တိမ်းစောင်းသွား၍ မဖြစ်ပါ

တိမ်းစောင်းသွား၍ မဖြစ်ပါ
Published 26 October 2017

မိသားစုဝင်များ သတ်ဖြတ်ခံရ၍ ဝမ်းနည်းပူဆွေးနေသော ကျန်ရစ်သူ ဟိန္ဒူဘာသာဝင်များအား တွေ့ရစဉ်

အနောက်တံခါးအရေးဟာ မြန်မာတစ်နိုင်ငံလုံးအရေးနဲ့ ဆိုင်ပါတယ်။ အမျိုးသားရေး အရေးကိစ္စတစ်ခုအဖြစ် တစ်နိုင်ငံလုံးကလည်း အလေးထားကြတဲ့ကိစ္စဖြစ်တယ်။ ဘင်္ဂလားဒေ့ရှ်ကို ရောက်ရှိနေတဲ့ ဘင်္ဂါလီတွေကို ပြန်လည်လက်ခံဖို့ဆိုတဲ့ကိစ္စမှာ အတိမ်းအစောင်းမခံနိုင်တာကို သိကြမှာဖြစ်တယ်။ နည်းနည်းလေး တိမ်းစောင်းသွားတာနဲ့ နောက်ဖြစ်လာမယ့် အရေးကိစ္စအ၀၀ကို အထူးသတိထား ဂရုစိုက်ဖို့လိုပါတယ်။

လက်ရှိရခိုင်အရေးမှာ အနောက်နိုင်ငံတွေက တစ်ဖွဲ့ပြီးတစ်ဖွဲ့ ရခိုင်ပြည်နယ်အတွင်းကို လာရောက်လေ့လာမှုတွေ မေးမြန်းမှုတွေ၊ စိစစ်မှုတွေရှိလာတယ်။ ဒါဟာ သွေးတိုးစမ်းမှု၊ အကဲစမ်းမှုတွေ ဖြစ်တယ်ဆိုတာကို ငြင်းချက်ထုတ်ဖို့မလိုပါဘူး။ အပြန်အလှန်မေးမြန်းမှုတစ်ခုနဲ့ အစပြုချင်ပါတယ်။

ကနေဒါ သံအမတ်ကြီး ကယ်ရင်မက်အာသာနှင့် ယခင်မြို့မိမြို့ဖ ဦးသာပွင့်တို့၏ စကားအချေအတင်

သံအမတ် ■ ရခိုင်အရေးနဲ့ပတ်သက်လို့ နိုင်ငံတကာအသိုင်းအဝိုင်းက ပူပန်နေကြပါတယ်။ ဘင်္ဂလားဒေ့ရှ်ကို ရောက်ရှိနေတဲ့ ဒုက္ခသည် ၆၀၀၀၀၀ (ခြောက်သိန်း) နဲ့ပတ်သက်လို့ လူကြီးမင်းတို့ရဲ့ သဘောထားကို သိလိုပါတယ်။

ရခိုင် ■ (၁) သံအမတ်ကြီးပြောတဲ့ “နိုင်ငံတကာ အသိုင်းအဝိုင်း” ဆိုတဲ့အသုံးအနှုန်းကို ကျွန်ုပ်တို့သဘောမတူပါ။ သံအမတ်ကြီးတို့ဟာ အနောက်နိုင်ငံတွေနဲ့ OIC အသိုင်းအဝိုင်းသာ ဖြစ်ပါတယ်။ တရုတ်၊ ဂျပန်၊ အိန္ဒိယ၊ ရုရှားစတဲ့နိုင်ငံတွေ ပါဝင်ခြင်းမရှိတဲ့အတွက် သံအမတ်ကြီးတို့ဟာ “နိုင်ငံတကာအသိုင်းအဝိုင်း” ဆိုတဲ့စကားလုံးကို အလွဲသုံးစားပြုလုပ်နေကြခြင်းသာ ဖြစ်ပါတယ်။ (၂) ဒုက္ခသည်ခြောက်သိန်းဆိုတာ သံအမတ်ကြီးက ဘယ်အချက်ကို အထောက်အထားပြုပါသလဲ။ သံအမတ်ကြီးကိုယ်တိုင် သိတာမဟုတ်ဘဲ သူများပြောစကားကို သံယောင်လိုက်ပြီး ပြောနေတာမဟုတ်လား။ ခြောက်သိန်းဆိုပါဦး ဒီခြောက်သိန်းထဲမှာ အရေးအခင်းမဖြစ်ခင်အချိန်ကမှ ရခိုင်ကိုခိုးဝင်နေတဲ့ ဘင်္ဂါလီတွေလုံးဝမပါပါဘူး သံအမတ်ကြီး အာမခံနိုင်ပါသလား။ ဥပမာတစ်ခုပြရမယ်ဆိုရင် တစ်လောကပဲ ဗီဒီယိုဖိုင်တက်လာပါတယ်။ ဘင်္ဂါလီတစ်ယောက်၊ မိန်းမလေးယောက်၊ ကလေး ၁၉ ယောက် (မိသားစုတစ်ခု) ဘင်္ဂလားဒေ့ရှ်ကိုရောက်တော့ ဆွေမျိုးအိမ်မှာနေတယ်။ အဲဒါကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက ဖမ်းပြီး ဒုက္ခသည်စခန်းကိုပို့တယ်။ အဲဒီလိုပဲ မြန်မာပြည်ကလာတဲ့လူတွေကို ဆွေမျိုးအိမ်တွေမှာ လက်ခံမထားကြနဲ့လို့ အသံချဲ့စက်တွေနဲ့ လိုက်အော်တယ်။ ကျွန်ုပ်တို့ဆိုလိုတာက သံအမတ်ကြီးတို့ပြောသလို ဒီလူတွေဒီမှာနေတာ မျိုးဆက်ပေါင်းများစွာရှိပြီဆိုရင် ဘင်္ဂလားဒေ့ရှ်မှာ ဘယ်လိုလုပ်ပြီး ဆွေမျိုးတွေရှိနေရတာလဲ။ မကြာခင်ကမှ ခိုးဝင်လာကြလို့သာ ဆွေမျိုးတွေရှိနေတာပေါ့။ အဲဒါကြောင့် အဲဒီဘင်္ဂါလီတွေဟာ နေရပ်စွန့်ခွာဒုက္ခသည် refuggee တွေမဟုတ်ဘူး။ ကိုယ့်ပင်ရင်းဒေသကို ပြန်သွားကြသူတွေ returners to original place သာဖြစ်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံအမတ်နှင့် စစ်တွေမြို့မှ ဦးသာပွင့်၊ ဦးသန်းထွန်း၊ ဦးမြင့်ဦးတို့ တွေ့ဆုံဆွေးနွေးစဉ် (ဓာတ်ပုံ-ဦးသန်းထွန်း)

သံအမတ် ■ ဘာပဲဖြစ်ဖြစ် လူသားတွေဖြစ်တဲ့ သူတို့ကိုလူ့အခွင့်အရေး human rights မပေးနိုင်ဘူးလား။

ရခိုင် ■ ကျွန်ုပ်တို့က သံအမတ်ကြီးရဲ့ အိမ်ကိုတက်ပြီး လုယက်မယ်။ သံအမတ်ကြီးကိုလည်း အိမ်ပေါ်ကနှင်ချမယ်ဆိုရင် သံအမတ်ကြီးက လူ့အခွင့်အရးပဲလို့ ပြောမလား။

သံအမတ် ■ ဒါက ဥပဒေနဲ့ဖြေရှင်းရမယ့် ကိစ္စပဲ။

ရခိုင် ■ အခုလည်း ဒီခိုးဝင်ဘင်္ဂါလီတွေဟာ ဥပဒေနဲ့အညီ စစ်ဆေးမှာကိုမခံနိုင်လို့ ပြန်ထွက်သွားကြတာပါ။

သံအမတ် ■ ကျွန်ုပ်တို့က ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး development ကိုကူညီလိုပါတယ်။

ရခိုင် ■ ကြိုဆိုပါတယ်။ ဒါပေမဲ့ ရခိုင်ပြဿနာရဲ့ အဓိကအချက်က ခိုးဝင်ပြီးနည်းအမျိုးမျိုးနဲ့ (လူဦးရေ မတန်တဆပေါက်ပွားမှု၊ အကြမ်းဖက်မှု စသည်) နယ်မြေဖဲ့ထုတ်လုယူနေမှုသာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ ရခိုင်က နှစ်သန်းသာရှိပြီး illegal ဘင်္ဂါလီတွေဟာ ၁၉၈၄ - ၁၉၈၅ မှာ လေး၊ ငါးသိန်းရှိရာက အခုတစ်သန်းကျော်နေပြီ။ ကြာရင်ရခိုင်မျိုးနွယ်စုတွေ ပျောက်တော့မယ်။ ဒါတောင် သံအမတ်ကြီးတို့က မြေပြင်အခြေအနေကိုမသိဘဲ ဘင်္ဂါလီတွေကို လူနည်းစုလို့ ပြောကောင်းတုန်းပဲရှိသေးတယ်။ တစ်ခုမေးပါရစေ UN မှာ Human Rights Declaration တစ်ခုပဲရှိတာလား၊ UN Indigenous Rights Declaration ကျတော့ ဘာမှမပြောကြပါလား။

