အမေရိကန်သံရုံးရှေ့ ဆန္ဒပြမှုနှင့် ပတ်သက်၍ ဆရာတော်ဦးပါမောက္ခအား ပုဒ်မ ၁၉ ဖြင့် ထောင်ဒဏ်တစ်လချမှတ်ခဲ့ပြီး ပုဒ်မ ၅၀၅ (ခ) အမှုတွင် တရားလိုပြသက်သေအား စတင်စစ်ဆေး

အမေရိကန်သံရုံးရှေ့ ဆန္ဒပြမှုနှင့် ပတ်သက်၍ ဆရာတော်ဦးပါမောက္ခအား ပုဒ်မ ၁၉ ဖြင့် ထောင်ဒဏ်တစ်လချမှတ်ခဲ့ပြီး ပုဒ်မ ၅၀၅ (ခ) အမှုတွင် တရားလိုပြသက်သေအား စတင်စစ်ဆေး
Published 21 November 2017

အမေရိကန်သံရုံးရှေ့ ဆန္ဒပြမှုနှင့်ပတ်သက်၍ တရားစွဲခံထားရသည့် မကွေးကျောင်းဆရာတော်ဦးပါမောက္ခအား ကမာရွတ်မြို့နယ်တရားရုံး ရုံးချိန်းတွင် တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

အမေရိကန်သံရုံးရှေ့ ဆန္ဒပြမှု နှင့် ပတ်သတ်၍ တရားစွဲခံထားရ သည့် မကွေးကျောင်းဆရာတော်ဦး ပါမောက္ခအား ကမာရွတ်မြို့နယ် တရားရုံးတွင် နိုဝင်ဘာ ၂၁ ရက်၊ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်က ဒုတိယအကြိမ် ရုံးထုတ်ခဲ့ကြောင်း သိရသည်။

အဆိုပါရုံးချိန်း၌ ဆရာတော် ဦးပါမောက္ခအား တရားစွဲဆိုထား သည့် ပုဒ်မ-၅၀၅(ခ)နှင့် ပုဒ်မ-၁၉ အားစစ်ဆေးခဲ့ရာ ပုဒ်မ-၁၉ အတွက် ဆရာတော်မှဝန်ခံခဲ့သည့် အတွက် ထောင်ဒဏ်တစ်လချ မှတ် ခဲ့ပြီး ပုဒ်မ-၅၀၅(ခ) အမှုတွင်တရား လိုပြသက်သေစတင် စစ်ဆေးခဲ့ ကြောင်းသိရသည်။
“ ဒီကနေ့ရုံးချိန်းက အဓိက အားဖြင့် တရားလိုအဖြစ် တာဝန်ယူ စွဲတဲ့ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းအောင်ကို အဓိကစစ် မေးတဲ့ရုံးချိန်းဖြစ်ပါတယ်။ ပုဒ်မ- ၁၉ အတွက် သူတို့က ဆန္ဒပြဖို့ ခွင့်ပြုတာက ဗိုလ်စိန်မှန်ကွင်းမှာ ပြုတယ်။ ပြတာက အမေရိကန်သံ ရုံးရှေ့မှပြတယ်။ အဲ့ဒီအတွက် နေရာလွဲမှားခြင်းကို စွပ်စွဲခံရသူဆရာ တော်ဦးပါမောက္ခက ဝန်ခံတဲ့ အတွက်ကြောင့် မြို့နယ်တရားသူ ကြီးက ဒီမှားယွင်စွာဆောင်ရွက်မှု ပေါ်ပေါက်နေသဖြင့် ပြစ်ဒဏ်တစ်လ ချမှတ်တယ်လို့ ဆောင်ရွက်ပါတယ် ” မကွေး ကျောင်းဆရာတော်အမှု ဦးပါမောက္ခ အမှု ကူညီဆောင်ရွက်သူများအဖွဲ့ မှ ပြန်ကြားရေး ဦးအောင်မြိုင်က မီဒီယာများသို့ ဖြေကြားသည်။

