ဖြိုးကိုကိုတင့်ဆန်းကို မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေဖြင့် ရဲစခန်းနှစ်ခုက ထပ်မံအမှုဖွင့်

ဖြိုးကိုကိုတင့်ဆန်းကို မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေဖြင့် ရဲစခန်းနှစ်ခုက ထပ်မံအမှုဖွင့်
Published 27 November 2017

အောက်တိုဘာ ၁၅ ရက်က နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လက်နက်နှင့် မူးယစ်ဆေးဝါးများ  တွေ့ရှိ မှုဖြင့် ဖမ်းဆီးရမိသည့် ဖြိုးကိုကိုတင့်ဆန်းကို မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေဖြင့်  ဒက္ခိဏသီရိမြို့မရဲစခန်းနှင့်  အေလာနယ်မြေရဲစခန်းက နိုဝင်ဘာ ၂၅ ရက်တွင် ထပ်မံအမှုဖွင့်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဖြိုးကိုကိုတင့်ဆန်းအား ဒက္ခိဏသီရိမြို့မ ရဲစခန်းက (ပ) ၄၃၈/၂၀၁၇၊ ၁၉၂၃ ခုနှစ်      မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေ ၆ (၁) (က) (င) နှင့် အေလာနယ်မြေရဲ စခန်းက (ပ) ၃၁၁/၂၀၁၇၊၁၉၂၃ ခုနှစ် မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များအက်ဥပဒေ ၆ (၁) (က) (င) (နိုင်ငံလုံခြုံရေးထိခိုက်စေရန် ရည်ရွယ်ချက်ဖြင့် တပ်မတော်၊ ရဲတပ်ဖွဲ့၊  အခြားဝန်ထမ်းဝတ်စုံကို ထင်ယောင်ထင်မှား ဖြစ်စေရန် ဝတ်ဆင်မှု၊ အစိုးရဌာန၊ တပ်မတော်  အာဏာပိုင် ပြုလုပ်စီမံထားသည့် တံဆိပ်တုံးနှင့် တံဆိပ်ကို အတုပြုလုပ်လက်ဝယ်ထားရှိမှု) ဖြင့်  ရဲစခန်းနှစ်ခုက ထပ်မံအမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အောက်တိုဘာ ၁၅ ရက်က နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လက်နက်နှင့် မူးယစ်ဆေးဝါးများဖြင့် ဖမ်းဆီးရမိခဲ့သည်ဖြစ်စဉ်မှ လက်နက်ပုဒ်မ ၁၉ ဖြင့် ဒက္ခိဏသီရိမြို့မရဲစခန်းတွင် အမှုဖွင့်ဖမ်းဆီးထားသည့် ဇော်ဝင်းထိုက် (၃၈ နှစ်) အား စစ်ဆေးရာ  အောက်တိုဘာ ၁၅ ရက်တွင်  Hotel ACE အခန်းအမှတ် (JS 004) မှ  Glock Cesmb – H ပစ္စတိုကျည်လေးတောင့်ပါ သေနတ်တစ်လက ်ဖမ်းဆီးရမိခဲ့ကြောင်း၊ သိမ်းဆည်းရမိထားသည့် သေနတ်ထည့်သည့် အိတ်အတွင်းရှိ ဇစ်အိတ်အတွင်း 9 MM အမျိုးအစား ကျည်ရှစ်တောင့် သိမ်းဆည်းထားကြောင်း ဇော်ဝင်းထိုက်က နိုဝင်ဘာ ၄  ရက်တွင် ထွက် ဆိုခဲ့သဖြင့်  ဒက္ခိဏသီရိမြို့မရဲစခန်းတွင် သိမ်းဆည်းထားသည့် အဆိုပါသေနတ်ထည့်သည့် အိတ်အားရှာဖွေရာ 9 MM အမျိုးအစား ကျည်ရှစ်တောင့် သိမ်းဆည်းရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက နိုဝင်ဘာ ၅ ရက်က ထုတ်ပြန်ထားသည်။

နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လက်နက်နှင့် မူးယစ်ဆေးဝါးများ  တွေ့ရှိမှုဖြင့် ဖြိုးကိုကိုတင့်ဆန်း အပါအဝင် ၁၅ ဦးကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သောဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၆ (ဂ)/၂၂ (ခ) ၂၁ အရ အရေးယူမှု နှစ်မှု၊  ၁၅/၁၆ (ဂ) အရ အရေးယူမှုတစ်မှု၊ ၁၆ (ဂ)/၂၂ (ခ) အရ အရေးယူမှုတစ်မှု စုစုပေါင်း လေးမှု၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ အရ အရေးယူမှုလေးမှု၊ ပို့ကုန်/သွင်းကုန် ဥပဒေပုဒ်မ (၈) အရ အရေးယူမှုသုံးမှု၊ မြန်မာ နိုင်ငံတော်အစိုးရ လျှို့ဝှက်ချက်များအက် ဥပဒေပုဒ်မ ၆ (၁) (က) (င) အရ အရေးယူ သုံးမှု၊ လက်နက် (ယာယီပြင်ဆင်) ချက်အက် ဥပဒေပုဒ်မ ၁၉ (က) အရ  အရေးယူမူတစ်မှု၊ လက်နက်ဥပဒေပုဒ်မ ၁၉ (စ) အရ အရေးယူမှု တစ်မှု စုစုပေါင်းနှစ်မှု၊ ရာဇသတ်ကြီး ပုဒ်မ ၄၈၄ အရ အရေးယူမှုတစ်မှု စုစုပေါင်း ၁၇ မှု ဖြင့် အရေးယူထားကြောင်း သိရသည်။

Most Read

Most Recent