အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များကို ခန့်အပ်တာဝန်ပေးရန် လွှတ်တော် သဘောတူ

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များကို ခန့်အပ်တာဝန်ပေးရန် လွှတ်တော် သဘောတူ
Published 23 November 2017

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များကို ခန့်အပ်တာဝန်ပေးရန် နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်သို့ တင်ပြထားမှုအပေါ် ကန့်ကွက်မည့် ကိုယ်စားလှယ် မရှိသည့်အတွက် လွှတ်တော်က နိုဝင်ဘာ ၂၃ ရက်တွင် သဘောတူခဲ့သည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အသစ်တွင် ဥက္ကဋ္ဌအဖြစ် ပြန်ကြားရေးဝန်ကြီးဟောင်း ဦးအောင်ကြည်၊ အတွင်းရေးမှူးအဖြစ် တရားလွှတ်တော် ရှေ့နေ/ဥပဒေအတိုင်ပင်ခံ ဦးစန်းဝင်းအပါအဝင် အဖွဲ့ဝင်(၁၂)ဦးဖြင့် ဖွဲ့စည်းမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်သို့ သဝဏ်လွှားပေးပို့ တင်ပြထားသည်။

ပြည်ထောင်အစိုးရအဖွဲ့ ဒုတိယသက်တမ်း ကာလတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အသစ်ကို ဖွဲ့စည်းခန့်အပ် တာဝန်ပေးနိုင်ရေးအတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ(၇) ပုဒ်မခွဲ(က)ပါပြဋ္ဌာန်းချက်နှင့်အညီ ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီမှု ရရှိယူပေးနိုင်ရန်အတွက် နိုင်ငံတော်သမ္မတထံက လွှတ်တော်သို့ သဝဏ်လွှာပေးပို့ထားခြင်း ဖြစ်သည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အသစ်တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီး(ငြိမ်း) ဦးအောင်ကြည်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊ ညွှန်ကြားရေးမှူး(ငြိမ်း)

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးစိုးတင့်၊ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူး(ငြိမ်း)ဦးအောင်လွင်၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(ငြိမ်း)၊ Notary Public တရားလွှတ်တော်ရှေ့နေ ဦးဟန်ညွှန့်၊ နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်(ငြိမ်း)၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဒေါ်မြတ်

မြတ်စိုး၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ညွှန်ကြားရေးမှူး(ငြိမ်း)၊ တရားလွှတ်တော်ရှေ့နေ ဦးအောင်သန်းမြင့်၊ ပြည်ထောင်စုလွှတ်တော်ရှေ့နေချုပ်ရုံး၊ ညွှန်ကြားရေးမှူး(ငြိမ်း)၊ တရားလွှတ်တော်ရှေ့နေ/ ဥပဒေအတိုင်ပင်ခံ ဦးစန်းဝင်း၊ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်မြင့်၊ တရားလွှတ်တော်ရှေ့နေဦးမျိုးမြင့်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဒေါ်အေးအေးမူ၊ ရဲချုပ်(ငြိမ်း) ဦးဇော်ဝင်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ညွှန်ကြားရေးမှူး(ငြိမ်း) ဒေါ်လဲ့လဲ့သွင်တို့ကို တာဝန်ယူဆောင်ရွက်ကြမည်ဖြစ်သည်။

 

ပြီးခဲ့သော သမ္မတဟောင်းဦးသိန်းစိန်အစိုးရ လက်ထက်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပါ ပြဋ္ဌာန်းချက်များအရ လာဘ်ပေးလာဘ်ယူမှုပပျောက်ရေး ကော်မရှင်ကို ၂၀၁၄ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်တွင် စစ်မှုထမ်း(အငြိမ်းစား) ဦးမြဝင်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းခဲ့သည်။

ထို့နောက် အဆိုပါ လာဘ်ပေးလာဘ်ယူမှုပပျောက်ရေး ကော်မရှင်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အဖြစ် အမည်ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။

ကမ္ဘာ့နိုင်ငံများ၏ အဂတိလိုက်စားမှုများအား စောင့်ကြည့်အကဲဖြတ်လျက်ရှိသည့် NGO အဖွဲ့ဖြစ်သော နိုင်ငံတကာပွင့်လင်းမြင်သာမှုရှိရေး အဖွဲ့မှ ထုတ်ပြန်ခဲ့သည့် အဂတိလိုက်စားမှုနှင့် ပတ်သက်သည့် အညွန်းကိန်းအရ ၂၀၁၁ ခုနှစ်တွင် ကမ္ဘာ့နိုင်ငံပေါင်း ၁၈၂ နိုင်ငံ စာရင်းတွင် မြန်မာနိုင်ငံအား အဆင့် ၁၈၀ အဖြစ်သတ်မှတ်ထားရှိခဲ့ရာမှ ၂၀၁၅ ခုနှစ်တွင် အဆင့် ၁၄၇ သို့ရောက်ရှိလာကြောင်း၊ ၂၀၁၆ခုနှစ်တွင် အဆင့် ၁၃၆ သို့ရောက်ရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent