ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်း ၉၃ ပွိုင့်အထက်ပြန်ရောက်နေပြီး နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၃၅၈ ကျပ်အထိ မြင့်တက်

ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်း ၉၃ ပွိုင့်အထက်ပြန်ရောက်နေပြီး နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၃၅၈ ကျပ်အထိ မြင့်တက်
Published 1 December 2017

နိုဝင်ဘာ ၃၀ ရက်တွင် ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်း ၉၃ ပွိုင့်အထက် ပြန်ရောက်နေပြီး နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၃၅၈ ကျပ်အထိ မြင့်တက်ခဲ့ကြောင်း နိုင်ငံခြား ငွေကြေးရောင်းဝယ်သူများထံမှ သိရသည်။

ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်းသည် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလနောက်ပိုင်း အနိမ့်ဆုံး နှုန်းထားအဖြစ် စက်တင်ဘာ ၈ ရက်တွင် ၉၁ ဒသမ ၀၁ ပွိုင့်အထိ ကျဆင်းခဲ့သည်။ ပြီးခဲ့သည့် ဇူလိုင် ၅ ရက်တွင် ၉၆ ဒသမ ၂၀ ပွိုင့် အထိ ဖြစ်ပေါ်ခဲ့သော်လည်း ဇူလိုင် ၆ ရက်မှ စတင်ကာ ၉၆ ပွိုင့်အောက်၊ ဇူလိုင် ၁၈ ရက် တွင် ၉၅ ပွိုင့် အောက်၊ ဇူလိုင် ၂၁ ရက်တွင် ၉၄ ပွိုင့်အောက်၊ သြဂုတ် ၁ ရက်တွင် ၉၃ ပွိုင့် အောက်၊ သြဂုတ် ၂၉ ရက်တွင် ၉၂ ပွိုင့်အောက် ကျဆင်းခဲ့သည်။ စက်တင်ဘာ ၂၇ ရက်တွင် ၉၃ ပွိုင့်အထက်၊ အောက်တိုဘာ ၆ ရက်၌ ၉၄ ပွိုင့်အထက် ရောက်ရှိခဲ့သည်။ အောက်တိုဘာ ၂၆ ရက်မှစပြီး နိုဝင်ဘာ ၁၃ ရက်အထိ ၉၄ ပွိုင့်အထက်ရှိခဲ့ကာ နိုဝင်ဘာ ၁၄ ရက်တွင် ၉၄ ပွိုင့်အောက်၊ နိုဝင်ဘာ ၂၄ ရက်တွင် ၉၃ ပွိုင့်အောက်ဆင်းခဲ့ပြီး နိုဝင်ဘာ ၂၈ ရက်တွင် ၉၃ ပွိုင့်ဝန်းကျင် ပြန်ဖြစ်ခဲ့သည်။

ဒေါ်လာဈေးသည် ပြီးခဲ့သည့် ဇူလိုင်လ ကုန်ပိုင်းတွင် ၁၃၅၇ ကျပ်ဝန်းကျင်ဖြစ်ပေါ်ခဲ့ပြီး သြဂုတ်လအတွင်း အမြင့်ဆုံးဈေးနှုန်းမှာ ၁၃၅၈ ကျပ်ဖြစ်ပြီး အနိမ့်ဆုံးဈေးနှုန်းမှာ ၁၃၅၃ ကျပ် ဖြစ်သည်။ စက်တင်ဘာလအတွင်း၌လည်း အနိမ့်ဆုံးဈေးနှုန်းအဖြစ် စက်တင်ဘာ ၈ ရက်တွင် ၁၃၄၈ ကျပ်အထိ ကျဆင်းခဲ့ပြီး အမြင့်ဆုံးဈေးနှုန်းအဖြစ် စက်တင်ဘာ ၁၉ ရက်တွင် ၁၃၅၆ ကျပ်အထိ မြင့်တက်ခဲ့သည်။ ပြီးခဲ့သည့် စက်တင်ဘာလကုန်ပိုင်းတွင် ၁၃၅၂ ကျပ်အထိရောက်ရှိခဲ့သော နိုင်ငံခြားငွေလဲနှုန်းသည်  အောက်တိုဘာလအတွင်း အနိမ့်ဆုံးဈေးနှုန်းအဖြစ် အောက်တိုဘာ  ၃ ရက်တွင် ၁၃၄၉ ကျပ်အထိ ကျဆင်းခဲ့ပြီး အမြင့်ဆုံးနှုန်းအဖြစ် အောက်တိုဘာ ၂၅ ရက် တွင် ၁၃၅၈ ကျပ်အထိ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

အောက်တိုဘာ ၂၈ ရက်မှ နိုဝင်ဘာ ၇ ရက်အထိ နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၃၅၆ ကျပ်ဝန်းကျင်တွင် တည်ငြိမ်ခဲ့ပြီး နိုဝင်ဘာ ၁၆ ရက်တွင် ၁၃၅၉ ကျပ်အထိ မြင့်တက်ခဲ့သည်။ နိုဝင်ဘာ ၁၇ ရက်မှ ၂၉ ရက်အထိ ၁၃၅၆-၁၃၅၇  ကျပ်ဝန်းကျင်ဖြစ်ပေါ်ခဲ့ပြီး နိုဝင်ဘာ ၃၀ ရက် တွင် ၁၃၅၉ ကျပ်အထိ မြင့်တက်ခဲ့သည်။

Most Read

Most Recent