မြို့နယ်ပေါင်း ၃၂၈ မြို့နှင့် ရွာပေါင်း ၇၀၀၀ ကျော်၏ မြေပုံများကို မြန်မာဘာသာဖြင့် ရှာဖွေကြည့်ရှုနိုင်မည့် EasyGo 3 D မိုဘိုင်းဆော့ဖ်ဝဲ စတင်အသုံးပြုနိုင်

မြို့နယ်ပေါင်း ၃၂၈ မြို့နှင့် ရွာပေါင်း ၇၀၀၀ ကျော်၏ မြေပုံများကို မြန်မာဘာသာဖြင့် ရှာဖွေကြည့်ရှုနိုင်မည့် EasyGo 3 D မိုဘိုင်းဆော့ဖ်ဝဲ စတင်အသုံးပြုနိုင်
Published 1 December 2017

မြို့နယ်ပေါင်း ၃၂၈ မြို့၊ ရွာပေါင်း ၇၀၀၀ ကျော်၊ လမ်းပေါင်း ၃၀၀၀၀ ဝန်းကျင်၏ အချက်အလက်များ၊ မြေပုံများကို မြန်မာဘာသာဖြင့် ရှာဖွေကြည့်ရှုနိုင်မည့် EasyGo 3 D မိုဘိုင်းဆော့ဖ်ဝဲကို စတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း Giga Gates ကုမ္ပဏီမှ သတင်းရရှိသည်။

ယင်းမြေပုံဆော့ဖ်ဝဲ၏ ထူးခြားချက်မှာ ပထမအကြိမ်တွင် အချက်အလက်ဖိုင်များကို Download ရယူထားပါက နောက်ပိုင်းတွင် Offline အသုံးပြုနိုင်ကြောင်း သိရသည်။

မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာ ကြိုက်ရာရွေးချယ်သုံးစွဲနိုင်ပြီး ဖောင့်မှားသော ပြဿနာမရှိကြောင်း သိရသည်။ သို့သော်မြေပုံ အချက်အလက်များကို ခေတ်နှင့်အညီ Update ပြုလုပ်မည်ဆိုပါက ထပ်မံရယူရန်လိုအပ်မည် ဖြစ်သည်။

အင်တာနက်မလိုအပ်ဘဲ မြေပုံများ၊ လမ်းကြောင်းဆွဲခြင်းနှင့် GPS လမ်းညွှန်စနစ်များ အသုံးပြုနိုင်ခြင်း၊ မြေပုံပါအချက်အလက်များ ရှာဖွေနိုင်ခြင်း၊ ယာဉ်ကြောအခြေအနေများကို တိုက်ရိုက်အချိန်မရွေး သိနိုင်ခြင်း (အင်တာနက်လို)၊ Offline Navigative စနစ်ဖြင့် မိမိသွားလိုသောနေရာကို အနီးဆုံး လမ်းကြောင်းဆွဲပေးနိုင်ပြီး လမ်းပြပေးနိုင်ခြင်း၊ EasyGo Navigative ဖြင့် ခရီးသွားနေစဉ် မော်တော်ယာဉ်အမြန်နှုန်းနှင့် မျက်နှာမူရာ အရပ်ကိုပါ သိရှိနိုင်ခြင်း၊ Auto Search & Route စနစ်ဖြင့် သွားလိုသောနေရာတစ်ခုကို ရှာလိုက်ရုံဖြင့် အလိုအလျောက်လမ်းကြောင်းဆွဲပေးနိုင်ခြင်း၊ Long Press & Route စနစ်ကိုလည်း အသုံးပြုနိုင်ပြီး ယင်းစနစ်မှာ မြေပုံပေါ်တွင် မိမိသွားလိုသော နေရာကိုတွေ့ရှိပါက ထိုနေရာပေါ်တွင် ခေတ္တဖိထားခြင်းဖြင့် အလိုအလျောက်လမ်းကြောင်း ဆွဲပေးခြင်း၊ မြေပုံ၏ဒီဇိုင်း အရောင်အမျိုးမျိုး ပြောင်းလဲနိုင်ခြင်း၊ တစ်ကမ္ဘာလုံးမြေပုံကို နိုင်ငံအလိုက်ကူးယူနိုင်ခြင်း စသည်တို့ကို အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် သုံးဘက်မြင် 3D ပါဝင်သောကြောင့် အဆောက်အအုံသုံးဘက် မြင်နိုင်ခြင်း လုပ်ဆောင်ချက်ကိုလည်း အသုံးပြုနိုင်ပြီး ယင်းကိုသုံးစွဲနိုင်ရန် မြန်မာနိုင်ငံမြေပုံအတွက် အင်တာနက်လိုအပ်ပြီး အခြားနိုင်ငံမြေပုံများအတွက် အင်တာနက်မလိုအပ်ကြောင်း သိရသည်။ လက်ရှိတွင် Android အတွက် Google Play Store တွင် ရယူနိုင်ပြီး မကြာမီတွင် iOS ဝက်ဘ်ဆိုက်၊ Desktop Version များကို ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent