မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် လေယာဉ်ပျံကွင်း ချောင်းဝကမ်းခြေမှ နောက်ဆုံးလက်ကျန်ဘင်္ဂါလီ ၃၀၀ နီးပါး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ စက်လှေရှစ်စင်းဖြင့် ထွက်ခွာ

မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် လေယာဉ်ပျံကွင်း ချောင်းဝကမ်းခြေမှ နောက်ဆုံးလက်ကျန်ဘင်္ဂါလီ ၃၀၀ နီးပါး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ စက်လှေရှစ်စင်းဖြင့် ထွက်ခွာ
Published 28 November 2017

မောင်တောမြို့နယ်တောင်ပိုင်း အလယ်သံကျော် လေယာဉ်ပျံကွင်း ချောင်းဝကမ်းခြေ မှ နောက်ဆုံးလက်ကျန်ဘင်္ဂါလီ ၃၀၀ နီးပါး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ စက်လှေ ရှစ်စီးဖြင့် နိုဝင်ဘာ ၂၆ ရက်က ထွက်ခွာခဲ့ကြောင်း ပြည်ထဲရေးမှ သတင်းထုတ်ပြန်ချက်အရ သိရသည်။

နိုဝင်ဘာ ၂၆ ရက် နံနက် ၄ နာရီက မောင်တောမြို့နယ် အလယ်သံကျော် လေယာဉ်ပျံကွင်း ချောင်းဝကမ်းခြေ၌ ရောက်ရှိနေသော နေရပ်စွန့်ခွာဘင်္ဂါလီ ကျား ၉၈၊ မ  ၁၉၈ စုစုပေါင်း ၂၉၆ ဦးတို့သည် ဘင်္ဂလား ဒေ့ရှ်နိုင်ငံဘက်သို့ စက်လှေရှစ်စင်းဖြင့် ထွက်ခွာသွားခဲ့သဖြင့် ယင်းနေရာ၌ နေရပ်စွန့်ခွာ ဘင်္ဂါလီများ နေထိုင်ခြင်းမရှိတော့ကြောင်း သိရသည်။

အလားတူ မောင်တောမြို့နယ် ဂေါ်ဒူသာရ ချောင်းဝပင်လယ်ကမ်းခြေတွင် ခန့်မှန်းရောက်ရှိနေသော နေရပ်စွန့်ခွာဘင်္ဂါလီများထဲမှ နိုဝင်ဘာ ၂၄ ရက်တွင် ၅၇၅ ဦးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ စက်လှေခုနစ်စင်းဖြင့် ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

လက်ရှိတွင် အလယ်သံကျော် လေယာဉ်ကွင်း ကမ်းခြေတွင် နေရပ်စွန့်ခွာဘင်္ဂါလီ မရှိတော့သော်လည်း ဂေါ်ဒူသာရကမ်းခြေ တွင်  ဘင်္ဂါလီ ၁၀၄ ဦး (ကျား ၅၂၊ မ ၅၂) တို့သည် ယင်းနေရာတွင် ဆက်လက်နေထိုင်လျက်ရှိကြောင်း သတင်းရရှိသည်။

Most Read

Most Recent