နောက်တစ်ပတ်ရုံးချိန်းအား နိုဝင်ဘာ ၂၈ ရက်သို့ ပြန်လည်ချိန်း ဆိုခဲ့ပြီး ပုဒ်မ-၅၀၅(ခ)အတွက် အာမခံလျောက်ရန် လိုအပ်သော သက်သေခံအထောက်များ ပေါ်ပေါက်လာပါက လျောက်ထား သွားမည်ဖြစ်ကြောင်း ဦးအောင်မြိုင် က ဆက်လက်ပြောကြားသည်။

ဆရာတော်ဦးပါမောက္ခအား အမေရိကန် သံရုံးရှေ့ဆန္ဒပြမှုနှင့် ပတ်သတ်၍ တရားစွဲဆိုကာ ဖမ်း၀ ရမ်းထုတ် ပြန်ထားချိန် ဆရာတော် သည် မြောက်ဒဂုံမြို့မရဲစခန်းသို့ နိုဝင်ဘာ ၁၂ ရက်က သွားရောက်၍ အဆိုပါမြို့နယ်အတွင်းရှိ မြေယာကိစ္စတစ်ခုအား ဆန္ဒပြရန် အကြောင်းကြားစာသွားတင်ခဲ့ ကြောင်း၊ ယင်းအချိန်မှာပင် ဆရာ တော်အား ဝရမ်းအရ မြောက်ဒဂုံမြို့ မရဲစခန်းမှ ထိန်းသိမ်းခဲ့ပြီး ရန်ကုန် တိုင်းဒေသကြီးသံဃနာယကသို့ ခေါ်ဆောင်ခဲ့ကြောင်း၊ ရဟန်သိက္ခာ ချရန်နှင့် လူဝတ်လဲရန် ဖိအားပေး ခဲ့သော်လည်း သိက္ခာချခြင်းအား လက်မခံသဖြင့် လူဝတ်လဲခံခဲ့ရ ကြောင်းသိရသည်။

၂၀၁၆ ခုနှစ်၊ ဧပြီ ၂၈ ရက်က ကမာရွတ်မြို့နယ်၊ တက္ကသိုလ် ရိပ်သာလမ်းပေါ်ရှိ အမေရိကန် သံရုံးရှေ့တွင် ဆန္ဒပြမှုကြောင့် ဆရာတော်ဦးပါ မောက္ခ အပါအဝင် သံဃာသုံးပါးနှင့် ကိုဝင်းကို လတ်လတ်အပါအဝင် အမျိုးသား လေးဦးတို့ကို ငြိမ်းချမ်းစွာစုဝေး ခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဥပဒေ ပုဒ်မ-၁၉၊ နိုင်ငံတော်အကြည်ညို ပျက်စေမှုဥပဒေ ပုဒ်မ-၅၀၅(ခ) တို့ဖြင့် ကမာရွတ် မြို့နယ်တရားရုံး ၌ တရားစွဲဆိုထားခဲ့ပြီး အဆိုပါအမှုတွဲနှင့် ပတ်သတ် ၍ ကိုဝင်းကိုကိုလတ်၊ကိုသက်မျိုးဦး၊ ကိုနောင်တော်လေး(ခ)နိုင်ဝင်း ထွန်း၊ နေဝင်းအောင်တို့ လေးဦးကို ကမရွတ်မြို့နယ်တရားရုံးမှ စက်တင် ဘာ ၂၈ ရက်တွင် ပုဒ်မ -၁၉ဖြင့် ထောင်ဒဏ်တစ်လစီနှင့် ပုဒ်မ၅၀၅-(ခ)ဖြင့် ထောင်ဒဏ် ခြောက်လစီ စုစုပေါင်းထောင်ဒဏ် ခုနှစ်လ အမိန့်ချမှတ်ခဲ့ကာ ချုပ်ရက်များ ထုတ်နှုတ်ခံစားခွင့်ပြုခဲ့ကြောင်း သိရသည်။

Most Read

Most Recent