အစိုးရကို ဆန္ဒပြသည့် မန္တလေးမြို့ အမျိုးသားရေးသပိတ် ဦးဆောင်သံဃာများနှင့် လူပုဂ္ဂိုလ်များအား (၈) ကြိမ်မြောက် ရုံးထုတ်

အစိုးရကို ဆန္ဒပြသည့် မန္တလေးမြို့ အမျိုးသားရေးသပိတ် ဦးဆောင်သံဃာများနှင့် လူပုဂ္ဂိုလ်များအား (၈) ကြိမ်မြောက် ရုံးထုတ်
Published 26 October 2017

အစိုးရကို ကန့်ကွက်ကြောင်း ဆန္ဒပြသည့် မန္တလေး အမျိုးသားသပိတ် ဦးဆောင်သံဃာများနှင့် လူပုဂ္ဂိုလ်များအား အောက်တိုဘာ ၂၅ ရက် (၈) ကြိမ်မြောက် ရုံးထုတ်တွင် တွေ့ရစဉ်

အစိုးရကို ကန့်ကွက်ကြောင်း ဆန္ဒပြသည့် မန္တလေး အမျိုးသားသပိတ် ဦးဆောင်သံဃာနှင့် လူပုဂ္ဂိုလ်များအား (၈) ကြိမ်မြောက် ရုံးထုတ်စစ်ဆေးပြီး တရားလိုပြသက်သေ တစ်ဦးဖြစ်သည့် ချမ်းမြသာစည် မြို့မရဲစခန်းမှ ဒုရဲအုပ် မျိုးမင်းဦးနှင့် မဟာမုနိဘုရားကြီးမှ ဂေါပကဥက္ကဋ္ဌ ဦးစိုးလင်းတို့ကို စစ်ဆေးခဲ့ကြောင်း သိရသည်။

ကျန်ရှိ တရားလိုပြ သက်သေများအား စစ်ဆေးရန်အတွက် နိုဝင်ဘာ ၁ ရက်သို့ ပြန်လည်ချိန်းဆိုခဲ့ကြောင်း သိရသည်။

လက်ရှိ တရားစွဲဆိုထားသော အမှုမှာ နှစ်မှုဖြစ်ပြီး သပိတ်စခန်းတွင် ပါဝင်သော ဦးဆောင်သံဃာများအား ခရိုင်သာသနာ ရေးဦးစီးမှူးက တရားလိုလုပ်ပြီး စွဲဆိုထား သည့်အမှုနှင့် လူပုဂ္ဂိုလ်များကို မြို့နယ်ထွေ အုပ်က တရားလိုလုပ်ပြီး စွဲဆိုထားသည့်အ မှုများဖြစ်ပြီး အဆိုပါဖြစ်စဉ်ကို မြင်ကြားသိ လိုက်သည့် သက်သေ ကိုးဦးအနက် ကျန်ရှိ သက်သေခုနစ်ဦးအား လာမည့် ၉ ရက်တွင် စစ်ဆေးသွားမည်ဖြစ်ကြောင်း၊ တရားခံပြေး အဖြစ် သတ်မှတ်ထားသည့် သံဃာနှစ်ပါးနှင့် လူပုဂ္ဂိုလ်များအား ဝရမ်းထုတ်ထားဆဲဖြစ်ပြီး ရဲတပ်ဖွဲ့က ဖမ်းဆီးရမိရေး ဆက်လက် ဆောင်ရွက်နေဆဲသာဖြစ်ကြောင်း ချမ်းမြသာစည်တရားရုံး၊ သတင်းပြန်ကြားရေး အရာရှိ ဦးဇင်လင်းသန့်က ပြောကြားသည်။

သပိတ်စခန်း ဦးဆောင်သံဃာရှစ်ပါးအား ခရိုင်သာသနာရေးဦးစီးမှူးက တရားလိုလုပ်၍ စွဲဆိုထားခြင်းဖြစ်ပြီး ဦးကျော်မျိုး ရွှေပါဝင်သည့် လူပုဂ္ဂိုလ်ငါးဦးအား မြို့နယ် ထွေအုပ်က တရားလိုလုပ်ပြီး တရားစွဲဆို ထားခြင်းဖြစ်သည်။

