အဝေးပြေး ယာဉ်ရပ်နားစခန်းများတွင် တက္ကစီများ စနစ်တကျဖြစ်စေရေး အထိုက်အလျောက်သာ စည်းကမ်းကြပ်မတ်နိုင်ဟုဆို

အဝေးပြေး ယာဉ်ရပ်နားစခန်းများတွင် တက္ကစီများ စနစ်တကျဖြစ်စေရေး အထိုက်အလျောက်သာ စည်းကမ်းကြပ်မတ်နိုင်ဟုဆို
Published 21 November 2017

အဝေးပြေး ယာဉ်ရပ်နားစခန်းများတွင် တက္ကစီများ စနစ်တကျဖြစ်စေရေး စစ်ဆေး အရေးယူဆောင်ရွက်လျက် ရှိသော်လည်း အထိုက်အလျောက်သာ စည်းကမ်းကြပ်မတ်နိုင်သည့်အတွက် ယခုအခါ ပိုမိုထိရောက်သော အစီအစဉ်များ ဆောင်ရွက်လျက်ရှိဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က နိုဝင်ဘာ ၂၀ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး ၁၇ ရက်မြောက်နေ့တွင် ပြောကြားသည်။

“အောင်မင်္ဂလာ အဝေးပြေး ယာဉ်ရပ်နားစခန်းနှင့် ဒဂုံဧရာ ယာဉ်ရပ်နားစခန်းတို့မှာ အငှားယာဉ်များ တက္ကစီများ စနစ်တကျဖြစ်ရေး စစ်ဆေးအရေးယူ ဆောင်ရွက်လျက် ရှိသော်လည်း အထိုက်အလျောက်သာ စည်းကမ်း ကြပ်မတ်နိုင်တဲ့အတွက် အခုအခါမှာ ပိုမိုပြီး စနစ်တကျ ရှိရေးအတွက် အငှားယာဉ်တက္ကစီများကို ကွပ်ကဲနိုင်ရန် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့အနေဖြင့် အငှားယာဉ်များ ကြီးကြပ်မှုကော်မတီကို သီးခြားဖွဲ့စည်းပြီးတော့ အဝေးပြေးယာဉ်အသင်းနှင့် အောင်မင်္ဂလာအဝေးပြေ ယာဉ်ရပ်နားစခန်းနဲ့ ဒဂုံဧရာအဝေးပြေး ယာဉ်ရပ်နားစခန်း ကြီးကြပ်မှုကော်မတီအနေနဲ့ ပူးပေါင်းပြီး ပိုမိုထိရောက်သော အစီအစဉ်များ ဆောင်ရွက်လျက် ရှိပါတယ်”ဟု ဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားသည်။

သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးကျော် (ခ) နေဘုန်းလတ်က မင်္ဂလာဒုံမြို့နယ် (၁) ရပ်ကွက်အတွင်းရှိ အောင်မင်္ဂလာ အဝေးပြေးဝင်း၊ မင်္ဂလာဒုံ လေယာဉ်ကွင်းနှင့် ဒဂုံဧရာ အဝေးပြေးကွင်းတို့တွင် ပြေးဆွဲနေသော အငှားယာဉ်များအား စနစ်တကျဖြစ်စေရေး စီစဉ်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ / မရှိ မေးခွန်းနှင့် ပတ်သက်၍ ဝန်ကြီးက ဖြေကြားခဲ့ခြင်း ဖြစ်သည်။

Most Read

Most Recent