အမှိုက်မှထွက်ရှိသည့် မီသိန်းဓာတ်ငွေ့ကို စုထုတ်ပြီး လျှပ်စစ်ထုတ်ယူသည့် စီမံကိန်းကို ယနေ့အထိ ဆောင်ရွက်နိုင်ခြင်း မရှိသေးသော်လည်း နောင်တွင် အမှိုက်မှ စွမ်းအင်ထုတ်လုပ်သည့်လုပ်ငန်းကို BOT (သို့မဟုတ်) PPP စနစ်ဖြင့်ဆောင်ရွက်ရန် ပြင်ဆင်နေ

အမှိုက်မှထွက်ရှိသည့် မီသိန်းဓာတ်ငွေ့ကို စုထုတ်ပြီး လျှပ်စစ်ထုတ်ယူသည့် စီမံကိန်းကို ယနေ့အထိ ဆောင်ရွက်နိုင်ခြင်း မရှိသေးသော်လည်း နောင်တွင် အမှိုက်မှ စွမ်းအင်ထုတ်လုပ်သည့်လုပ်ငန်းကို BOT (သို့မဟုတ်) PPP စနစ်ဖြင့်ဆောင်ရွက်ရန် ပြင်ဆင်နေ
Published 30 October 2017

ရန်ကုန်မြို့တွင် ပထမဆုံး စတင်တည်ဆောက်သည့် အမှိုက်မှစွမ်းအင် ထုတ်လုပ်သည့်စက်ရုံအား တွေ့ရစဉ် (ဓာတ်ပုံ-ထက်ရှိုင်း)

အမှိုက်ကထွက်ရှိသည့် မီသိန်းဓာတ်ငွေ့ကို စုထုတ်ပြီး လျှပ်စစ်ထုတ်ယူသည့် စီမံကိန်းကို ၂၀၁၂ ခုနှစ်မှ စတင်ဆောင်ရွက်ရန် ပြင်ဆင်ခဲ့ပြီး ယနေ့အထိ ဆောင်ရွက်နိုင်ခြင်း မရှိသေးသော်လည်း နောင်တွင် အမှိုက်မှ စွမ်းအင်ထုတ်လုပ်သည့် လုပ်ငန်း (Waste to Energy) ကို  BOT (သို့မဟုတ်) PPP စနစ်ဖြင့် ဆောင်ရွက်ရန်ပြင်ဆင်နေကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ပြောကြားသည်။

“အမှိုက်ကနေ မီသိန်းဓာတ်ငွေတွေ စုထုတ်ပြီးတော့ လျှပ်စစ်ထုတ်ယူဖို့ စီမံကိန်းကို ၂၀၁၂ ခု နှစ်မှာ စတင်ဆောင်ရွက်ဖို့ စတင် ပြင်ဆင်ခဲ့ပေမယ့် ယနေ့အထိ ဆောင်ရွက်နိုင်ခြင်း မရှိပါဘူး။ နောင်အမှိုက်ကနေ စွမ်းအင်ထုတ်တဲ့ လုပ်ငန်းတွေကို BOT (သို့မဟုတ်) PPP စနစ်ဖြင့် ဆောင်ရွက်ရန် ပြင်ဆင်နေပါတယ်”  ဟု ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားသည်။

လှိုင်သာယာမြို့နယ်၊ ထိန်ပင် နောက်ဆုံးစွန့်ပစ်အမှိုက်ပုံကြောင့် ရေထုညစ်ညမ်းမှုကို လျော့ချနိုင်ဖို့အတွက် ၂၀၁၇-၂၀၁၈ ခုနှစ်တွင် အမှိုက်ကနေ စိမ့်ထွက်လာမည့် အရည်များကို ပြင်ပကို မစီးဆင်းစေရန်အတွက် အနက် ၁၀ ပေနှင့် အကျယ် ၁၂ ပေရှိ တဲ့ ရေမြောင်းတွေ တူးဖော်ပြီး ယင်းရေမြောင်းများက အရည်များစီးဆင်းစေပြီး ထိန်းပင်သုဿန်၏ နောက်ကျောမြေနေရာတွင် ပေ ၅၀ ပတ်လည်ရှိသည့် ကန်ငါးကန်တူးထားကြောင်းနှင့် ယင်းကန်များတွင် သဘာဝလေ နှင့် နေရောင်စွမ်းအင် အသုံးပြုပြီး အပေါ်ယံ ရေမျက်နှာမြင့်ကနေ အနည်ထိုင်စေသည့်နည်းအပြင် အောက်စီဂျင်ပြည့်ဝစွာ ပျော်နိုင်ရန်အတွက် စနစ်တစ်ခုကို တပ်ဆင်ပြီး ပြုပြင်သန့်စင်သည့်နည်းစဉ်များကို ခေတ်မီစနစ်များ နှင့် တိုးမြှင့်ဆောင်ရွက်နေကြောင်း ရန်ကုန်မြို့တော်ဝန်၏ ပြောကြားချက်အရ သိရသည်။

