ဘင်္ဂလားဒေ့ရှ်သို့ ထွက်ခွာရန် ဘူးသီးတောင်မြို့နယ်မှ ဘင်္ဂါလီသုံးရာနီးပါး ဂေါ်ဒူသာရချောင်းဝအနီး ပင်လယ်ကမ်းခြေ သို့ ရောက်ရှိလာ

ဘင်္ဂလားဒေ့ရှ်သို့ ထွက်ခွာရန် ဘူးသီးတောင်မြို့နယ်မှ ဘင်္ဂါလီသုံးရာနီးပါး ဂေါ်ဒူသာရချောင်းဝအနီး ပင်လယ်ကမ်းခြေ သို့ ရောက်ရှိလာ
Published 29 November 2017

တစ်ဖက်ဘင်္ဂလားဒေ့ရှ်သို့ ထွက်ခွာရန် ဘူးသီးတောင်မြို့နယ်မှ နေရပ်စွန့်ခွာ ဘင်္ဂါလီ သုံးရာနီးပါး မောင်တောမြို့နယ်တောင်ပိုင်း ဂေါ်ဒူသာရချောင်းဝအနီး ပင်လယ်ကမ်းခြေသို့ ထပ်မံရောက်ရှိကြောင်း ပြည်ထဲရေးမှ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ထပ်မံရောက်ရှိသူများမှာ ဘူးသီးတောင်မြို့နယ် ဖုံညိုလိပ်ကျေးရွာမှ ဘင်္ဂါလီ (၁၂၃)ဦး (ကျား ၅၁၊ မ ၇၂)၊  ဆေးအိုးကျကျေးရွာမှ ဘင်္ဂါလီ(၁၅၇)ဦး (ကျား ၇၄၊ မ ၈၃)၊ စုစု ပေါင်း(၂၈၀) ဦး တို့ဖြစ်ပြီး  နိုဝင်ဘာ၂၇ ရက် ညနေပိုင်းက မောင်တောမြို့နယ် ညောင်ပင်ကြီးကျေးရွာနှင့် နယ်စပ်ခြံစည်းရိုးကြားရှိ ပုစွန်ကန်သို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာ ၂၇ ရက် မွန်းလွဲ ၃ နာရီက နေရပ်စွန့်ခွာဘင်္ဂါလီများ ရောက်ရှိနေကြောင်း သတင်းအရ နယ်မြေ(၇)မှူး ဦးဆောင်သည့် တပ်ဖွဲ့ဝင်များမှ သွားရောက်စစ်ဆေးမေးမြန်းခဲ့ရာ အကြမ်းဖက်ဖြစ်စဉ်ဖြစ်ပွားပြီး နေစရာ၊ စားစရာ၊ အလုပ်အကိုင် အခက်အခဲရှိသဖြင့် ၎င်းတို့ သဘောဆန္ဒအလျောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်လိုသဖြင့် ထွက်ခွာလာခြင်းဖြစ်ကြောင်း သိရသည်။

ထို့နောက်အဆိုပါနေရပ်စွန်ခွာ ဘင်္ဂါလီများမှ ဂေါ်ဒူသာရချောင်းဝကမ်းခြေသို့ ဆက်လက်ထွက်ခွာသွားခဲ့ခြင်း ဖြစ်ကြောင်းနှင့် ဂေါ်ဒူသာရချောင်းဝအနီး ပင်လယ်ကမ်းခြေတွင် ယခင်ရောက်ရှိနေသည့် နေရပ်စွန့်ခွာ ဘင်္ဂါလီ (၁၀၄) ဦးရှိသဖြင့် လက်ရှိတွင်အဆိုပါကမ်းခြေ၌ ဘင်္ဂါလီ (၃၈၄)ဦးလှေစောင့်နေကြောင်း သိရသည်။

Most Read

Most Recent