မြဝတီ-ကော့ကရိတ် အာရှလမ်းသစ်တွင် ရပ်ထားသည့် ၁၂ ဘီးတွဲကားအား ခရီးသည်တင်ကားမှ အနောက်မှဝင်တိုက်မှုဖြစ်ပွား

မြဝတီ-ကော့ကရိတ် အာရှလမ်းသစ်တွင် ရပ်ထားသည့် ၁၂ ဘီးတွဲကားအား ခရီးသည်တင်ကားမှ အနောက်မှဝင်တိုက်မှုဖြစ်ပွား
Published 25 November 2017

ဓာတ်ပုံ- မြဝတီလူမှုကယ်ဆယ်ရေး

မြဝတီ-ကော့ကရိတ် အာရှလမ်းသစ်၊ သင်္ဃန်းညီနောင်အဝင် လင်းရတနာစက်သုံးဆီဆိုင်အနီးတွင် ရပ်ထားသည့် ၁၂ ဘီးတွဲကားအား ကော့ကရိတ်ဘက်မှ မြဝတီဘက်သို့ မောင်းနှင်လာသည့် ခရီးသည်တင် မှန်လုံယာဉ်တစ်စီးမှ ယာဉ်မောင်းဖြစ်သူ အိပ်ငိုက်၍ အရှိန်မထိန်းနိုင်ဘဲ အနောက်မှဝင်တိုက်မှု ယနေ့ (နိုဝင်ဘာ ၂၅ ရက်) နံနက် ၆ နာရီဝန်းကျင်ခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါယာဉ်တိုက်မှုကြောင့် ခရီးသည်တင် မှန်လုံယာဉ်မှ ယာဉ်မောင်းနှင့် ခရီသည်ကလေးငယ် တစ်ဦးတို့ ပြင်ထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ သင်္ဃန်းညီနောင်နယ်မြေရဲစခန်း စခန်းမှူး ရဲအုပ်မြဝင်း၊ တာဝန်မှူး ဒုရဲအုပ် သုမောင်နှင့်အဖွဲ့၊ သင်္ဃန်းညီနောင်နာရေးကူညီမှုအသင်းအဖွဲဝင်များနှင့်အတူ အခင်းဖြစ်ပွားရာနေရာသို့ သွာရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ လင်းရတနာ စက်သုံးဆီဆိုင်အနီးတွင် မြဝတီဘက်သို့ဦးတည်လျှက် လမ်ဘေး၌ ချရပ်ထာသော ယာဉ်မောင်း ဦးလင်းလင်း (၃၇)နှစ် (ဘ) ဦးကျော်ဝင်း၊ နွားထိုးကြီးမြို့နယ် ပြင်စည်ကျေးရွာနေသူ၏ 7L/18123 ၁၂ ဘီးယာဉ်တွဲကား၏ နောက်ပိုင်းအား ကော့ကရိတ်ဘက်မှ မြဝတီဘက်သို မောင်းနှင်လာသည့် ယာဉ်မောင်း ဦအောင်မြင်ဌေး (၃၇) နှစ် (ဘ) ဦမောင်အေး မောင်းနှင်လာသည့် 8I/ 7713 အဝါရောင် ဘုန်းပွင့်စံ ခရီးသည်တင်ယာဉ်သည် ခရီသည် ၄၅ ဦးအား တင်ဆောင် မောင်းနှင်လာစဉ် အခင်းဖြစ်နေရာအရောက်တွင် ယာဉ်မောင်း အိပ်ငိုက်သွားရာမှ ရှေ့တွင်ရပ်ထားသည့် ၁၂ ဘီးယာဉ်တွဲကားအား နောက်မှ ဝင်တိုက်မိခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် မှန်လုံယာဉ်မောင်း ဦးအောင်မြင့်ဌေးတွင် ယာဘက်ဒူးကျိုးဒဏ်ရာ ၊ သွေးထွက်လွန်၍ (စိုးရိမ်ရ) ၊ ခရီးသည် မောင်နိူင်ထက် (၃)နှစ် (ဘ) ဦးသက်ဖြိုးအောင် သထုံမြို့နယ် တောကြီးကျေးရွာနေသူတွင် နဖူး တစ်လက်မခန့်ကွဲဒဏ်ရာ (စိုးရိမ်ရ) ဒဏ်ရာများ ရရှိသဖြင့် မြဝတီဆေးရုံကြီးသို့ရဲဆေးစာနှင့်အတူ မြဝတီနှင့်သင်္ဃန်းညီနောင် လူမှုကယ်ဆယ်ရေးအသင်းတို့က တင်ပိုခဲ့ရကြောင်း သိရသည်။

သို့ဖြစ်ပါ၍ ယာဉ်အား မဆင်မခြင်မောင်းနှင်၍ ခရီးသည်များ ဒဏ်ရာရစေခဲ့သည့် ယာဉ်မောင်း ဦးအောင်မြင့်ဌေးကို သင်္ဃန်းညီနောင်ရဲစခန်းမှ ယာဉ်(ပ) ၄၅/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၃၈/၂၇၉ အရ အရေးယူစစ်ဆေးလျှက်ရှိကြောင်း သိရသည်။

Most Read

Most Recent