နောင်တွင် အမှိုက်က စွမ်းအင်ထုတ်လုပ်သည့် နည်းလမ်းသည် မြေထုညစ်ညမ်းမှုကို လျှော့ချနိုင်မည့်အပြင် မြေအသုံးချမှုကိုလည်း တိုးမြှင့်ဆောင်ရွက်နိုင်မည်ဖြစ်သည်။

“နောင်လာမယ့် ဘဏ္ဍာရေးနှစ်တွေမှာ နောက်ဆုံး စွန့်ပစ်အမှိုက်ပုံတွေကို ပတ်ဝန်း ကျင်ထိခိုက်မှု မရှိစေဘဲနဲ့ စနစ်တကျ စီမံခန့် ခွဲနိုင်ဖို့အတွက် နှစ်အလိုက် လျာထားချက်တွေမှာ ရှိပါတယ်။၂၀၁၈-၂၀၁၉ ဘဏ္ဍာရေး နှစ်မှာ ထိန်ပင်အမှိုက်ပုံမှာ Senitary Landfill System နဲ့ အမှိုက်တစ်လွှာ မြေကြီးတစ်လွှာ စွန့်ပစ်တဲ့စနစ်ကို Pilot Project အနေနဲ့ နှစ်ဧက ပြုလုပ်ပြီးနေပါတယ်။ ထွက်ရှိလာမယ့်အရည်တွေကို သန့်စင်မှု ပြုလုပ်နိုင်ရန်အတွက် ရေဆိုးသန့်စင်သည့် ကန်တစ်ခုပြုလုပ်ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှာ Senitary Landfill System နဲ့ အမှိုက်တစ်လွှာ မြေကြီးတစ်လွှာ စွန့်ပစ်တဲ့စနစ်ကို ဒုတိယနှစ်ဧက ထပ်မံပြုလုပ်ပြီးတော့ ထွက်ရှိ လာတဲ့ အရည်တွေကို သန့်စင်မှု ပြုလုပ်နိုင်ရန် အတွက် ရေဆိုးသန့်စင်သည့် ကန်တစ်ခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှာလည်း သစ်ကိုင်းသစ်ခက်တွေ ကြီးမားတဲ့အမှိုက်တွေကို ဖိသိပ်ခြေမွတဲ့ စနစ်ကို ဆောင်ရွက်ပြီးတော့ Senitary Landfill System ကို အဆင့်မြှင့် ဆောင်ရွက်သွားဖို့ စီစဉ်ထားပါ တယ်။၂၀၂၀-၂၀၂၁ ခု နှစ်မှာ ထိန်ပင်အမှိုက်ပုံရဲ့ အသုံးပြုပြီးတဲ့နေရာတွေမှာ စနစ်တကျ ပိတ်သိမ်း ဆောင်ရွက်ပြီးတော့ Senitary Landfill System စနစ်တွေကနေ တတိယအကြိမ် ထပ်မံပြုလုပ်ဖို့အတွက် စီစဉ်ထားပါတယ်။အမှိုက်ပုံကနေ မြေဆွေးလုပ်တဲ့ စနစ်ကိုလည်း အစီအမံတွေ ရှိပါတယ်”ဟု မြို့တော်ဝန်က ပြောကြားသည်။

Most Read

Most Recent