သံအမတ် ■ ကျွန်ုပ်တို့ ကနေဒါက Indigenous Rights ကိုလည်း အလေးထားပါတယ်။ ဒါဖြင့်ရင် ပြန်ဝင်လာမယ့်လူတွေနဲ့ လူကြီးမင်းတို့ ဘယ်လိုမှ Harmony မဖြစ်နိုင်ဘူးလို့ ဆိုလိုတာလား။

ရခိုင် ■ (၁) ကျွန်ုပ်တို့နဲ့ ဒီ illegal ဘင်္ဂါလီတွေနဲ့ ဘယ်တုန်းကမှ Harmony အဆင့်မရှိခဲ့ပါ။ ရောထွေးယှက်တင် intertwinly လည်းမနေခဲ့တဲ့အတွက် Peaceful Coexistence လို့တောင်မပြောနိုင်ပါ။ Peaceful Coexistence without problem လို့ပြောရင် ပိုမှန်ပါလိမ့်မယ်။ (၂) ဘင်္ဂါလီတွေ ပြန်လက်ခံရေးအတွက် ဒေသခံရခိုင်တွေမှာ ဘာလုပ်ပိုင်ခွင့်၊ ဘာပြောပိုင်ခွင့်မှမရှိပါ။ ရခိုင်တွေရဲ့သဘောထားကို တဲ့ပြောရရင် ဘင်္ဂါလီတစ်ယောက်ကိုမှ လက်မခံလိုပါ။ တကယ်လို့ ဗဟိုအစိုးရက လက်ခံမယ်ဆိုရင်တောင် ဒီလိုဆိုမှ အေးချမ်းမှုရနိုင်ပါမယ်။

သံအမတ် ■ Twitter မှာဖတ်ရပါတယ်။ နောက်လည်း တွေ့ဆုံဆွေးနွေးလိုပါတယ်။ (မှတ်ချက်- ဦးသာပွင့်၏ တင်ပြချက်ဖြစ်ပါသည်။)

ဘင်္ဂါလီအကြမ်းဖက်များအား အမြစ်ဖြတ်ချေမှုန်းပေးရေး စစ်တွေမြို့တွင် ဆန္ဒထုတ်ဖော်နေစဉ်

ဒီအချေအတင်စကားလေးဟာ စိတ်ဝင်စားဖို့ ကောင်းတယ်ဆိုတာကို ဖော်ပြနေပါတယ်။ ပြည်ပက လူတချို့ဟာ ပြည်တွင်းရေးမှာ ဝင်ရောက်စွက်ဖက်မှုတွေ ရှိနေတယ်လို့လည်း သုံးသပ်လို့ရနိုင်တယ်။

လူသားချင်းစာနာမှုတွေ၊ လူ့အခွင့်အရေးတွေနဲ့ တိုင်းရင်းသားတွေကို ချပြမယ်။ သူတို့လည်း လူသားတွေပဲဆိုတဲ့လမ်းကြောင်းကို ရောက်အောင်သွားမယ်ဆိုတဲ့ အနောက်နိုင်ငံတွေက အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေရဲ့ စကားလုံးတွေဟာ ပကတိမြေပြင်အနေအထားအတွက် ဘယ်လောက်ဒုက္ခရောက်သွားနိုင်တယ်ဆိုတာကို တိုင်းရင်းသားတိုင်း သိထားပြီးသားဖြစ်မှာပါ။

ဘင်္ဂလားဒေ့ရှ်ကိုရောက်သွားတဲ့ ဘင်္ဂါလီတွေဟာ ရခိုင်ကထွက်ပြေးသွားတာ မဟုတ်ဘူးလားဆိုရင် ဟုတ်တယ်။ မှန်တယ်။ ဒါပေမဲ့ ရခိုင်ကို ဘယ်လိုရောက်လာတယ်ဆိုတာကို မဖြစ်မနေထည့်တွက်စဉ်းစားရမယ်။ အရေးကြုံရင် ကိုယ့်အိမ်ကို ပြေးတတ်ကြတယ်။ ကိုယ့်ဆွေမျိုးနီးစပ်ရာ ခင်မင်ရာဆီကို ပြေးလွှားတတ်တဲ့ အလေ့အထဟာ လူတိုင်းမှာရှိတယ်။ တိရစ္ဆာန်တွေမှာ တောင်ရှိကြတယ်။ ဘင်္ဂလားဒေ့ရှ်ဟာ ကိုယ့်အိမ်လိုဖြစ်နေတဲ့အတွက် ဘင်္ဂါလီတွေ ဘင်္ဂလားဒေ့ရှ်ကို ပြေးကြတာဖြစ်တယ်ဆိုတာ အထင်အရှားဖော်ပြနေပါတယ်။

တကယ်တော့ ရခိုင်ပြည်နယ်အတွင်းမှ ဘင်္ဂါလီတွေသာ ထွက်ပြေးကြတာမဟုတ်။ ဒေသခံနိုင်ငံသားဖြစ်တဲ့ တိုင်းရင်းသားတွေလည်း အမြောက်အမြား ထွက်ပြေးခဲ့ရတယ်။ ရွာလုံးကျွတ် ထွက်ပြေးခဲ့ကြရတာဖြစ်တယ်။ ဒါပေမဲ့ အနောက်မီဒီယာတွေက ရခိုင်တွေထွက်ပြေးတာကို မှုန်ဝါးအောင် ဘင်္ဂါလီတွေထွက်ပြေးတာကို ရှေ့မျက်နှာစာမှာပြတယ်။ ဒီလိုပြနိုင်မှလည်း ဥရောပနိုင်ငံတွေက ကူညီထောက်ပံ့မှုတွေ ရလာနိုင်တယ်လို့ သူတို့ယူဆထားပုံပေါက်တယ်။

တစ်လောက လူမှုကွန်ရက်မှာ ကလေးငယ်တစ်စု ရေနစ်သေဆုံးသွားတယ်ဆိုပြီး ဗီဒီယိုတစ်ခုကို ထွက်ပြေးကြတဲ့ ဘင်္ဂါလီတွေက လုပ်ကြံဖန်တီးပြီး တင်ပြခဲ့တယ်။ ဒါပေမဲ့ အဲဒီဗီဒီယိုဖိုင်ထဲက ကလေးတွေဟာ သေဆုံးနေတာမဟုတ်ဘဲ လှုပ်နေတာကို တွေ့ရတယ်။ ဒီလိုဇာတ်နာအောင် သရုပ်ဆောင်တဲ့ အမူအကျင့်တွေဟာ တိုင်းရင်းသားတွေဆီမှာ ရှိမနေဘူး။ လုပ်ကြံဖန်တီးမှုတွေကို တိုင်းရင်းသားတွေက လက်မခံဘူး။ အရှိတရားကို တန်ဖိုးထားတတ်ကြသူတွေဖြစ်တယ်။

နောက်တစ်ချက်က များပြားတဲ့ ဘင်္ဂါလီအုပ်စုကြီးတွေက လူသားဒိုင်းသဖွယ် ကလေးငယ်တွေကို ရှေ့တန်းတင်ပြီး တိုင်းရင်းသားကျေးရွာက လူတွေကို သတ်ဖြတ်သိမ်းပိုက်ဖို့ ကြိုးစားခဲ့တာ။ တိုက်ခိုက်ခဲ့တာတွေဟာ ပကတိအမှန်တရားတွေဖြစ်ပေမဲ့ အနောက်နိုင်ငံက မီဒီယာတွေဟာ အဲဒီအချက်တွေကို မှေးမှိန်အောင် လုပ်ဆောင်ခဲ့တယ်။ အဲဒီလိုအထောက်အထားတွေ မရနိုင်အောင်အတွက်လည်း အကွက်ကျကျနဲ့ ညအချိန်မှသာ တိုက်ခိုက်ခဲ့တာဖြစ်တယ်။

