ပုဂံတွင် အမေရိကန်နိုင်ငံသူတစ်ဦး ဘုရားပေါ်မှ လိမ့်ကျသဖြင့် ဒဏ်ရာပြင်းထန်စွာရရှိ

ပုဂံတွင် အမေရိကန်နိုင်ငံသူတစ်ဦး ဘုရားပေါ်မှ လိမ့်ကျသဖြင့် ဒဏ်ရာပြင်းထန်စွာရရှိ
Published 8 November 2017

ဒဏ်ရာရရှိသူအား မန္တလေးဆေးရုံသို့ ပို့ဆောင်ရန် စီစဉ်နေစဉ်

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေတွင် နိုဝင်ဘာ ၇ ရက်ညနေပိုင်းက ကမ္ဘာလှည့်ခရီးသည် အမေရိကန်နိုင်ငံသူတစ်ဦး နေဝင်ဆည်းဆာအလှ ကြည့်ရှုရန် ဘုရားတစ်ဆူပေါ် တက်ရောက်ရာမှ မတော်တဆ လိမ့်ကျပြီး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း သတင်းရရှိသည်။

အသက် ၂၁ နှစ်အရွယ် အမေရိကန်နိုင်ငံသူ Ms Braun Kassanbra သည် ည နေ ၅ နာရီခန့်တွင် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ အတွင်းရှိ ဝတ္ထနတော ဘုရားအစုအတွင်းရှိ ဘုရားအမှတ် ၃၅၂ ပေါ်သို့ တက်ရောက်ခဲ့ရာ အမြင့်ပေ ၂၀ ခန့်မှ မတော်တဆ လိမ့်ကျခဲ့သဖြင့် မျက်ကွင်းနှစ်ဖက်ဖူး ရောင်ညိုမဲဒဏ်ရာ၊ နားနှစ်ဖက်သွေးထွက် ဒဏ်ရာ၊ နှာခေါင်းသွေးထွက်ဒဏ်ရာများ ရရှိကာ သတိမရကြောင်း၊ ဒဏ်ရာ ပြင်းထန်သဖြင့် ညောင်ဦးဆေးရုံမှတစ်ဆင့် မန္တလေးဆေးရုံသို့ ဆက်လက်ပို့ဆောင်ခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေတွင် နေဝင်နေထွက် ကြည့်ရှုရန် ပြည်တွင်း ပြည်ပ ခရီးသွားများအတွက် ရှုခင်းကြည့်ကုန်းများ စီစဉ်ဆောင်ရွက် ထားသော်လည်း ကမ္ဘာလှည့်ခရီးသွား အချို့သည် တက်ရောက်ခွင့် မရှိသော ရှေးဟောင်းဘုရား အဆောက်အအုံများပေါ်သို့ တက်ရောက်ကြသဖြင့် မတော်တဆ လိမ့်ကျကာ ဒဏ်ရာရှိမှုများ၊ အသက်အန္တရာယ် ဆုံးရှုံးရသည်များ ဖြစ်ခဲ့ဖူးကြောင်း သိရသည်။

Most Read

Most Recent