လက်ရှိဘဏ္ဍာနှစ် နိုဝင်ဘာလကုန်အထိ ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် နှစ်သန်းကျော် တင်ပို့ထားပြီး ဘဏ္ဍာနှစ်ကုန်ဆုံးရန် လေးလကျန်ရှိနေချိန်မှာပင် ယခုနှစ်လျာထားချက်ထက် ပိုမိုတင်ပို့ထား

လက်ရှိဘဏ္ဍာနှစ် နိုဝင်ဘာလကုန်အထိ ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် နှစ်သန်းကျော် တင်ပို့ထားပြီး ဘဏ္ဍာနှစ်ကုန်ဆုံးရန် လေးလကျန်ရှိနေချိန်မှာပင် ယခုနှစ်လျာထားချက်ထက် ပိုမိုတင်ပို့ထား
Published 1 December 2017

ဘုရင့်နောင်ကုန်စည်ဒိုင်ရှိ ဆန်ပွဲရုံတစ်ရုံအား တွေ့ရစဉ် (ဓာတ်ပုံ-ရှိုင်းလင်းအောင်)

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် နိုဝင်ဘာလကုန်ပိုင်းအထိ ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတန်ချိန် နှစ်သန်းကျော် တင်ပို့ထားပြီဖြစ်ကြောင်းနှင့် ဘဏ္ဍာနှစ်ကုန်ဆုံးရန် လေးလကျန်ရှိနေချိန်၌ပင် ယခုနှစ်လျာထားချက်ထက် ပိုမိုတင်ပို့ထားပြီဖြစ်ကြောင်း  မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။

ယခင်နှစ်များက  မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ တစ်ရက်လျှင် တန်ချိန်၂၀၀၀-၅၀၀၀ တန်ကြားသာ တင်ပို့နိုင်သော်လည်း ယခုနှစ်လက်ရှိအချိန်တွင် နေ့စဉ်တန်ချိန် ၇၀၀၀ မှ ၉၀၀၀ ကျော်အထိ တင်ပို့နိုင်ခဲ့ကြောင်း၊ အခြားနယ်စပ် ထွက်ပေါက်လေးပေါက်မှ တင်ပို့မှုများပါ ထည့်သွင်းတွက်ချက်ပါက တစ်ရက်လျှင် ဆန်နှင့်ဆန်ကွဲတန်ချိန် တစ်သောင်းကျော် တင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်တန်ချိန် နှစ်သန်းတင်ပို့ရန် ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေဖြင့် ဆန်စပါးဈေးကွက် ပုံမှန်လည်ပတ်ရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ပကုန်သည်  (International Buyer) များကို ရောင်းချပေးသကဲ့သို့ နှစ်နိုင်ငံအစိုးရအချင်းချင်း ဆက်သွယ်ညှိနှိုင်းရောင်းချသည့် G to G အစီအစဉ်ကိုပါ ဆောင်ရွက်ရန် နိုင်ငံတော်အစိုရနှင့် ပူးပေါင်းလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ယခုနှစ် လက်ရှိအချိန်အထိ ပြည်ပသို့ မြန်မာ့ဆန်တင်ပို့မှု အနေအထားကို လေ့လာကြည့်ပါက နိုင်ငံပေါင်း ၅၀ကျော်ကို တင်ပို့နေခြင်းဖြစ်ပြီး အများစုမှာ တရုတ်နိုင်ငံသို့လည်းကောင်း၊ ဒုတိယအများဆုံးအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့ထားခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံမှဆန်ကို ပြည်ပတင်ပို့မှု မြင့်တက်နေသည်ဆိုသော်လည်း အိမ်နီးချင်း ထိုင်းနိုင်ငံသည် ဆန်တန်ချိန် ၁၀ သန်းကျော် တင်ပို့နိုင်သဖြင့် မြန်မာနိုင်ငံ၏ တင်ပို့နိုင်စွမ်းရည်နှင့် အလားအလာအပေါ် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုရှိရေးအတွက် အရည်အသွေးနှင့် အရေအတွက် ဈေးကွက်များကို ဆန်စပါးအမျိုးအစားအလိုက် ထုတ်လုပ်တင်ပို့နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။

အဆိုပါ တင်ပို့မှုဈေးကွက်အလိုက် ဆန်စပါးအမျိုးအစားခွဲကာ ဇုန်အလိုက် ရွေးချယ်စိုက်ပျိုး ထုတ်လုပ်တင်ပို့နိုင်ရေးအတွက် စနစ်တကျ ဆောင်ရွက်သွားရန်လိုကြောင်း၊ အဓိက စားသောက်ကုန်ဖြစ်သော ဆန်သည်  Strategic Goods ဖြစ်သည့်အတွက် အခြားကုန်စည်များ နှင့်မတူဘဲ ဆန်စပါးကို  G to G ရောင်းဝယ်မှုများဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ပြည်တွင်းဈေးကွက်တွင် မသမာသော ရောင်းဝယ်မှုမဖြစ်စေရေး ဆန်တင်ပို့မှုဈေးကွက် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး၊ ခိုင်မာရေး၊ စနစ်တကျဖြစ်ပေါ်ရေးအတွက် ပိုမိုခိုင်မာသော နည်းလမ်းများ ဖော်ထုတ်နိုင်ရေး သက်ဆိုင်ရာဌာနများနှင့် ဆွေးနွေးသွားမည်ဟုလည်း သိရသည်။

Most Read

Most Recent