မြန်မာနိုင်ငံမှ ပထမဆုံးအဖြစ် လက်ခံကျင်းပသည့် (၁၃)ကြိမ်မြောက် အေဆမ် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ပြီးဆုံး

မြန်မာနိုင်ငံမှ ပထမဆုံးအဖြစ် လက်ခံကျင်းပသည့် (၁၃)ကြိမ်မြောက် အေဆမ် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ပြီးဆုံး
Published 21 November 2017

မြန်မာနိုင်ငံမှ ပထမဆုံးအကြိမ် အဖြစ် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန MICC 1 တွင် လက်ခံကျင်းခဲ့သည့် (၁၃)ကြိမ်မြောက် အေဆမ် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး နိုဝင်ဘာ ၂၁ ရက်က ပြီးဆုံးခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ ၂၁ ရက် နံနက် ၉ နာရီ၌ အစည်းအဝေးဒုတိယနေ့အဖြစ် (၁၃)ကြိမ်မြောက် အေဆမ် နိုင်ငံခြားရေးဝန်ကြီးများ (သီးသန့်) အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပြီး အစည်းအဝေးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်မှ အဖွင့်အမှာ စကားပြောကြားပြီး၊ တက်ရောက်လာကြသည့် နိုင်ငံခြားရေး ဝန်ကြီးများမှ ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်မှ နိဂုံးချုပ်အမှာစကား ပြောကြားပြီး၊ (၁၃)ကြိမ်မြောက် အေဆမ် နိုင်ငံခြားရေးဝန်ကြီး များ အစည်းအဝေးအား အောင်မြင်စွာပိတ်သိမ်းခဲ့ကြောင်း သိရသည်။အေဆမ် နိုင်ငံခြားရေးဝန်ကြီးများ(သီးသန့်)အစည်းအဝေးအပြီးတွင် ပူးတွဲသတင်းစာ ရှင်းလင်းပွဲ တစ်ရပ်အား ဆက်လက်ကျင်းပခဲ့သည်။

ယင်းသတင်းစာရှင်းလင်းပွဲတွင် (၁၃)ကြိမ်မြောက် အေဆမ် နိုင်ငံခြားရေးဝန်ကြီးများ အစည်း အဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် မြန်မာနိုင်ငံမှ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်၊ ၂၀၁၈ ခုနှစ်တွင် (၁၂)ကြိမ်မြောက် အေဆမ်ထိပ်သီးအစည်း အဝေးအား ဘယ်လ်ဂျီ ယံ နိုင်ငံ၊ ဘရပ်ဆဲလ်မြို့၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် European Union အဖွဲ့ကိုယ်စား အက်စ်တိုးနီး ယားနိုင်ငံခြားရေးဝန်ကြီး H.E. Mr. Sven Mikser နှင့် ၂၀၁၉ ခုနှစ်တွင် (၁၄)ကြိမ်မြောက် အေဆမ် နိုင်ငံခြား ရေး ဝန်ကြီးများ အစည်းအဝေးအား အိမ်ရှင်အဖြစ် ကျင်းပမည့် စပိန်နိုင်ငံခြားရေး ဝန်ကြီးဌာန Secretary of State H.E. Mr. Ildefonso Castro တို့မှ အမှာစကားများ အသီးသီး ပြောကြားခဲ့ကြပြီး တက်ရောက်လာ ကြသည့် သတင်းထောက်များ၏ မေးခွန်းများအား ပြန်လည်ဖြေကြားခဲ့သည်။

နိုဝင်ဘာ ၂၀ ရက်က ပြုလုပ်သည့် ပထမနေ့တွင် (၁၃)ကြိမ်မြောက် အေဆမ် နိုင်ငံခြားရေးဝန်ကြီးများ ၏ မျက်နှာစုံညီ အစည်းအဝေးများအား နံနက်ပိုင်းတွင် “Synergizing Peace and Sustainable Develop-ment” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မွန်းလွဲပိုင်းတွင် “3rd Decade of ASEM: Making ASEM Partnership more Dynamic and Connected” ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။

(၁၃)ကြိမ်မြောက် အေဆမ် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ ဥရောပသမဂ္ဂ အဖွဲ့ဝင် ၂၈ နိုင်ငံ၊ ဥရောပသမဂ္ဂအဖွဲ့ဝင် မဟုတ်သည့် နိုင်ငံ ၂ နိုင်ငံ၊ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံ၊ အရှေ့မြောက်နှင့် တောင်အာရှ အုပ်စုဝင် ၁၁ နိုင်ငံ စုစုပေါင်းအဖွဲ့ဝင် ၅၁ နိုင်ငံနှင့် ဒေသဆိုင်ရာ အဖွဲ့အစည်းများဖြစ်သည့် အာဆီယံ အတွင်းရေး မှူးချုပ်ရုံးနှင့် ဥရောပကော်မရှင်တို့မှ နိုင်ငံခြားရေးဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အဆင့်မြင့် အရာရှိကြီးများ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ဝင်များ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

အေဆမ် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမတိုင်မီ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်၍ အဆင့်မြင့် အရာရှိကြီးများအစည်းအဝေးကို နေပြည်တော်တွင် နိုဝင်ဘာလ ၁၇-၁၉ ရက်နေ့အထိ ကျင်းပခဲ့သည်။

Most Read

Most Recent