ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့နှင့် ယာဉ်ထိန်းရဲအဖွဲ့ ပူးပေါင်းပြီး ရန်ကုန်မြို့ ယာဉ်ကြောကျပ်တည်းသည့် နေရာများနှင့် မှတ်တိုင်များတွင် စစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့နှင့် ယာဉ်ထိန်းရဲအဖွဲ့ ပူးပေါင်းပြီး ရန်ကုန်မြို့ ယာဉ်ကြောကျပ်တည်းသည့် နေရာများနှင့် မှတ်တိုင်များတွင် စစ်ဆေး
Published 24 October 2017

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့နှင့် ယာဉ်ထိန်းရဲအဖွဲ့တို့ စစ်ဆေးနေစဉ် (ဓာတ်ပုံ-YBS)

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့နှင့် ယာဉ်ထိန်းရဲ (ယာဉ်စည်းကမ်း) အဖွဲ့တို့ပူးပေါင်းပြီး ရန်ကုန်မြို့တွင် ယာဉ်ကြောကျပ်တည်းသည့် နေရာများနှင့် မှတ်တိုင်များတွင် စစ်ဆေးကြပ်မတ်ခြင်းများကို ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ထိုကဲ့သို့ ယာဉ်ကြောကျပ်တည်းသည့် နေရာများနှင့် မှတ်တိုင်များတွင် စစ်ဆေးကြပ်မတ်မှုများကို အောက်တိုဘာ ၁၇ ရက်ကစတင်ကာ ဆောင်ရွက်ခဲ့ပြီး စစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အောက်တိုဘာ ၂၃ ရက် နံနက် ၈ နာရီမှ မွန်းတည့် ၁၂ နာရီအထိ YRTA (ယာဉ်စည်းကမ်း) အဖွဲ့နှင့် ယာဉ်ထိန်း (ယာဉ်စည်းကမ်း) အဖွဲ့တို့ပူးပေါင်း၍ သင်္ဃန်းကျွန်း (စံပြဈေးမှတ်တိုင်)၊ တ/ဥက္ကလာပ (ခုနစ်ဆူဘုရားမှတ်တိုင်)၊ မရမ်းကုန်း (ကမ္ဘာအေးဘုရားမှတ်တိုင်)၊ မင်္ဂလာဒုံ (စော်ဘွားကြီးကုန်းမှတ်တိုင်)၊ မ/ဥက္ကလာပ (ကျောက်ရေတွင်းမှတ်တိုင်၊ ခြောက်ကွေ့မှတ်တိုင်)၊ ထောက်ကြန့်လမ်းဆုံ၊ သာကေတ (သင်္ဘောကျင်းမှတ်တိုင်)၊ ကြည့်မြင်တိုင် (နတ်စင်လမ်းမှတ်တိုင်)၊ ဒဂုံ (ရွှေတိဂုံမြောက်ဘက်မုခ်)၊ လှိုင် (သီရိမင်္ဂလာဈေးသစ်)၊ အလုံ (ဆင်မင်းဈေး)၊ လေးထောင့်ကန်လမ်း (ဘုရားလမ်းမှတ်တိုင်) တို့တွင် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၂၁ ရက်က နံနက် ၈ နာရီမှ မွန်းတည့် ၁၂ နာရီအထိ YRTA (ယာဉ်စည်းကမ်း) အဖွဲ့နှင့် ယာဉ်ထိန်း (ယာဉ်စည်းကမ်း) အဖွဲ့တို့ပူးပေါင်း၍ ရန်ကုန်မြို့အတွင်း ယာဉ်ကြောကျပ်တည်းသည့် နေရာများနှင့် ယာဉ်ရပ်မှတ်တိုင်များတွင် စစ်ဆေးခဲ့ပြီး တာမွေ (တာမွေဈေးရှေ့နှင့် တာမွေဗလီ)၊ အလုံ (သခင်မြပန်းခြံ)၊ ကြည့်မြင်တိုင် (သရက်တောမှတ်တိုင်)၊ ဒေါပုံ (သင်္ဘောကျင်း)၊ သာကေတ (ကျောင်းကွေ့မှတ်တိုင်)၊ သန်လျင် (ဆေးရုံအောက်ကွေ့)၊ အင်းစိန် (၁၀ မိုင်ကုန်း)၊ စမ်းချောင်း (မြေနီကုန်း)၊ ကမာရွတ် (လှည်းတန်း)၊ မင်္ဂလာဒုံ (အမှတ် ၃ လမ်း)၊ လေးထောင့်ကန်လမ်း (အသင်းတိုက်မှတ်တိုင်)၊ မရမ်းကုန်း (ကမ္ဘာအေး) တို့တွင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၂၁ ရက် မွန်းလွဲ ၁ နာရီမှ ၆ နာရီအထိ YRTA (ယာဉ်စည်းကမ်း) အဖွဲ့နှင့် ယာဉ်ထိန်း (ယာဉ်စည်းကမ်း) အဖွဲ့တို့ပူးပေါင်း၍ အောက်ပါနေရာများဖြစ်သည့် ရန်ကုန်မြို့အတွင်း ယာဉ်ကြောကျပ်တည်းသည့် နေရာများနှင့် ယာဉ်ရပ်မှတ်တိုင်များတွင် စစ်ဆေးကြပ်မတ်ခဲ့ပြီး သင်္ဃန်းကျွန်း (စံပြဈေး)၊ စမ်းချောင်း (မြေနီကုန်း၊ ရှမ်းလမ်းမှတ်တိုင်)၊ လှည်းတန်း (စိန်ဂေဟာရှေ့)၊ သာကေတ (၁ ဈေးကွေ့)၊ ကမ္ဘာအေး၊ ပြည်ထောင်စုလမ်းမကြီး (တောင်မြောက်လမ်းဆုံ) တို့တွင် ပြုလုပ်ခဲ့သည်။

၂၀၁၆ ခုနှစ်တွင် ယခင်က မထသယာဉ်လိုင်းများနေရာ၌ YBS ယာဉ်လိုင်းများကို အစားထိုးပြေးဆွဲခဲ့ပြီး ယာဉ်အသစ်များဖြင့် စတင်ပြေးဆွဲခဲ့ခြင်းဖြစ်ကြောင်းသိရပြီး ယာဉ်များတွင် ငွေပုံးများထားရှိခြင်း၊ ယာဉ်နောက်လိုက်မပါဘဲ ပြေးဆွဲစေခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သို့သော် အချို့သော YBS ယာဉ်လိုင်းများတွင် သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့် ကိုက်ညီမှုမရှိသေးကြောင်းသိရပြီး အဆိုပါယာဉ်လိုင်းများကို အရေးယူဆောင်ရွက်ပေးရန် လိုလားလျက်ရှိကြောင်း ရန်ကုန်မြို့နေသူများထံမှ သိရသည်။

Most Read

Most Recent