းပေး၍ ခိုင်းစေခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း၊ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများ၏ပိုင်ရှင်အား ဆက်လက်အရေးယူသွားနိုင်ရန် တရားခံအား ဖမ်းမိရေးအတွက် ဆက်လက် စုံစမ်းနေကြောင်း သိရသည်။

နိုဝင်ဘာ၂၉ ရက်က မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့တွင် ကျပ်သိန်းပေါင်း နှစ်သောင်းခြောက်ထောင်ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၂ သိန်းကျော် တစ်ရက်အတွင်း ဖမ်းဆီးရမိခဲ့ကြောင်း မောင်တောခရိုင် ရဲတပ်ဖွဲ့မှ သိရသည်။

စိတ်ကြွဆေးပြားများကို မောင်တောမြို့နယ် ဇူလကျေးရွာအနီးရှိ လယ်ကွင်းများအနီးနှင့် ဘူးသီးတောင်မြို့ပေါ်ရှိ ဓမ္မာရုံဟောင်းတစ်ခုတွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent