<

ဘူးသီးတောင်-မောင်တောဒေသမှ လုံခြုံရေးတပ်ဖွဲ့ဝင်များ စတင်ထုတ်နုတ်၍ စစ်တွေမြို့၌ အရန်အဖြစ်အသင့်စုဖွဲ့ ထားရှိမည်

ဓာတ်ပုံ – တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ဘူးသီးတောင်-မောင်တောဒေသ၌ နယ်မြေတည်ငြိမ် အေးချမ်းလာသဖြင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် လုံခြံရေးတပ်ဖွဲ့ဝင်များ စတင်ထုတ်နုတ်၍ စစ်တွေမြို့၌ အရန်အဖြစ်အသင့်စုဖွဲ့ထား ရှိသွားမည်ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ထုတ်ပြန်ချက်အရ သိရသည်။

ဓာတ်ပုံ – တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်-မောင်တောဒေသ၌ ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများက ဩဂုတ် ၂၅ ရက်တွင် တပ်ဌာနချုပ်တစ်ခု အပါအဝင် ရဲကင်းစခန်း ၃၀ ခုကို တစ်ချိန်တည်း တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လူမဆန်စွာ အကြမ်းဖက် လုပ်ရပ်များ ဆောင်ရွက်ခဲ့သဖြင့် ဒေသတွင်း တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းမှု ပျက်ပြားခဲ့သဖြင့် တပ်မတော် စစ်ကြောင်းများနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ဩဂုတ် ၂၅ ရက်မှစ၍ ဥပဒေနှင့်အညီ နယ်မြေရှင်းလင်းရေးအား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ယင်းသို့ ဆောက်ရွက်ခဲ့ရာ စက်တင်ဘာ ၅ ရက်နေ့နောက်ပိုင်း ထိတွေ့မှုဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းများ လျော့နည်းလာခဲ့ကြောင်း ယခုအခါ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးတို့မှာ အထိုက်အလျောက် ရရှိလာပြီဖြစ်၍ ဒေသအတွင်း နယ်မြေရှင်းလင်းရေး ဆောင်ရွက်လျက်ရှိသည့် လုံခြုံရေး တပ်ဖွဲ့များအနက် တပ်မတော်စစ်ကြောင်း အချို့ကို လက်ရှိ ဘူးသီးတောင်-မောင်တောဒေသ စစ်ဆင်ရေးနယ်မြေမှ စတင်ထုတ်နုတ်၍ စစ်တွေမြို့၌ အရန်အဖြစ် အသင့်စုဖွဲ့ထားရှိသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

October 25, 2017














Copy Protected by Chetan's WP-Copyprotect.