လက်ရှိအနေအထားမှာ တိုင်းရင်းသားတွေကို နေရာချထားရေးမပြီးသေးတဲ့ အချိန်၊ ထွက်ပြေးသွားသူတွေကို ပြန်လည်လက်ခံဖို့ ပြင်ဆင်နေပြီဖြစ်တယ်။ တချို့ကတော့ ထွက်ပြေးပြီးမကြာခင်မှာပဲ ပြန်လည်ဝင်ရောက် နေထိုင်နေကြပြီဖြစ်တယ်။ အဲဒီအထဲ လူစိမ်းတွေ ထပ်ပါလာသေးတယ်။ ဝင်ချင်သလို ဝင်ထွက်လို့ရတဲ့ လုံခြုံရေးအနေအထားဟာ တိုင်းရင်းသားတွေရဲ့ စိုးရိမ်မှုဒီဂရီကို ပိုမိုမြင့်မားလာစေတယ်။

အကြမ်းဖက်သမားဆိုတာ ဘယ်နေရာကမှ ထွက်လာတာမဟုတ်ဘူး။ ဘင်္ဂါလီကျေးရွာတွေက ထွက်လာတာဖြစ်တဲ့အတွက် ဘင်္ဂါလီကျေးရွာတွေက အကာအကွယ်ပေးထားသူတွေဖြစ်တယ်။ အကြမ်းဖက်သမားတွေနဲ့ ဘင်္ဂါလီတွေဟာ ပူးပေါင်းပါဝင်ခဲ့တယ်။ ဒါကိုလျစ်လျူရှုပြီး အကြမ်းဖက်သမားတွေကို နှိမ်နင်းမှုမပြုနိုင်သေးတဲ့အချိန်မှာ ပြန်လည်ဝင်ရောက်လာမှုတွေကို မတားဆီးနေမယ်ဆိုရင်တော့ အမှားကြီးမှားပါလိမ့်မယ်။

ပြန်လည်နေရာချထားရေးကိစ္စတွေ၊ ပြန်လည်လက်ခံတဲ့ကိစ္စတွေမှာ အတိမ်းအစောင်းမခံနိုင်ပါ။ နည်းနည်းလေး တိမ်းစောင်းသွားတာနဲ့ တိုင်းရင်းသားတွေပြန်ပြီး နေရပ်စွန့်ခွာဖို့ အသင့်ရှိနေကြတယ်ဆိုတာကို မေ့ထားလို့မရပါဘူး။ ရွာသစ်တည်မယ်၊ ရွာတွေချထားပေးမယ်ဆိုတဲ့ မက်လုံးတွေဟာ ဘယ်ပြည်နယ်နဲ့ တိုင်းတွေကမှ လာရောက်နေထိုင်ဖို့ တွန်းအားမပေးနိုင်ဘူး။ အပြောသတ်သတ်သာဖြစ်တယ်။ ဘာကြောင့်လဲဆိုရင် မောင်တော၊ ဘူးသီးတောင်ဒေသလိုမျိုးမှာ ဒေသခံတိုင်းရင်းသားတွေကလွဲပြီး ဘယ်သူမှလာနေမှာမဟုတ်ဘူး။ လာပြီးနေတယ်ထားဦး၊ နှစ်တစ်ဝက်၊ တစ်နှစ်ထက်ပိုမနေကြတာ ရှေ့ကလည်း သာဓကတွေရှိခဲ့ပြီးဖြစ်တယ်။

ဒီလူတွေကလွဲပြီး အဲဒီမြေကို ဘယ်သူမှမချစ်နိုင်တဲ့အတွက် ဒီဒေသခံတိုင်းရင်းသားတွေရဲ့ ဘဝရပ်တည်ရေးအတွက် အတိမ်းအစောင်းမရှိအောင် သတိထားလုပ်ဆောင်ကြရမှာဖြစ်တယ်။ တိုင်းရင်းသားတွေ မနေတော့ရင် အဲဒီနေရာဟာ ဘာဖြစ်သွားမလဲ စဉ်းစားကြည့်လို့ရနိုင်တယ်။ ကိုယ့်မြေကိုယ့်ရေလို့ ပြောနေကြပေမဲ့ မပိုင်ဘူးဆိုတာ တိုင်းရင်းသားတွေ သိထားပြီးဖြစ်တယ်။ အသက်ထက် ဘယ်အရာမှတန်ဖိုးမရှိနိုင်ဘူး။ ဒါကြောင့် တိုင်းရင်းသားတွေရဲ့အကျိုးစီးပွားကို အလေးထားပြီး တိမ်းစောင်းခံ၍ မရဖြစ်နိုင်ဆိုသည်မှာ။

Most Read

Most Recent