မောင်တောခရိုင် ဘူးသီးတောင်မြို့နယ်အတွင်း WY စိတ်ကြွဆေးပြား တစ်သန်းနီးပါး ထပ်မံ သိမ်းဆည်းရမိ

မောင်တောခရိုင် ဘူးသီးတောင်မြို့နယ်အတွင်း WY စိတ်ကြွဆေးပြား တစ်သန်းနီးပါး ထပ်မံ သိမ်းဆည်းရမိ
Published 21 November 2017

မောင်တောခရိုင် ဘူးသီးတောင်မြို့နယ်အတွင်း WY စိတ်ကြွဆေးပြား တစ်သန်းနီးပါးကို နိုဝင်ဘာ ၂၀ ရက် ညနေက ထပ်မံ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများမှာ ယခင်က မူးယစ်ဆေးဝါးမှုဖြင့် ထွက်ပြေး တိမ်းရှောင်နေသည့် ဘသိန်းမောင်ဆိုသူ သိမ်းဆည်းထားသည့် နေရာများမှ ရရှိခဲ့ခြင်းဖြစ်သည်။

စိတ်ကြွဆေးပြားများအား ဘူးသီးတောင်မြို့နယ် အိုးသည်ရွာအနီး တောင်ကြောပေါ်ရှိ ချုံအတွင်းမှ WY စာတမ်းပါ မူးယစ်ဆေးပြား တစ်ထုပ်လျှင် အပြား ၉၇၅၀ စီပါ အထုပ်ပေါင်း ၉၉ ထုပ်အား သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ သိုဝှက်ထားသည့် စိတ်ကြွဆေးပြားများကို ဘူးသီးတောင်မြို့မရဲစခန်း မယ (ပ) ၇/၂၀၁၇ မူးစိတ်ပုဒ်မ ၁၅/၁၉ (က)/၂၁ အမှုမှ တရားခံ စိုးပိုင်အား စစ်ကြောဖော်ထုတ်ချက်အရ အမှုမှထွက်ပြေး တိမ်းရှောင်နေသော တရားခံ ဘသိန်းမောင် (၄၃ နှစ်) သည် ဘူးသီးတောင်မြို့နယ် အိုးသည်ရွာအနီးရှိ တောင်ကြောလမ်းအတိုင်း သယ်ဆောင် သိုဝှက်ထားတတ်ကြောင်း သတင်းအရ နိုဝင်ဘာ ၂၀ ရက် ညနေ ၃ နာရီခန့်က သွားရောက် ရှာဖွေရာမှ တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ သိမ်းဆည်းရမိသည့် ဆေးပြားများနှင့် ပတ်သက်၍ အမှုဖြင့် ထွက်ပြေးတိမ်းရှောင်နေသူ တရားခံ ဘသိန်းမောင်အား ဆက်လက်အမှုဖွင့် အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ခရိုင်ရဲတပ်ဖွဲ့မှ သိရသည်။

Most Read

Most Recent