သြဂုတ် ၅ ရက် နံနက် ၂ နာရီ သပိတ် စခန်းဖြိုခွဲချိန်က ဖမ်းဆီးခံရကာ လူဝတ်လဲပြီး ပုဒ်မ ၅၀၅ (ခ)ဖြင့် အမှုဖွင့်ခံထားရသည့် သံဃာခြောက်ပါးမှာ ဦးအဂ္ဂဓဇ (၃၅ နှစ်၊ ၁၄ ဝါ၊ သာသနာဝင်အမှတ် ၉/မထလ (သ) ၀၀၂၇၅၃ မိတ္ထီလာမြို့နယ် မဘသအတွင်း ရေးမှူး၊ အောင်သာကျောင်း၊ ဝန်ဇင်းရပ်၊ မိတ္ထီလာမြို့)၊ ဦးဝိဝေကာနန္ဒ (၂၉ နှစ်၊ ၁၀ ဝါ၊ သာသနာဝင်အမှတ် ၇/ပခန (သ) ၀၁၁၁၁၄ မျိုးချစ်မြန်မာ ရဟန်းတော်များ သမဂ္ဂ၊ ချမ်းသာကြီး ချမ်းရကျောင်း၊ တံခွန်တိုင်ရပ်၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးမြို့)၊ ဦးဣန္ဒက (၂၆ နှစ်၊ ငါးဝါ၊ သာသနာဝင်အမှတ် ၉/ ခမစ (သ) ၀၀၄၇၄၅၊ မျိုးချစ်မြန်မာ ရဟန်းတော်များသမဂ္ဂ၊ ဓမ္မသုခကျောင်း၊ နှမ်းကြဲ ကျေးရွာ၊ ပုသိမ်ကြီးမြို့နယ်၊ မန္တလေးမြို့)၊ ဦးပဏ္ဍိတ (၄၈ နှစ်၊ ၂၈ ဝါ၊ သာသနာဝင်အမှတ် ၉/ညဥန(သ) ၀၀၁၂၁၈၊ (မည်သည့် အဖွဲ့ဝင်မှမဟုတ်) ကြံခင်းဝန်ကျောင်း၊ ညောင်ဦးမြို့နယ်)၊ ဦးအာစာရ (၂၂ နှစ်၊ နှစ်ဝါ၊ သာသနာဝင်အမှတ် ၉/ပကခ (သ) ၀၀၂၃၉၁၊ ဓမ္မသုခကျောင်း၊ နှမ်းကြဲကျေးရွာ ပုသိမ်ကြီး မြို့နယ်)နှင့် ဦးအရိယာဝံသ (၃၀ နှစ်၊ ၁၀ ဝါ၊ သာသနာဝင်အမှတ် (မသိရသေး) မျိုးချစ်မြန်မာ ရဟန်းတော်များ သမဂ္ဂ၊ ငါးဆူ ကျောင်းတိုက်၊ ပလိုင်းရပ်၊ ချမ်းအေးသာစံ မြို့နယ် မန္တလေးမြို့) တို့ဖြစ်ကာ သပိတ်စခန်း ဦးဆောင်သည့် သံဃာဖြစ်ပြီး လက်ရှိဖမ်းဆီး မခံရသေးသည့် နှစ်ပါးမှာ ဦးဣန္ဒောဘာသ (ရခိုင်ဘုန်းကြီး) (၄၅နှစ်၊ ၁၆ ဝါ၊ မျိုးချစ်မြန်မာ ရဟန်းတော်များသမဂ္ဂ၊ သာသနာဝင်အမှတ် ၉/ပကသ (သ) ၀၀၂၁၀၀၊ ဓမ္မသုခကျောင်း၊ နှမ်းကြဲကျေးရွာ၊ ပုသိမ်ကြီးမြို့နယ်၊ မန္တလေးမြို့) နှင့် ဦးစန္ဒာသီရိ (၄၁ နှစ်၊ ၂၀ ဝါ၊ သာသနာဝင်အမှတ် ၉/မဟမ (သ) ၀၀၁၂၉၁၊ မျိုးချစ်မြန်မာ ရဟန်းတော်များသမဂ္ဂ ဓမ္မသုခကျောင်း၊ နှမ်းကြဲကျေးရွာ၊ ပုသိမ်ကြီးမြို့ နယ်၊ မန္တလေးမြို့) တို့ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent