ကရင်ပြည်နယ်အတွင်း ဝေးလံသောကျေးရွာ ၁၀၀ ကျော်မှ ကလေးငယ်များကို ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေး ထိုးနှံပေးမည်

ကရင်ပြည်နယ်အတွင်း ဝေးလံသောကျေးရွာ ၁၀၀ ကျော်မှ ကလေးငယ်များကို ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေး ထိုးနှံပေးမည်
Published 25 October 2017

လာမည့်၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ကရင်ပြည်နယ်အတွင်းရှိ ဝေးလံခက်ခဲသော ကျေးရွာပေါင်း ၁၇၆ ရွာမှ တိုင်းရင်းသား ကလေးငယ်များအား ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာတင်ဝင်းကျော်က ပြောကြားသည်။

“ကျန်းမာရေးဌာနနဲ့ ကယ်ဆယ်ရေးဌာနတို့ ပူးပေါင်းပါဝင်မှုနဲ့ ပြည်နယ်အတွင်း ကျေးရွာပေါင်း ၁၇၆ ရွာမှာရှိတဲ့ အသက်ကိုးလနဲ့ ၁၅ နှစ်အောက် တိုင်းရင်းသားကလေးငယ် ၂၀၀၀၀ ကျော်ကို ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးထိုးနှံပေးမှာဖြစ်ပါတယ်” ဟု ပြည်နယ်လူမှုရေးဝန်ကြီးက ဆိုသည်။

ထို့ပြင် ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို နိုဝင်ဘာ ၁၅ ရက်မှနိုဝင်ဘာ ၂၃ ရက်အထိ အသက်ကိုးလမှ ၁၅ နှစ်အရွယ် ကလေးငယ်များကို လူထုအတွင်း အသက်အုပ်စုအတွင်းရှိသော ကလေးငယ်များကို ရောဂါခုခံနိုင်မှုစွမ်းအား အမြင့်ဆုံးရရှိစေရန် ရည်ရွယ်ချက်ဖြင့် ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေး ထိုးနှံသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းကို နိုဝင်ဘာ ၁၅ ရက်မှ နိုဝင်ဘာ ၂၃ ရက်အထိ ကျောင်းအခြေပြုကျောင်းနေ စာရင်းသွင်းထားသော အသက် ၁၅ နှစ်အောက် ကျောင်းသားကျောင်းသူများနှင့် ဒီဇင်ဘာ ၁၁ ရက်မှ ဒီဇင်ဘာ ၂၀ ရက်အထိ ပြည်သူလူထုအခြေပြု အသက်ကိုးလမှ အသက် ၁၅ နှစ်အထိ ကျောင်းမနေသော ကလေးသူငယ်များ ကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်တွင် လွတ်ကင်းခဲ့သော ကျောင်းသူကျောင်းသားများအား ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကရင်ပြည်နယ်အတွင်း ၂၀၁၂ ခုနှစ်တွင် ဂျပန်ဦးနှောက်ရောင်ရောဂါ သံသယလူနာနှင့် ရောဂါဓာတ်ခွဲအတည်ပြုလူနာ မတွေ့ရှိကြောင်း ၂၀၁၇ခုနှစ်တွင် ဂျပန်ဦးနှောက်ရောင် ရောဂါလက္ခဏာရှိသူ သံသယလူနာ ၄၇ ဦးရှိကာ ရောဂါဓာတ်ခွဲအတည်ပြုလူနာ ၁၇ ဦးရှိကြောင်း ဒေါက်တာထွန်းမင်းက ဆက်လက်ပြောကြားသည်။

Most Read

Most Recent