ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် တရုတ်နိုင်ငံ စီးပွားရေးသံအဖွဲ့တို့ တွေ့ဆုံ

ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် တရုတ်နိုင်ငံ စီးပွားရေးသံအဖွဲ့တို့ တွေ့ဆုံ
Published 7 November 2017

ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် တရုတ်နိုင်ငံ စီးပွားရေးသံအဖွဲ့တို့ နိုဝင်ဘာ ၆ ရက်က တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။

တရုတ်စီးပွားရေးသံအဖွဲ့ကို တရုတ်ကွန်မြူနစ်ပါတီ၊ နုကျန်းပြည်နယ်ခွဲကော်မတီ အတွင်းရေးမှူး Mr. Na Yan De ကဦးဆောင်ကာ အဖွဲ့ဝင် ၁၀ ဦးနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး၊ စီးပွားရေးကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ရှေ့နေချုပ် ဦးဒီဆင်ရမ်က “တစ်နိုင်ငံလုံးမှာ တရုတ်နိုင်ငံဘက်က ဆောင်ရွက်နေတာတွေ ပြောတယ်။ ကချင်ပြည်နယ်ဝန်ကြီးချုပ်က လွယ်ဂျယ်နဲ့ ကန်ပိုက်တီးဒေသကနေ တရုတ်ဘက်သွားတဲ့ ဆန်တွေ တရားဝင်ဖြစ်ပြီး စီးပွားရေးအရ ဖြစ်မြောက်အောင်လုပ်ဖို့ပြောတယ်။ သူတို့ဘက်က ဆန်ကိုပင်လယ်လမ်းကနေ တန်ချိန်ကန့်သတ်မှုနဲ့ သယ်ယူပို့ဆောင်မှုသာရှိပြီး တခြားလမ်းကသယ်ယူတာမရှိဘူးလို့ ပြောတယ်။ နောက်ပြီး ကျွဲ၊ နွားတင်သွင်းတဲ့ ကိစ္စရပ်နဲ့လည်း ကျန်းမာရေးအရအဆင့်ဆင့် စိစစ်ဖို့လိုသေးတယ်လို့ပြောတယ်။ အဲဒီပစ္စည်းတွေက တရုတ်နိုင်ငံအတွက် မှောင်ခိုပစ္စည်းအဖြစ်ပဲရှိနေသေးတယ်။ တခြားတော့ မပြောကြပါဘူး။ စိုက်ပျိုးရေး၊ မွေးမြူရေးကိစ္စတွေပါပဲ။ ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမှာ ပိုးမွေးမြူရေးလုပ်ငန်းတွေ အောင်မြင်နေတဲ့ကိစ္စလည်းပြောတယ်” ဟုပြောကြားသည်။

မြစ်ကြီးနားမြို့၌ စီးပွားရေးဇုန် တည်ဆောက်နိုင်ရေးအတွက် နိုဝင်ဘာ ၁ ရက်ကလည်း တရုတ်ကုမ္ပဏီများနှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

Most Read

Most Recent