မော်လမြိုင် မြို့ကွင်းရပ်တွင် ကားခိုးယူ မောင်းနှင်ထွက်ပြေးသူအား ဖမ်းဆီးရမိ

မော်လမြိုင် မြို့ကွင်းရပ်တွင် ကားခိုးယူ မောင်းနှင်ထွက်ပြေးသူအား ဖမ်းဆီးရမိ
Published 27 October 2017

မော်လမြိုင် မြို့ကွင်းရပ် ရပ်ကွက်တွင် အောက်တိုဘာ ၂၅ ရက် နံနက် ၈ နာရီက ကားခိုးယူမောင်းနှင် ထွက်ပြေးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မော်လမြိုင်မြို့ကွင်းရပ် ရပ်ကွက် ကျိုက္ခမီလမ်းနေ ဦးတင့်ဆန်း (၄၉ နှစ်) က ၎င်းပိုင်ဆိုင်သည့် Toyota Canter အမျိုးအစား အဖြူရောင်ယာဉ်အမှတ် 9K/ 1873 အား နေအိမ်ရှေ့၌ သော့တန်းလန်းဖြင့် ရပ်တန့်ထားပြီး နေအိမ်ပေါ်သို့ တက်ရောက်သွားခဲ့ကြောင်း၊ ၁၅ မိနစ်ခန့်အကြာတွင် နေအိမ်ပေါ်မှ ပြန်ဆင်းလာစဉ် မော်တော်ယာဉ်အား လူတစ်ဦးက ခိုးယူမောင်းနှင် ထွက်ပြေးသွားသည်ကို တွေ့ရှိသဖြင့် ပတ်ဝန်းကျင်အား အော်ဟစ်အကူအညီ တောင်းခံ၍ လိုက်လံဖမ်းဆီးရာ ဈေးကြိုမီးပွိုင့်အနီးတွင် ပတ်ဝန်းကျင်မှ ပြည်သူများ ဝိုင်းဝန်းဖမ်းဆီးမှုကြောင့် ပြန်လည်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ မော်တော်ယာဉ်အား ခိုးယူ မောင်းနှင်ထွက်ပြေးသူမှာ မော်လမြိုင်မြို့ ကွင်းရပ်ရပ်ကွက်၊ မြစေတီလမ်းနေ ဇော်မင်း (၁၉ နှစ်) (ဘ) ဦးကာစင် ဆိုသူဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ဇော်မင်း အပေါ် မုပွန်နယ်မြေရဲစခန်းမှ (ပ) ၅၄၄/ ၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉ (ကား) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

Most Read

Most Recent