ကျိုက်မရောမြို့နယ်အတွင်း ခွင့်ပြုမိန့် အထောက်အထား မပါရှိဘဲ ရောက်ရှိနေသည့် တရုတ်နိုင်ငံသား ၁၈ ဦးအား တွေ့ရှိသဖြင့် မော်လမြိုင်မြို့သို့ ပြန်လည် စေလွှတ်ခဲ့

ကျိုက်မရောမြို့နယ်အတွင်း ခွင့်ပြုမိန့် အထောက်အထား မပါရှိဘဲ ရောက်ရှိနေသည့် တရုတ်နိုင်ငံသား ၁၈ ဦးအား တွေ့ရှိသဖြင့် မော်လမြိုင်မြို့သို့ ပြန်လည် စေလွှတ်ခဲ့
Published 1 November 2017

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် အတွင်း ခွင့်ပြုမိန့်အထောက်အထား မပါရှိဘဲရောက်ရှိနေသည့် တရုတ်နိုင်ငံသား ၁၈ ဦး အား အောက်တိုဘာ ၃၀  ရက် ၊နံနက် ၉ နာရီ ခွဲခန့်က တွေ့ရှိရသဖြင့် မော်လမြိုင်မြို့သို့ပြန် လည်စေလွှတ်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာကျိုက်မရောမြို့နယ် ချောင်းနှစ်ခွကျေးရွာ အတ္ထရံတံတား (ချောင်းနှစ်ခွ) ၌ ယာဉ်မောင်း လွင်ဦး မောင်းနှင်လာသော  Toyota Wish အမျိုးအစား ခဲရောင် ယာဉ်အမှတ် YGN 9E/5135 ပါ မော်တော်ယာဉ် ငါးစီးအား ချောင်းနှစ်ခွနယ်မြေ ရဲစခန်းမှူး ရဲအုပ်တင့်ဆန်းဦးနှင့် တပ်ဖွဲ့ဝင်များမှ မသင်္ကာသဖြင့် ရပ်တန့်စစ်ဆေးခဲ့ရာ အဆိုပါယာဉ်ငါးစီးပေါ်တွင် တရုတ်နိုင်ငံသား Mr.Zxou Young Jun (၄၅) နှစ်ပါ တရုတ်နိုင်ငံသား ကျား ၁၇ ဦး၊ မတစ်ဦးနှင့် စကားပြန်ဖြစ်သူ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံမြို့နေ မြတ်သူ (၂၄) နှစ် (ဘ) ဦးပေါက်ကော့တို့အား တွေ့ရှိခဲ့ရကြောင်း၊ အဆိုပါအဖွဲ့အား စစ်ဆေးခဲ့ရာ ၎င်းတို့အဖွဲ့သည် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့ရှိကျောက်မိုင်းတွင် အလုပ်လုပ်ကိုင်ရန် သွားရောက်မည်ဖြစ်ကြောင်းကို သိရှိခဲ့ရ၍ အလုပ်အကိုင်နှင့် ပတ်သက်သော အထောက်အထား တစ်စုံတစ်ရာ မပါရှိသဖြင့် ကျိုက်မရောမြို့နယ် လဝကရုံးသို့ဆက်သွယ် အကြောင်းကြားခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

၎င်းတို့မှာ အောက်တိုဘာ ၂၉ ရက် မွန်းတည့် ၁၂ နာရီအချိန်ခန့်က တရုတ်နိုင်ငံ  ကူမင်းလေဆိပ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာခဲ့ကြောင်း၊ ည ၇ နာရီခန့်တွင် မော်လမြိုင်မြို့သို့ရောက်ရှိလာပြီး နဝရတ်မိုတယ်နှင့် ပြုံးပန်းေ၀ မိုတယ်တို့တွင် ညအိပ်ရပ်နားခဲ့ပြီးနောက် အောက်တိုဘာ ၃၀ ရက် မော်လမြိုင်မြို့မှ ဘုရားသုံးဆူမြို့ သို့ထွက်ခွာလာစဉ် အတ္ထရံတံတား (ချောင်းနှစ်ခွ) ၌ တာဝန်ရှိသူများ၏ စစ်ဆေးမှုကို ခံရခြင်းဖြစ်ကြောင်း၊ ၎င်းတရုတ်နိုင်ငံသား ၁၈ ဦးသည် Visit Visa အမျိုးအစားဖြင့် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လာခြင်း ဖြစ်ကြောင်း သိရသည်။

 

 

Most Read

Most Recent