ရန်ကုန်တိုင်းရှိ အများပြည်သူနှင့် သက်ဆိုင်သော နေရာများ၌ အရက်သောက်စားသူများကို ဖမ်းဆီးရာ နှစ်ရက်အတွင်း ၄၀၀ နီးပါး ဖမ်းဆီးရမိပြီး ဖမ်းမိသူအချို့ကို ထောင်ဒဏ်နှင့် ငွေဒဏ်အသီးသီးချမှတ်

ရန်ကုန်တိုင်းရှိ အများပြည်သူနှင့် သက်ဆိုင်သော နေရာများ၌ အရက်သောက်စားသူများကို ဖမ်းဆီးရာ နှစ်ရက်အတွင်း ၄၀၀ နီးပါး ဖမ်းဆီးရမိပြီး ဖမ်းမိသူအချို့ကို ထောင်ဒဏ်နှင့် ငွေဒဏ်အသီးသီးချမှတ်
Published 2 November 2017

အင်းလျားကန်ပေါင်တွင် အရက်သေစာ သောက်စားနေသူများကို ရဲတပ်ဖွဲ့က ဖမ်းဆီးနေစဉ် (ဓာတ်ပုံ-Yangon Police)

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အများပြည်သူနှင့် သက်ဆိုင်သော နေရာများ၌ ဝိုင်းဖွဲ့၍ အရက်သေစာ သောက်စားသူများကို အောက်တိုဘာ ၃၀ ရက်နှင့် ၃၁ ရက်တွင် ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးရာ နှစ်ရက်အတွင်း ၄၀၀ နီးပါးဖမ်းဆီးခဲ့ပြီး ဖမ်းဆီးရမိသူများကို ထောင်ဒဏ်နှင့် ငွေဒဏ်များ ချမှတ်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။

ရန်ကုန်တိုင်းအတွင်း အများပြည်သူနှင့် သက်ဆိုင်သည့် လူစည်ကားရာ ပန်းခြံများ၊ လမ်းဆုံလမ်းခွများ၊ တံတားများနှင့် လူသွားစြင်္ကံများတွင် ဝိုင်းဖွဲ့၍ အရက်သေစာသောက် စားမူးယစ်သူများကို ရဲတပ်ဖွဲ့က လိုက်လံဖမ်း ဆီးရာ အောက်တိုဘာ ၃၀ ရက်တွင် ရန်ကုန် အရှေ့ပိုင်းခရိုင်ရှိ မြို့နယ်များမှ ကိုးဦး၊ အနောက်ပိုင်းခရိုင်ရှိ မြို့နယ်များမှ ၇၁ ဦး၊ မြောက်ပိုင်းခရိုင်ရှိ မြို့နယ်များမှ ၂၈ ဦး စုစု ပေါင်း ၁၀၈ ဦးအား ဖမ်းဆီးပြီး သက်ဆိုင်ရာ တရားရုံးများတွင် ရန်ကုန်ရဲအက်ဥပဒေဖြင့် တရားစွဲဆိုခဲ့ကြောင်း သိရသည်။

တရားရုံးများမှ ပြစ်ဒဏ်များချမှတ်ရာ တွင် ကမာရွတ်မြို့နယ်တရားရုံးမှ အမှုသုံးမှု ကို ထောင်ဒဏ်ငါးရက် ကျခံစေရန်လည်း ကောင်း၊ ကြည့်မြင်တိုင်မြို့နယ်တရားရုံးမှ အမှုငါးမှုကို ထောင်ဒဏ်ခုနစ်ရက် ကျခံစေ ရန်လည်းကောင်း၊ တာမွေမြို့နယ်မှကိုးမှု၊ ဗဟန်းမြို့နယ်မှ ခြောက်မှု၊ ကျောက်တံတား မြို့နယ်မှ သုံးမှု၊ ဆိပ်ကမ်းမြို့နယ်မှတစ်မှု၊ စမ်းချောင်းမြို့နယ်မှ နှစ်မှု၊ လှိုင်မြို့နယ်မှ နှစ်မှုနှင့် မှော်ဘီ၊ လှိုင်သာယာ၊ အင်းစိန်မြို့ နယ်တို့မှ ကိုးမှုတို့ကို ဒဏ်ငွေ ကျပ် ၅၀ စီ ပေး ဆောင်စေရန် လည်းကောင်း စီရင်ချက်များ ချမှတ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် အောက်တိုဘာ ၃၁ ရက်၌ အများပြည်သူနှင့် သက်ဆိုင်သော နေရာများတွင် အရက်သောက်စား သူများအား ဆက်လက်ဖမ်းဆီးရာ အရှေ့ပိုင်းခရိုင်ရှိ မြို့နယ်များမှ ၈၅ ဦး၊ အနောက်ပိုင်းခရိုင်ရှိ မြို့နယ်များမှ ၁၇၄ ဦး၊ တောင်ပိုင်းခရိုင်ရှိ မြို့နယ်များမှ လေးဦး၊ မြောက်ပိုင်းခရိုင်ရှိ မြို့နယ်များမှ ၂၁ ဦး စုစုပေါင်း ၂၈၄ ဦးအားလည်းကောင်း ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ထိုသို့ဖမ်းဆီးမှုများ မပြုလုပ်မီ အောက်တိုဘာ ၁ ရက်မှစ၍ လူစည်ကားရာ နေရာများတွင် အရက်သေစာ သောက်စားသူများကို လိုက်လံအသိပညာပေးခြင်း လုပ်ငန်းအား ရဲတပ်ဖွဲ့က ဆောင်ရွက်ခဲ့ပြီး ပညာပေးကာလ တစ်လပြည့်သည့် အောက်တိုဘာ ၃၀ ရက် တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

 

Most Read

Most Recent