ကမ္ဘာ့ရွှေဈေး ဒေါ်လာ ၁၂၇၀ အထက် ပြန်တက်ခဲ့ပြီး ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၃၃၀၀၀ ဝန်းကျင်ရှိနေ

ကမ္ဘာ့ရွှေဈေး ဒေါ်လာ ၁၂၇၀ အထက် ပြန်တက်ခဲ့ပြီး ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၃၃၀၀၀ ဝန်းကျင်ရှိနေ
Published 29 October 2017

အောက်တိုဘာ ၂၇ ရက်တွင် ကမ္ဘာ့ရွှေဈေး ကျဆင်းခဲ့သော်လည်း ဒေါ်လာ ၁၂၇၀ အထက်သို့ ပြန်တက်ခဲ့ပြီး အောက်တိုဘာ ၂၈ ရက်တွင် ပြည်တွင်းဈေးကွက်အတွင်း ရွှေဈေးနှုန်း ကျပ် ၉၃၃၀၀၀ ဝန်းကျင်ရှိနေကြောင်း ဈေးကွက်အတွင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၁ ရက်မှစတင်ကာ ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၀၀၀၀၀ အထက်ရောက်ခဲ့ပြီး ကမ္ဘာ့ရွှေဈေးမြင့်တက်မှုနှင့်အတူ စံချိန်တင်ဈေးနှုန်းများအဖြစ် သြဂုတ်လအတွင်းနှင့် စက်တင်ဘာလလယ်အထိ ဆက်တိုက်မြင့်တက်ခဲ့ကာ စက်တင်ဘာ ၁၅ ရက်တွင် ၉၅၇၃၀၀ ဖြင့် စံချိန်တင်ထားသည်။ ထို့နောက် စက်တင်ဘာ ၁၇ ရက်အထိ ၉၅၀၀၀၀ အထက်ရှိခဲ့ပြီး စက်တင်ဘာ ၂၇ ရက်မှ အောက်တိုဘာ ၁ ရက်အထိ ၉၃၀၀၀၀ ကျော်မှ ၉၃၅၀၀၀ ကျော်ကြားဖြစ်ပေါ်ခဲ့ကာ အောက်တိုဘာ ၃ ရက်တွင် ၉၂၂၁၀၀ အထိကျဆင်းခဲ့သည်။

အောက်တိုဘာ ၆ ရက်တွင် ၉၂၆၁၀၀ ဝန်းကျင်ဖြစ်ပေါ်ခဲ့ပြီး အောက်တိုဘာ ၇ ရက်တွင် ၉၃၀၀၀၀ အထက်၊ အောက်တိုဘာ ၁၄ ရက်တွင် ၉၄၀၀၀၀ အထက်သို့ ပြန်ရောက်ခဲ့သည်။ အောက်တိုဘာ ၂၃ ရက်တွင် ၉၃၀၆၀၀ အထိကျဆင်းခဲ့ပြီး အောက်တိုဘာ ၂၅ ရက်တွင် ၉၃၂၅၀၀ အထိ၊ အောက်တိုဘာ ၂၆ ရက်တွင် ၉၃၄၇၀၀ အထိမြင့်တက်ခဲ့ကာ အောက်တိုဘာ ၂၈ ရက်တွင် ကျပ် ၉၃၃၀၀၀ ဝန်းကျင်ဖြစ်ပေါ်ခဲ့သည်။

Most Read

Most Recent